မိန်းမတယောက်ကြောင့် ဒဒေါင်းဇား ဘ၀ကနေ ကုမ္မဏီ ဥက္ကဌ ဖြစ်လာသူ (Knowledge)
တခါတုန်းက ဒဒေါင်းဇား တယောက် ရှိတယ် ။ သူ့မှာ ဘယ်ဖက်လက် တခုလုံး မရှိတော့ဘူး ။ ကြည့်လိုက်ရင် တော်တော်လေးကို သနားစရာ ကောင်းပြီး လူတော်တော်များများ ကလည်း သူ့ကို စွန့်ကြဲ ပေးကမ်းလေ့ ရှိတယ် ။
တနေ့မှာ သူဟာ အိမ်တအိမ်ဆီကို ရောက်လာပြီး တောင်းရမ်းတယ် ။ အဲ့ဒီအိမ် အိမ်ရှင်မ က ငွေလိုချင်ရင် အိမ်ရှေ့က အုတ်ခဲတွေကို အိမ်နောက်ဖေးကို အရင်ပြောင်းပေးဖို့ သူ့ကို ပြောလိုက်တယ် ။ ဒဒေါင်းဇားက စိတ်တိုပြီး အိမ်ရှင်မကို
" ကျနော် လက်တဖက် ပြတ်နေတာကို မြင်ရဲ့သားနဲ့ ခင်များ ကျနော့ကို ဒီလို လုပ်ခိုင်းနေတာ နောက်နေတာလား " လို့ ပြန်ပြော လိုက်တယ် ။
ထင်မှတ် မထားတာက အဲ့ဒီ မိန်းမ ဟာ အုတ်ပုံရှေ့မှာ ထိုင်ချ လိုက်ပြီး လက်တဖက်ထဲ နဲ့ အုတ်ခဲ တခဲ ကို မ ယူကာ အိမ်နောက်ဖေးကို သွားပို့ပြီး အိမ်ရှေ့ ပြန်လာခဲ့တယ် ။ ပြီးတော့မှ အိမ်ရှင်မက ဒဒေါင်းဇား ကို
" ငါတောင် လက်တဖက်ထဲ နဲ့ ဒီအုတ်ခဲကို မ နိုင်တာ နင်လက်တဖက်ထဲ နဲ့ မ မ နိုင် ဘူးလား " လို့ ပြန်ပြောလိုက်တယ် ။
အဲ့ဒီမှာ ဒဒေါင်းဇား ကလည်း ဘာမှ ပြန်ပြောစရာ မရှိတော့လည်း ခေါင်းကို ငုံ့ပြီး အုတ်ခဲတွေကို လက်တဖက်တည်းနဲ့ ဖြည်းဖြည်းချင်း ရွှေ့ပေးလိုက်တယ် ။ နှစ်နာရီ လောက် လုပ်ပြီး တော့ အုတ်ခဲတွေ သယ်လို့ပြီး သွားတယ် ။ ဒဒေါင်းဇား လည်း ချွေးတွေ ရွှဲလို့ပေါ့ ။
အိမ်ရှင်မဟာ ချွေးတွေ သုတ်ဖို့ သူ့ကို ပုဝါ အဖြူတစ်ထည် ပေးလိုက်တယ် ။ ဒဒေါင်းဇားဟာ သူ့ရဲ့ မျက်နှာနဲ့ လည်ပင်းတွေကို သုတ်လိုက်တော့ ပုဝါ အဖြူ ဟာ အမည်းရောင် ပြောင်းသွားတယ်လေ ။
နောက်တော့ အိမ်ရှင်မဟာ သူ့ကို ငွေ ၂၀၀၀ ပေးလိုက်တယ် ။ သူတောင်းစားက အိမ်ရှင်မ ကို ကျေးဇူး တင်ကြောင်း အကြိမ်ကြိမ် ပြန်ပြော လိုက်တယ် ။
အိမ်ရှင်မက " ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး ဒါဟာ မင်းရဲ့ချွေးနဲ့ သွေးနဲ့ကြိုးစားပီးမှ ရလာခဲ့တဲ့ လုပ်အားခပါ " လို့ ပြောတယ် ။
အဲ့ဒီအချိန် ဒဒေါင်းဇားဟာ သူ့ခေါင်းထဲကို အတွေးတခု ဝင်လာပြီးနောက် " ကျနော် ခင်ဗျားကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးဗျာ ... ဒါပေမယ့် ကျနော် တခုလောက် တောင်းဆိုပါရစေ ဒီ ပုဝါလေးကို ကျနော့် အတွက် အမှတ်တရလေး ဖြစ်အောင် ပေးနိုင်မလား ခင်ဗျာ "
အိမ်ရှင်မက " ရပါတယ် ယူသွားပါ " လို့ ပြောလိုက်တော့ ဒဒေါင်းဇား ခမျာ ပုဝါလေးကိုကြည့်ပြီး ဝမ်းသာပီတိ ဖြစ်နေရှာတယ် ။
နှစ်များစွာ ကြာပြီး နောက်မှာ အဲဒီ ဒဒေါင်းဇားဟာ အ၀တ်အစား သပ်သပ် ရပ်ရပ် နဲ့ တချိန်က သူအုတ်ခဲ သယ်ရွေ့ပေးခဲ့ ရတဲ့ အဲဒီ အိမ်ရှေ့ကို ပြန်ရောက်လာ ခဲ့ပါတယ် ။ အသက် ကြီးနေပြီ ဖြစ်တဲ့ အိမ်ရှင်မကြီးကို မြင်တော့ သူက
" ကျနော် အရင်တုန်းက ဒဒေါင်းဇား ပါ ... အခုတော့ ကုမ္ပ္ပဏီ တခုရဲ့ ဥက္ကဌ ဖြစ်နေပါပြီ ... ခင်ဗျားဟာ ကျနော့ရဲ့ ပျောက်ဆုံးနေတဲ့ ဂုဏ်သိက္ခာကို ပြန်ရှာပေးခဲ့သူပါ ... ကျနော့ရဲ့ ယုံကြည်မှု ကို ပြန်လည် တည်ဆောက်ပေးခဲ့သူပါ ... ခင်ဗျားသာ မရှိရင် ကျနော်ဟာ လေလွင့်နေဦးမှာ အမှန်ပါဘဲ " လို့ ရင်ထဲက လှိုက်လှိုက် လှဲလှဲ အသံလေးနဲ့ ပြောလိုက်မိတယ် ။
အိမ်ရှင်မက " ဒါတွေ အားလုံးဟာ မင်းကိုယ်တိုင် တည်ဆောက်ခဲ့တာတွေ ပါဘဲ ... မင်းဘဝကို မင်းကိုယ်တိုင် တန်ဖိုးရှိရှိနဲ့ ရပ်တည်နိုင်ခဲ့လို့ အခုလို အခြေအနေ ဖြစ်လာတာပါ " လို့ ပြောတယ် ။
အဲ့ဒီနောက် လက်တဖက်ပြတ်နေတဲ့ ကုမ္ပ္ပဏီ ဥက္ကဌ ဟာ အိမ်ရှင်မကြီးကို အိမ်တလုံး လက်ဆောင်ပေးဖို့ ပြောတယ် ။ အိမ်ရှင်မကြီးက လက်မခံဘဲ ငြင်းပယ်လိုက် ပါတယ် ။ ဥက္ကဌကြီးက ဘာလို့ ငြင်း လိုက်တယ်ဆိုတာကို နားမလည် နိုင်ဘူး ။
အိမ်ရှင်မက ရယ်ပြီး ပြောလိုက်တယ် " ငါတို့ မိသားစု အားလုံးဟာ လက်တစုံဆီ ရှိကြတယ်လေ ... ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင် ရပ်တည်ပြီး ဘဝတခုကို အဓိပ္ပာယ် ရှိရှိ တည်ဆောက်လို့ ရပါတယ် ...
လူဆိုတာဟာ တန်ဖိုးရှိရှိ ရှင်သန်ဖို့ အရေးကြီးတယ် ... ကိုယ့်ကိုယ်ကို လေးစားသလို ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ကိုယ်နဲ့ သိတဲ့ လူတွေကိုလည်း ဂုဏ်သိက္ခာ တက်လာအောင် လုပ်ပေးဖို့ လိုတယ် ... မသိတဲ့ လူတွေကိုလည်း လေးစားဖို့ လိုတယ် ...
ကိုယ်ကိုယ်တိုင်ကလည်း တပါးသူကို လေးစား တန်ဖိုးထားမှ တစ်ပါးသူကလည်း ကိုယ့်ကိုယ် ပြန်၍ တန်ဖိုးထား လေးစား လာမယ် ... ကိုယ့်ဘက်ကတော့ မပေးဆပ်ဘဲ သူတပါး ဆီက အရင်ရဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး ... ကိုယ့်ရဲ့ အလုပ်ကနေ ပျော်ရွှင်ခြင်း ဆိုတာကို ဖော်ထုတ်နိုင်မှလည်း ကိုယ့်ရဲ့ ဘ၀ဟာ တန်ဖိုးရှိလာမှာ ဖြစ်ပါတယ် ။
ကိုယ်ကြိုက်နှစ်သက်တဲ့ အလုပ်ကို လုပ်တယ် ။ ငွေကြေးရရှိမှုက တခြားသူတွေလောက် မများပေမဲ့ ပိုက်ဆံ ချမ်းသာပြီး ၀ိဥာဉ် ကင်းမဲ့နေတဲ့သူတွေထက် စာရင် ဘဝတခုကို ရှင်သန်ရတာဟာ ပေါ့ပေါ့ ပါးပါးလေး နဲ့ အသက်ရှုပြီး တန်ဖိုးရှိ ပါလိမ့်မယ် "
Credit
Post a Comment