ဒီနှစ်မွေးနေ့မှာ Fanတွေနဲ့ မတွေ့ရလို့ စိတ်မကောင်းဖြစ်နေတဲ့ သင်ဇာဝင့်ကျော်
ရုပ်ရှင်သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော် တစ်ယောက် ဒီနေ့ (ဒီဇင်ဘာ 4 ရက်) မှာ အသက် ၃ဝ ပြည့် မွေးနေ့ ကျရောက်လာပြီ ဖြစ်ပါတယ်။
Facebook အသုံးပြုမှု ခေတ်မစားခင်တည်းက လူစိတ်ဝင်စားခြင်း ခံခဲ့ရသလို ယခုလည်း ဖေ့စ်ဘွတ်မှာ လူစိတ်ဝင်စားမှု မြင့်တက်နေဆဲ မင်းသမီးတစ်ဦး ဖြစ်တဲ့ သင်ဇာဝင့်ကျော်က ဘာပဲဖြစ်ဖြစ် အောင်မြင်တဲ့ မင်းသမီးတစ်ဦးလို့ ဆိုရမှာပါ။
သင်ဇာက သူမရဲ့ ၂၆ ၂၇ စတဲ့ မွေးနေ့တွေမှာ နာရေးကူညီမှု အသင်းလို ပရဟိတ အသင်းတွေမှာ သက်စေ့ အလှူငွေတွေ လှူဒါန်းခဲ့တာ ကိုလည်း တွေ့ရှိခဲ့ရပါတယ်။
ဒီနှစ်မှာတော့ မွေးနေ့ရှင် သင်ဇာတစ်ယောက် နေမကောင်း ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို မနေ့က သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။
source thinzar wint kyaw's fb
Post a Comment