ဘယ်တော့မှမမုန်းသင့်တဲ့ သူ (5) မျိုး
1) ကိုယ့်ရဲ့ မိဘ
အဖေ နဲ့ အမေ ဆိုတာက ကိုယ့်ဘဝရဲ့ အရေးအကြီးဆုံးသော သူနှစ်ယောက် ဖြစ်ပါတယ် ။ ကိုယ့်ရဲ့ ကျေးဇူးရှင် မိဘတွေ ကို ဘယ်သောအခါမှ မမုန်းသင့် ပါဘူး ။ မုန်းဖို့ စိတ်ထဲတောင် မတွေးမိ ပါစေနဲ့ ။
2) ကိုယ့်အပေါ် ကောင်းတဲ့ ချစ်သူ (သို့) အိမ်ထောင်ဖက်
ကိုယ့်အပေါ် အရမ်း ကောင်းတဲ့ ချစ်သူ (သို့) အိမ်ထောင်ဘက် ကို မမုန်းမိ ပါစေနဲ့ ။ သူ ကိုယ့်အပေါ်မှာ ကောင်းတာကို ကိုယ်က ပြန်ပီး မတုန့်ပြန် နိုင်ရင်တောင် မမုန်းမိအောင်တော့ ကြိုးစားပါ ။
3) ကျေးဇူးရှင်
မိမိရဲ့ ဘဝမှာ ကျေးဇူးရှင်တွေဆိုတာ ရှိပါ လိမ့်မယ် ။ သူတို့ဟာ သင့်ဘဝအတွက် လက်ရှိ အချိန်မှာ ကောင်းချင်မှ ကောင်းမယ် ။ ဆိုးချင်လည်း ဆိုးနေလိမ့်မယ် ။ ဒါပေမယ့် သူတို့ကိုတော့ မမုန်းမိ ပါစေနဲ့ ။ ကျေးဇူးရှင်ကို ကျေးဇူး မဆပ်ချင်လည်း ရပါတယ်။ ဘာမှမဖြစ်ပါဘူး ။ ကျေးဇူး မကန်းမိအောင်တော့ ဂရုစိုက်ပါ။
4) ကိုယ့်ကို ချစ်ခင်တဲ့ သူတွေ
မိမိကိုယ် ချစ်ခင်နေသော သူတွေ ပတ်ဝန်းကျင်မှာ ရှိပါလိမ့်မယ်။ ကိုယ့်အပေါ်မှာ ဘာအမှားမှ မလုပ်ဘဲ သူတို့ကို အလိုလို စိတ်ကနေ မုန်းတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။
5) စိတ်ထား မြင့်မြတ်တဲ့ သက်ကြီးသူတွေ
စိတ်ထား မြင့်မြတ်တဲ့ သက်ကြီး ရွယ်ကြီးတွေကို ရိုသေ လေးစားမှု မရှိရင်တောင် မိုက်ရိုင်း မုန်းတီးတဲ့ စိတ်မျိုးကို စိတ်ကနေ ဖယ်ရှား ပေးပါ ။ ကြည့်မရ ၊ မလို မုန်းတီးတာတွေတော့ မဖြစ်ပါ စေနဲ့ ။
ပစ်တိုင်းထောင်
Post a Comment