Header Ads

မိန်းကလေးတွေရဲ့ စိတ်ကောက်ခြင်း အနုပညာ


မိန်းကလေး ဆိုတာလေ ထစ်ကနဲ့ရှိ စိတ်လေးတော့ ကောက်လိုက်ရမှ။ 😁😁

ထမင်းစားပြီးလည်း ကောက်တယ် ထမင်းမစားခင်လည်း ကောက်တယ်။ ထမင်းစားပြီးမှ စိတ်ကောက်ပါ လို့ အညွှန်းပါတာ မြင်ဖူးလို့လား။ 😁😁

သေးသေးလေးလဲ ကောက်တယ်။ အကြီးကြီးလဲ ကောက်တာပဲ။ သေးမှ ကောက်ပါ ကြီးမှ ကောက်ပါ လို့ ဆိုရိုး စကားတွေမှ မရှိတာ။ 😁😁

ဒီနေ့လည်း ကောက်တယ်။ မနေ့ကလည်း ကောက်တယ်။ နောက်နေ့လည်း ကောက်ဦးမှာ။ စိတ်ကောက်တာပဲ ရက်ရာဇာ ပြဿဒါး ရွေးစရာ မလိုဖူးလေ။ 😁😁

အကြောင်းရှိလည်း ကောက်တယ်။ အကြောင်း မရှိလည်း ကောက်တယ်။ ကောက်ချင်လို့ကို ကောက်တာ ဘာဖြစ်ဒုန်း။ 😁😁

ဘယ်လိုပဲ ကောက်ကောက် ချော့ရမှာ ရှင်တို့ ယောက်ျားတွေ တာဝန်။ ဂဂျီဂဂျောင်တော့ လာမလုပ်နဲ့။ ဟိုအရင်က ဟာတွေပါ ပြန်ကောက်ပလတ်ရ ဟွန်းးးးးးးး။ 😂😂

ပလုံပလန်

No comments

Powered by Blogger.