ကိုယ်တိုင်သစ္စာမရှိပဲ သူများဆီက သစ္စာတရားကို မမျော်ပါနဲ့
ကိုယ် ကိုယ်တိုင်က သစ္စာမရှိပဲ.. သူ့ဆီက သစ္စာတရားကို မမျှော်လင့်ပါနဲ့
ကိုယ် ကိုယ်တိုင်က တန်ဖိုး မထားတတ်ပဲ.. သူကိုယ်ကို တန်ဖိုးထားဖို့လည်း မမျှော်လင့်ပါနဲ့
ကိုယ် ကိုယ်တိုင်က ဖြူစင်စွာ မချစ်ပဲ.. သူက ကိုယ့်ကို ဖြူစင်စွာ ချစ်ဖို့လည်း မမျှော်လင့်ပါနဲ့
ကိုယ့်ကိုယ်ကို ဆရာကြီး လို့လည်း မသတ်မှတ်ထားပါနဲ့.. ကိုယ့်ထက် ဆရာကျတဲ့ သူတွေ အများကြီး ရှိတယ်
လူတစ်ဖက်သားကို အသဲခွဲပြီး ပျော်ရွှင်မနေပါနဲ့.. လည်လွန်းတဲ့ဘီး ချေးသင့်တဲ့အခါ စာနာမှုတွေ အစား သူများ တံတွေးခွက်မှာ ပက်လက် မျောဖို့ထက် ဂျွမ်းပြန်အောင် မျောဖို့ သိပ်သေချာပါတယ်
သင့်စိတ်ဓာတ်ကို သင်ကောင်းမွန်စွာ တည်ဆောက်ပါ.. သင့်ရဲ့ စိတ်ဓာတ် အညစ်အကျေးကို သင်ကိုယ်တိုင် ကောင်းမွန်စွာ ဆေးကျော သန့်စင် လိုက်ပါ
လောကကြီးမှာ တစ်ဖက်စောင်းနင်းတဲ့ အမှုကိစ္စ ဟူသမျှဟာ ဘယ်တော့မှ မမြဲပါဘူး
သံပတ်ကုန်တဲ့ တစ်နေ့ အတိတ်က ကုသိုလ်ကံ ကုန်တဲ့တစ်နေ့ ကိုယ့် စိတ်ဓာတ်အတိုင်း တန်ပြန်လာတာကို ဝဋ် လို့ ခေါ်တယ်
ဝဋ် မလည်ချင်ရင် သူ့အပေါ် ဖြူစင်လိုက်ပါ 🌼 သူ့အပေါ် ရိုးသားစွာ ချစ်မြတ်နိုးလိုက်ပါ 💖
credit မူရင်း
Post a Comment