💘 အချစ်အမျိုးအစား (4) မျိုး 👫
💓💓💓💓💓💓💓💓💑
အချစ်အမျိုးအစား လေးမျိုး ရှိပါတယ်…
1. Ego Love
2. One-sided Love
3. Blind Love
4. True Love
1. Ego Love 💘
ဒီအမျိုးအစား ကတော့ အတ္တဆန်တဲ့ အချစ်မျိုးလို့  ပြောလို့ ရပါတယ်။ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်း လို့ သတ်မှတ်ထားတဲ့ သူတွေပေါ့။ ကိုယ်ချစ်တဲ့သူကို ကိုယ့်ဘေးမှာပဲ ခေါ်ထားချင်တယ်။ မျက်စိအောက်က အပျောက်မခံချင်ဘူး။ သ၀န်တိုနေတယ်။ ချစ်သူက ကိုယ့်ကိုပဲ
ဂရုစိုက်စေချင်တယ် ဆိုရင် အဲဒါ ego love ဖြစ်နေပါပြီ။
အဲဒီလို လူတွေက ချစ်သူကို စိတ်ဆိုးလွယ်တယ်။ သူက ငါ့ကို ငါချစ်သလောက် မချစ်ဘူးဆိုတဲ့ အတွေးမျိုး ခဏခဏ ၀င်တတ်ပါတယ်။ အမှားဆိုရင် သေးသေးလေးတောင် သည်းမခံတတ်ကြပါဘူး။ အချစ်ကြီးပြီး အမျက်ကြီးတယ် ဆိုတဲ့ လူစားမျိုးတွေလဲ ပါတယ်ပေါ့။
2. One-sided Love 💘
ဒီအမျိုးအစားက ကိုယ်ကပဲ ချစ်နေချင်တယ်။ အရာရာ ပေးဆပ်နေချင်တယ်။ အကောင်းဆုံးတွေ လုပ်ပေးချင်နေတယ်။ ဒါပေမယ့် တစ်ဖက်လူက ကိုယ် လုပ်ပေးနေတာတွေကို လိုချင်ရဲ့လား ဆိုတာ ဘယ်တော့မှ မစဉ်းစားပါဘူး။
အဲဒါကြောင့် တစ်ခါတစ်ခါ တစ်ဖက်လူက စိတ်ကျဉ်း ကျပ်တာတွေ စိတ်ရှုပ်တာတွေ ခံစားရတတ်ပါတယ်။
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီ ဆိုရင်တော့ မကြာခင်မှာ ဆက်ဆံရေးက အက်ကြောင်း ထင်လာတတ်ပါတယ်။
3. Blind Love 💘
ဒီလို အချစ်အမျိုးအစားကို စိတ်ကစားတာလို့လဲ ခေါ်နိုင်ပါတယ်။ အချစ်မှာ မျက်စိမရှိဘူးလို့ ပြောနေကြတဲ့ သူတွေပေါ့။ အရာရာကို ရင်ဆိုင်ရဲလာမယ်။ သူ့အတွက်နဲ့ အရာရာကို စွန့်လွှတ်ရဲတဲ့ စိတ်တွေ ၀င်လာမယ်။ ဒါဆိုရင် blind love ဖြစ်နေပါပြီ။ ဖြစ်သင့် မဖြစ်သင့်
လုပ်သင့် မသင့်တွေလဲ မစဉ်းစားမိတော့ဘူးလေ။
ဒါပေမယ့် ဒီလိုအချစ်မျိုးက ကြာကြာမခံပါဘူး။ အချစ်တွေ ပျောက်သွားတဲ့အချိန်မှ ကိုယ်လုပ်မိတာ တွေအတွက် နောင်တ ရနေတတ်ပါတယ်။
4. True love 💘
နောက်ဆုံးအမျိုးအစားပါ။ မေတ္တာလို့လဲ ခေါ်နိုင်တယ်ပေါ့။ အေးချမ်းတဲ့ အချစ်လို့ ပြောလို့ရပါတယ်။ ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး။ ရယူလိုခြင်း အတွက်လဲ မပူလောင်ရတဲ့ အချစ်မျိုးပါ။ ဒီလို အချစ်မျိုးကတော့ အင်မတန်ရှားပါတယ်။
လူတစ်ယောက်ကို တစ်ခြား ဘာကိုမှမကြည့်ပဲ သူဖြစ်နေတဲ့အတွက် ချစ်နေတဲ့ အချစ်မျိုးပါ။ အသဲကွဲတယ် ဆိုတာလဲ မရှိဘူး။သူနဲ့ မပေါင်းရလဲ ဘာမှမဖြစ်ပဲ တစ်သက်လုံး စိတ်ထဲမှာထားပြီး ချစ်သွားနိုင်တဲ့ အချစ်မျိုးပါ။ အဲဒါကြောင့် တစ်ချို့က ၅၂၈ မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်။
အပေါ်မှာ ရေးခဲ့တဲ့ အချစ်လေးမျိုးမှာ Ego Love နဲ့ One-sided Love က နည်းနည်း ဆင်ပါတယ်။ တစ်ချို့က တစ်ခါတစ်လေ Blind Love ကို True Love နဲ့လည်း မှားတတ်ကြပါတယ်။ ဆင်တာကိုး မတူကတော့...
Blind Love က လွယ်လွယ်နဲ့ ပျောက်သွားတတ်ပြီး... True Love ကတော့ နှစ်တွေ ဘယ်လောက်ကြာကြာ မပျောက်သွားတတ်ပါဘူး...
အဲဒါကြောင့် ချစ်မိပြီဆိုရင် ကိုယ့်ကိုကိုယ် မှန်မှန်ကန်ကန် သုံးသပ်နိုင်ပြီး ရင်ဆိုင်ရမယ့် ပြသနာတွေကို ဖြေရှင်းနိုင်ကြပါစေ…
ဒီစာလေးကို ဖတ်ပီး ကြိုက်နှစ်သက်ရင် ဘော်ဒါတွေပါသိအောင် Share ပေးပါအုံးနော်…
credit to original


Post a Comment