Header Ads

အပျိုကြီး လုပ်ဖို့  ရည်ရွယ်ထားသူများ အတွက်


အပျိုကြီး ဆိုတာ လပြည့်ဝန်းကြီး နဲ့ တူတယ်။ တည်တည် တံ့တံ့ ခန့်ခန့် ထည်ထည် ကြီး။

ငါးဆိုတာ သက်တမ်း ရင့်လေ ဝင်းဝါ လှပလေ။

ကျွန်းပင် ဆိုတာလည်း သက်တမ်း ရင့်လေ အနှစ်ပြည့်လေပဲ။

သားပူ လင်ပူ ကြွေးပူ နားပူ ကင်းတယ်။ သားကို သခင် လင်ကို ဘုရားမဟုတ်ပဲ မိဘကို ဘုရားခန်းထားပြီး ပြုစုထားခွင့်ရသွားတယ် ပူမှန်းမသိလို့ တိုးသူတွေတိုးကြပါစေ တို့ကတော့ အေးအေးလူလူ ယပ်တောင်ခတ်နေမယ်။

ရည်းစားထားတာ ဆံပင်ဖြောင့်သလောက် စိတ်မရှည်ဘူး။

ဒုက္ခကို အသည်းအသန်ဝယ်ဖို့ အစီအစဉ်မရှိသလို အချစ်လို့ခေါင်းစဉ်တပ် ညာရောင်းလည်းမဝယ်ဘူး။

ဘဝကို ဗိုင်းရပ်စ် အကိုက်ခံပြီး ဒေါင်းလော့မဆွဲဘူး။

အပျိုကြီးလုပ်မယ် အပူကင်းတယ် တစ်သက်လုံး မုဆိုးမ မဖြစ်သလို တသက်လုံး အလှမပျက်ဘူး။

ကြားဖူးတယ်မလား ဘာဟောင်လို့ ဘာမရွေ့ပါဘူးဆိုတာလေ။

ဘယ်သူတွေ ဘာပြောပြော အပျိုကြီး ဘဝဆိုတာ တောနက်နက်က သဘာဝ စမ်းချောင်းလေး တစ်ခုလိုပဲ တကယ်ရောက်ဖူးတဲ့ သူတွေပဲ အေးချမ်းမှု အစစ်ကို သိတာ။

Credit _  U Lay Kyi (ကို လင်း)

No comments

Powered by Blogger.