Header Ads

ဆရာကျော်ဆန်းလွင်ရဲ့ တပတ်စာ ဟောစာတမ်း (June 10 ရက်မှ June 16 ရက်ထိ)


တနင်္ဂနွေ သားသမီးများ

မိသားစု၊ အလုပ်အကိုင်၌ အတွင်းရန် ပေါ်ပီး စိတ်ဆိုးရမည်။ အထူးသဖြင့် ကြီးကဲသူများကြောင့် စိတ်ညစ်ရခြင်း ဖြစ်သည်။ အမျိုးသားများတွင် ပိုညံ့ပါသည်။ ပြဿနာ ဘေးရန်များသောကြောင့် အစစ သတိထား လုပ်ကိုင်ပါ။ အလုပ်အကိုင်တွင် မိမိ တာဝန် မဟုတ်သော အလုပ်များကို မလုပ်ချင်ပဲ လုပ်နေရမည်။ ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် စိတ်တက်ကြွ လှုပ်ရှားနေမည်။ အခက်အခဲရှိပါက နတ်မြတ်နတ်ကောင်း များကို တိုင်တည် သစ္စာပြု အကူအညီတောင်းလျှင် ထူးထူးခြားခြား အဆင်ပြေလာသည်ကို တွေ့ရမည်။ ပညာရေးတွင် သောကရှိမည်၊ စာမေ့စာကျန်ဖြစ်မည်။ သားသမီး စိတ်/ရုပ် နေမကောင်းလျှင် အထူး ဂရုစိုက်ပါ။ အိမ်ထောင်ရေး၊ အချစ်ရေး ကိစ္စများတွင် စိတ်တိုင်းမကျစေကာမူ အကျိုးရှိ အဆင်ပြေနေပါသည်။

ယတြာ။ ။ ရဟန်း သံဃာအား ဒိန်ချဉ်လှူပါ။ မိမိလဲ သတ္တဝါအများအား မေတ္တာပို့၍ ဒိန်ချဉ်သောက်ပါ။ အရေးကြီးကိစ္စရှိပါက ကလေးသူငယ်များ/ ဆင်းရဲသူများကို အာလူးကြော်ကျွေးလိုက်ပါ။

တနလာၤ သားသမီးမ်ား

အလုပ်အကိုင် ဝန်ပိနေစေကာမူ ထိရောက် အောင်မြင်စွာ လုပ်ဆောင်နိုင်မည်။ ပညာတတ် ပုဂ္ဂိုလ် တို့၏ လမ်းညွှန်ချက်နှင့် လုပ်ဆောင်ရလျှင် အဆင်ပြေသော်လဲ မိမိ တစ်ဦးတည်း အရေးကြီးကိစ္စများကို အလျှင်စလို ဆုံးဖြတ်ခြင်း မပြုရ။ ဆုံးဖြတ်ချက်မှား အံချော်နေလိမ့်မည်။ မိတ်ဆွေတို့၏ အကူအညီကိုတော့ ရရှိမည်။ ပညာရေးတွင် မိမိ မိုက်ပြစ်ကြောင့် လစ်ဟင်းရတတ်သလို ဆရာသမားနှင့် အာဘော်မမိ ဖြစ်နေဦးမည်။ ကျန်းမာရေး အထူးဂရုပြုရမည့် ကာလ ဖြစ်ပါသည်။ အရေးကြီးကိစ္စများရှိလျှင် နတ်မြတ်နတ်ကောင်းများကို မေတ္တာပို့ အကူအညီတောင်းခံပါ။ အိမ်ထောင်ရေးတွင် စကားများစွာ ပြောဆို ညှိနှိုင်းနေရမည်။ အချစ်ရေး ကတော့ စိတ်ဆိုးရတတ်ပါသည်။

ယတြာ။ ။ ဆင်းရဲနွမ်းပါး ဒုက္ခိတအား ငွေကြေးစွန့်ကြဲပါ။ အရေးကြီးကိစ္စ ရှိပါက ရဟန်း သံဃာအား နို့မှုန့် လှူဒါန်းပါ။

အင်္ဂါ သားသမီးများ

တာဝန်ယူစရာ များပြားပြီး စိတ်သောက ရောက်ရသော်လဲ မိမိလုပ်ဆောင်ချက်များ အောင်မြင်ကာ ကံအကောင်းထဲတွင် ရှိပါမည်။ လုပ်ငန်းတိုးတက် ဖြစ်ထွန်းသော်လဲ အကျိုးအမြတ်ငွေ ကောင်းစွာ မရနိုင်သေးပါ။ ကြီးကဲသူ ဆရာသမားများ၏ ကူညီမစခြင်းခံရမည်။ မိမိ စကားအပြောဆို မှားသွားတတ်၏၊ ဆင်ခြင်ပါ။ ပညာရေးတွင် အခက်အခဲများကြားမှ အောင်မြင်မည်။ မိတ်ဆွေတို့၏ အကူအညီကို အားထား၍ မရသေးပါ။ မိခင်ဖြစ်သူနှင့် သဘောထားကွဲလွဲ ငြင်းခုန်ရတတ်သည်။ ခင်ပွန်းဖြစ်သူ၏ အကျိုးကျေးဇူးကို ခံစားရမည်။ ဇနီးဖြစ်သူ ကျန်းမာရေး ညံ့တတ်ပါသည်၊ ဂရုစိုက်ကြင်နာပါ။ အချစ်ရေးတွင်တော့ ကံကောင်းသည့် ရက်သတ္တပတ် မဟုတ်သေးပေ။

ယတြာ။ ။ ဆင်းရဲသား ဒုက္ခိတအား သစ်သီး တမျိုးမျိုး စွန့်ကြဲပါ။ အရေးကြီးကိစ္စ ရှိလျှင် ငါးလွှတ်ပါ။

ဗုဒ္ဓဟူး သားသမီးများ

မိမိကံ အလွန်အားနည်း နေပါသဖြင့် အစစ သတိထား လုပ်ကိုင်ပါ။ မိမိ မထင်မှတ်ထားသော ဖြစ်ရပ်များ ရုတ်တရက် အံ့သြစရာ ခဏခဏ ဖြစ်ပေါ်မည်။ အလုပ်ထဲတွင် အတိုက်အခံရန်ပေါ်မည်။ မကုန်သင့်ဘဲလဲ ငွေကုန်မည့် ကာလ ဖြစ်ပါသည်။ ကြီးကဲသူတို့ကြောင့် စိတ်ဖိစီးမည်၊ ငယ်သူတို့နှင့် ပို၍ အကျိုးပေးပါမည်။ ပညာရေး သင်ကြားရ ကံတော့ ကောင်းနေပါသည်၊ မိမိကသာ စိတ်ပူနေခြင်း ဖြစ်မည်။ အပူအစပ် လျော့စားပါ။ စက်ပစ္စည်း ဝင်သော် အကျိုးရှိလိမ့်မည်။ ခရီးစဉ် ကောင်းများ သွားရသော် ကံကောင်းလာပါလိမ့်မည်။ သားသမီးက ထင်ရာ လုပ်နေမည်။ အိမ်ထောင်ရေး ကံ အကျိုးပေးပါသည်။ အချစ်ရေး မတည်မငြိမ် ဖြစ်နေလိမ့်မည်။ နာရေး သွားလျှင် ရလာသော အလှူပစ္စည်းများကို တခြားတနေရာရာသို့ ပြန်လှူလိုက်ပါ။

ယတြာ။ ။ ရဟန်းသံဃာ ကို ဆေးလှူပါ။ အရေးကြီး ကိစ္စရှိလျှင် ဆွမ်းခံ၍ ရွှံ့ပေနေသော ဘုန်းကြီးခြေထောက်ကို ရေသပ္ပာယ်ပါ။

ရာဟု သားသမီးများ

မိမိကံ အကောင်းထဲတွင် ရပ်တည်နေသဖြင့် အလုပ်အကိုင်များလည်း အဆင်ပြေကာ ပျော်ရွှင်တက်ကြွမှုကို ခံစားရလိမ့်မည်။ အချစ်ရေးတွင် မသမာသော သူများ၊ ဒုက္ခပေးမည့်သူများက မိမိကို ချဉ်းကပ်လာမည်။ ပညာရေးတွင် မိမိ မျှော်လင့်ထားသည်ထက် ပိုအဆင်ပြေ နေပါလိမ့်မည်။ မိတ်ဆွေတို့၏ အကူအညီကို အရေးတကြီး လိုလျှင် တကြိမ်ထက်မက ပြောဆို အကူအညီ တောင်းပြီးမှ အဆင်ပြေမည်။ ခရီးဝေးသွားလျှင် ဥပါဒ်မရှိသော်လဲ ခရီးပမ်းမှုဒဏ်နှင့် သွားလာစဉ်တွင် အဆင်မပြေမှုများ ကြုံရတတ်သည်။ အဒေါ်များနှင့် အဆင်မပြေ ဖြစ်ရတတ်သော်လဲ လူကြီးမိဘများက အကျိုးပြုလိမ့်မည်။ အိမ်ထောင်ရေးတွင် ဇနီးဖြစ်သူနှင့် ဘဘောထားကွဲလွဲ ရန်ပေါ်တတ်ပြီး ခင်ပွန်းဖြစ်သူက သူတပါးစကား နားယောင်နေသောကြောင့် စိတ်သောက ရောက်ရတတ်သည်။ ကျန်းမာရေးတွင် အမျိုးသမီးဆိုင်ရာ ရောဂါဖြစ်တတ်ပါသည်။

ယတြာ။ ။ ဘုရားတွင် ရွှေသင်္ကန်းအလှူငွေထည့် ဝင်ပါ။ အရေးကြီးကိစ္စ ရှိလျှင် နေထိုင်မကောင်းသူ ဒုက္ခိတ လူမမာကို သစ်သီးတမျိုးမျိုး လှူဒါန်းပါ။

ကြာသပတေး သားသမီးများ

မိမိက ရင်းနှီးသူများ၏ အပြစ်ကို မြင်၍ စိတ်ဆိုး ရတတ်သည်။ အလုပ်ကိစ္စကို စိတ်မဝင်စား ဖြစ်နေမည်။ မလိုအပ်ပဲ ငွေကုန်ကြေးကြများမည်။ မိတ်ဆွေများနှင့် ဝေးနေရဦးမည်။ နတ်မြတ်နတ်ကောင်း၊ ဆရာကောင်းသမားကောင်းများ၏ မစခြင်း ခံရမည်။ အပူအစပ် အငံများ လျော့စားပါ၊ ခေါင်းမူး မျက်စိနာ ဗိုက်အောင့် ဖြစ်ကိန်းရှိပါသည်။ ငါးစားလျှင် အရိုးအထူး သတိထားရမည်။ ပညာရေးသင့်ပါသည်။ သို့သော် တခုခု ပြောင်းလို ရွှေ့လိုနေတတ်ပါသည်။ အိမ်ထောင်ရေး သင့်ပါသည်၊ ခင်ပွန်းဖြစ်သူကြောင့် စိတ်ချမ်းသာ ရမည်။ အချစ်ရေးကံ အားနဲ့သဖြင့် ခိုက်ရန်သောက ရှိနေပေလိမ့်ဦးမည်။

ယတြာ။ ။ အိတ်အပျက် အဟောင်း၊ အဆောင် အပျက်အဟောင်းများ လွှင့်ပစ်ပါ။ ငွေ ၂၀၀ ခန့် ပံ့သကူ ပစ်ပါ။ အရေးကြီးကိစ္စ ရှိလျှင် သီလရှင်ကို နို့ဆီ လှူဒါန်းပါ။

သောကြာ သားသမီးများ

ယခုရက် သတ္တပတ်တွင် ဘာသာရေးကိစ္စများ လုပ်ဆောင်ခြင်းဖြင့် စိတ်ရွှင်လန်း ကံကောင်းလာသည် ကို တွေရမည်။ သားသမီး မိမိစကား နားမထောင် နေမကောင်း ဖြစ်တတ်ပါသည်။ ပညာရေးတွင် လောဘကြီးနေမည်။ နာရီမှအပ စက်ပစ္စည်း သို့မဟုတ် ဆေးပစ္စည်း ဝင်သော် အကျိုးပေးလိမ့်မည်။ အလုပ်ကံ ပုံမှန်ငြိမ်နေမည်။ ငွေကြေး မမြဲသော်လဲ စိတ်ချမ်းသာ ရနေမည်။ ပယောဂ အနှောက် ဝင်တတ်ပါသည်။ ဝင်သော် အိမ်တွင်းရေး ပြဿနာ၊ နှလုံးပြဿနာ ကြုံလိမ့်မည်။ အိမ်ထောင်ရေး အချစ်ရေး ကိစ္စများ အဆင်ပြေပါမည်။

ယတြာ။ ။ ထီးဖိနပ် ယပ်တောင် အစုတ်အဟောင်းများ ရှိက လွှင့်ပစ်ပါ။ အရေးကြီး ကိစ္စ ရှိလျှင် စေတီ တဆူဆူတွင် စံပယ်ပန်း တင်လှူပါ။

စနေ သားသမီးများ

သြဇာ တက်ခြင်း၊ ကံကောင်းခြင်းများ ကြုံတွေ့လိမ့်မည်။ အလုပ်အကိုင် အစီးအပွါး တိုးတက် အဆင်ပြေ လိမ့်မည်။ စက်ပစ္စည်းများ ချို့ယွင်း ပျက်စီးတတ်ပါသည်။ အသိပညာ အတတ်ပညာများ တိုးတက်ရာ တိုးတက်ခွင့်ကြုံလိမ့်မည်။ အစာမကြေ လေထိုးလေအောင့် ကိန်းရှိသဖြင့် ဆင်ခြင်ပါ။ မိတ်ဆွေများက မိမိကို အထင်လွဲ စွပ်စွဲကိန်းရှိ၏။ စန်းပွင့် နေလိမ့်မည်။ ဇနီးသည် နှင့် အဆင်မပြေ ခွဲခွါနေရကိန်း ရှိသလို ခင်ပွန်းဖြစ်သူ နှင့် ရန်ဖြစ်ရတတ်သည်။ သားသမီးများကလဲ မိမိကို အပြစ်မြင်နိုင်ပါသည်။ ထို့ကြောင့် အိမ်တွင်းရေး စိတ်ဒုက္ခမှအပ ကျန်တာ ကောင်းနေသည်ဟု ဆိုရမည်။ သတိပြုရန်မှာ စက်ပစ္စည်းဝယ်ယူရခြင်းနှင့် ပတ်သက်သော လုပ်ငန်းဆိုလျှင်တော့ အပြစ် အနာအဆာ ပါခြင်း၊ အကျိုးပေး မသန်သေးခြင်းတို့ ကြုံရပါလိမ့်မည်။

ယတြာ။ ။ နေထိုင်မကောင်းသောသူ ဒုက္ခိတ တောင်းစားသူ ကို ဆေးပစ္စည်းလှူဒါန်းပါ။ အိမ်၌ သံတိုသံစ သစ်တိုသစ်စ စွန့်ပစ်ပါ။ အရေးကြီး ကိစ္စရှိလျှင် သီလရှင်/ရဟန်းသံဃာကို ထောပတ်နှင့် ဆက်စပ်သော စားစရာ လှူဒါန်းပါ။

ဒီအပတ်တွင်တော့ လူသားတိုင်း လိုလို၌ စိတ်ညစ်စရာ အနိဋ္ဌာရုံများ ပိုမို ကြုံတွေ့ရမည်ကို စိတ်မကောင်းဖွယ် တွေ့ရှိရပါသည်။ စိတ်ရှည်သည်းခံရင်း အောင်မြင်မှုဆီ လှမ်းချီနိုင်ကြရပါမည်။

ဉာဏ်စွမ်း ဝီရိယစွမ်း တို့ဖြင့် အစစ အဆင်ပြေ တိုးတက်ကြပါစေ...

ဆရာ ကျော်ဆန်းလွင်

No comments

Powered by Blogger.