Header Ads

ပရိသတ်နဲ့ ဒိုင်တွေကို ဆေးထိုးခဲ့တဲ့ The Voice Myanmar (ရုပ်သံ)


The Voice Myanmar ကတော့ လက်တလောမှာ မြန်မာ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ အဆိုပြိုင်ပွဲ တစ်ခုပါ။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း MRTV 4 ကနေ ထုတ်လွှင့်ပြသ လျက်ရှိပြီး အခုဆိုရင်တော့ The Voice Myanmar ရဲ့ Blind Auditions Episode 5 အထိ ရောက်ရှိနေပါပြီ။


ဒီပြိုင်ပွဲမှာတော့ ဒိုင်အဖြစ် အဆိုတော် နီနီ ခင်ဇော် ၊လင်းလင်း၊ ကျားပေါက်နဲ့ ရန်ရန်ချမ်း တို့က ပါဝင်ထားပါတယ်။ မတ် (၁၈) ရက်နေ့က ပြသခဲ့တဲ့ Blind Auditions Episode 5 မှာတော့ ဒိုင်တွေရော၊ ပရိသတ်တွေပါ မျက်စိ လည် သွား ခဲ့ရပါတယ်။ ခေတ်စကားနဲ့ဆိုရင်တော့ ဆေးအကြီးကြီး အထိုးခံလိုက်ရပါတယ်။ ပြိုင်ပွဲဝင်တွေက ပုံမှန်ည တွေ ကလိုပဲ သီချင်းတွေ သီဆိုယှဉ်ပြိုင်နေစဉ်မှာပဲ ထူးခြားတဲ့ စတိုင်လ် ပုံစံမျိုး ၀တ်ဆင်ထားတဲ့ ပြိုင်ပွဲဝင် တစ်ယောက်ေ ရာက်လာခဲ့ပါတယ်။



အစမှာပဲ ရန်ရန်ချမ်းက “ စက်ရုပ် တက်လာတာလား ” လို့ မေးခဲ့ပါတယ်။ အဲ့ဒီ ထူးခြား တဲ့ ပြိုင်ပွဲဝင် ကတော့ Rock အပြင်းစား အသံနဲ့ “Everytime It Rains” သီချင်းကို သီဆိုခဲ့ပါတယ်။ ကျားပေါက်ကတော့ ” မောင်မောင်အေးကြီးလား မသိဘူး ” ဆိုပြီး အစတည်းက ပြောခဲ့ပေမယ့် နီနီကတော့ မဟုတ်လောက်ပါဘူးဆိုပြီး ပြောခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကိုကျားပေါက် ပြောခဲ့တဲ့ စကားက မှန်ခဲ့ပါတယ်။



ဒိုင် (၃) ယောက်လုံး လှည့်ကြည့်ပြီး လင်းလင်းကို အတင်း လှည့်ကြည့်ဖို့ ပြောပေမယ့် လင်းလင်းကတော့ မောင်မောင်အေး ဆိုတာ လုံးဝ မရိပ်မိခဲ့ပဲ အဆုံး ထိ လှည့်မကြည့်ပဲ တောင့်ခံခဲ့ပါတယ်။ မောင်မောင်အေး အသံ ဆိုတာ လုံးဝ မရိပ်မိခဲ့ဘူး လို့ လင်းလင်းက ပြောခဲ့ပါတယ် ။မောင်မောင်အေးရဲ့ သီချင်းဆိုတဲ့ skill ကိုတော့ ပရိသတ်တွေလည်း မျက်ဝါးထင်ထင် မြင်တွေ့ နားဆင်ခဲ့ရပြီး အွန် လိုင်းပေါ်မှာ ချီးကျူး သံတွေ အများကြီး ထွက်ပေါ်ခဲ့တာကို တွေ့ရပါတယ်။

ရုပ်သံကြည့်ရန် >>


from The Voice Myanmar

No comments

Powered by Blogger.