သိန်း 8000 တန် စိန်ထည်ဝတ်စုံနဲ့ မင်္ဂလာဆောင်တဲ့ သတို့သမီးလေး
ဒီ သတို့သမီးလေးက စိန်ထည်တွေ သိန်း ၈၀၀၀ ဝန်းကျင် အသုံးပြုထားတဲ့ ဝတ်စုံ ဝတ်သတဲ့...
ကျွန်မတို့တော့ အဲဒီလို ကြားသိရချိန် သူ့ရဲ့ အတိတ်ကံကို တွေးမိတယ်... တချို့က ကျတော့ ဘာတွေ ဝတ်ဝတ် အိမ်ထောင်ရေး ကံကောင်းဖို့ အဓိက ဘာညာနဲ့ တချို့ကလည်း တို့တော့ ဒီလို ဝတ်မယ့်အစား မရှိတဲ့ ဆင်းရဲသားတွေ လှူ လိုက်မယ် ဘာညာနဲ့... ကိုယ်သန်ရာ ကိုယ် ပြောကြတာပါပဲလေ...
သူ့လို ဝတ်ချင်တာ မဝတ်ချင်တာထား... အားကျတာ အားမကျတာထား… သူတို့ အိမ်ထောင်ရေး ကံကောင်းတာ မကောင်းတာထား… ကျွန်မတို့ ရှုမြင်လိုက်ရမှာက သူ့ရဲ့ အတိတ်ကံ သာမန်အချိန်မှာ သိပ်မသိသာပေမယ့် ဒီအချိန်မှာ အရမ်းသိသာသွားခဲ့တာက..
အရင်ဘဝက ဒါနအား ကောင်းခဲ့လို့ ပါပဲ... သီလအားလည်း ကောင်းပုံပဲ... ကျန်းမာရွှင်လန်းနေလို့ လေ.... ဘာဝနာအားလည်း ဖြည့်ခဲ့ပုံပဲ.. ဉာဏ်ရည်ထက်မြက်တဲ့ ဆရာဝန်မလေး ဖြစ်နေလို့ပေါ့.... ဒါ အမြင်တစ်ကွက်မှာ ကျွန်မတို့ ဆင်ခြင်သိမြင် လိုက်ရမယ့် အချက်ပါပဲ....
မြန်မာပြည်က မိန်းကလေးတွေ အားလုံး တင့်တယ်လှပတဲ့ သတို့သမီးလေးများ အဖြစ် မြင်ရရင် သိပ်ကောင်းမှာပဲ လို့လည်း တွေးမိပါတယ်....
ရွှေနှင့် စိန်ဆင့် ဂုဏ်ရည်တင့်လို့
လှပကျက်သရေ မြန်မာလေ
ရှေးစဉ်ဆက်လည်း ရှိခဲ့ပေ
ရှိအောင်လည်း ကြိုးစားလေ
ဒါန သီလ ဘာဝနာ စုံပါစေ.....
credit to sweswe win
Post a Comment