Header Ads

😃 တနင်္ဂနွေသားသမီး စိတ်နေစိတ်ထား


😃😃😃😃😃😃😃
တိုက်ဆိုင်မှု ရှိရင်👍Like ၊ Share ပြုလုပ်ပါ။

👍 -တနင်္ဂနွေ သားသမီးများသည့် သတိုးသားဖြစ်စေ၊ သတိုးသမီးဖြစ်စေ စိတ်နှလုံးသား ဖြူစင် သန့်ရှင်း၍ စိတ်သဘောထား ပြည့်ဝသည်။

- နေရာတကာတွင် စိတ်ထားကြီးကြီး ထားနိုင်မည်။ စိတ်ကောင်းမည်၊ သူများကို ပေးကမ်း ကျွေးမွေးချင်စိတ် အမြဲတမ်းရှိမည်။ 

- စေတနာကောင်းမည်၊ သူများအတွက် အနှစ်နာခံလိုစိတ် ဝန်ထမ်းလိုစိတ် ကူညီလိုစိတ် အမြဲရှိမည်။

-အပေါင်းသင်းသူငယ်ချင်း ၊ပတ်ဝန်ကျင်တို့က အထင်ကြီး၊ အမြင်ကြီး၊ သဘောကျ၊ အားကိုးမည်။

-သို့သော် မိမိအပေါ် အမြင်ကပ်ကြမည်။ သူတပါးအပေါ် ကိုယ်ရော စိတ်ပါ ပေါင်းသင်းဆက်ဆံတတ်သည်။

-သူများကို ချစ်ခင်မိလျှင်၊ သဘောကျမိပါလျှင် အားရပါးရ အနစ်နာခံ၍ ပေါင်းသင်းဆက်ဆံမည်။

-တစ်ခုခုကို လုပ်သွားလျှင်လည်း စိတသဘောထားပြည်ဝစွာ သည်းခံပေါင်းသင်းလိုစိတ် ရှိတတ်သည်။

-တနင်္ဂနွေ သားသမီးတွေသည် အမှန်သမားဖြစ်၍ မိမိအပေါ်တွင် မကောင်းကြံသူကို မဖြစ်ဖြစ်သည့်နည်းနှင့် ပြန်လည်လက်စားချေလိုစိတ် ရှိတတ်သည်။ 

-တနင်္ဂနွေက သည်းခံစိတ် ရှိသော်လည်း လူမှန်ဖြစ်၍ စိတ်တိုးလျှင် မျက်စိထဲ ဘာမှာမမြင်ပဲ ထင်ရာစွတ်၍ အရမ်းကာရော လုပ်တတ်သည်။ 

-တနင်္ဂနွေ အမှားအမှန် မဆင်မခြင်၍ လုပ်တတ်မည်ဖြစ်ရာ အမှားအယွင်းများ တွေ့ရပြိး၊ နောင်တများ ရမည် ၊ စိတ်ညစ်ရမည်၊ စိတ်မကောင်းဖြစ်ရမည်။ 

-တနင်္ဂနွေ ရိုးသည် အေးသည် တည်ကြည်သည်၊ အလုပ်တစ်ခုကို လုပ်မည်ဟု ကြံလျှင် ရှည်ရှည်စဉ်းစားပြိးမှ လုပ်တတ်သည်။

 -အလုပ်တစ်ခုကို အလွန် သတိဝိရိယနှင့် ရှေနောက် အကြာကြီး စဉ်စားပြိး လုပ်တတ်သဖြင့် အမှားအယွင်းမရှိ၊ အောင်မြင်တတ်သည်။

-တနင်္ဂနွေ သားသမီးများသည် စဉ်စားပြီးသော အရာများကို ခက်သွက်သွက် လုပ်တတ်သည်။ 

-တနင်္ဂနွေ အပြောအဆို အနေအထိုင်တို့တွင် အထူး အဆင့်တန်းမြင့်မြင့် နေထိုင်ပြောဆိုလိုစိတ် ရှိမည်။ 

-တနင်္ဂနွေ သားသမီးများ ဘဝတွင် မျော်မှန်ချက်ကြီးကြီး ထားမည် ၊ဖြစ်စေလိုသော အကြောင်းအရာများကို မကြာခဏ ပြန်လည် စဉ်းစားတတ်ပြိး ၊တွေးတောတတ်သည်၊


-တနင်္ဂနွေသားသမီးများ သူများကို ကျွေးလိုစိတ်၊ အနစ်နာခံလိုစိတ် ရှိသလို ရသင့်ရထိုက်သော အခွင့်အရေးများကိုလည်း မရမက ယူလိုစိတ် ရှိမည်။

-အလုပ်တစ်ခုကို ဇွဲရှိရှိလုပ်မည်၊ အပင်ပန်းခံလုပ်မည်၊ စိတ်ရှည်ရှည်လုပ်မည်၊ မဖြစ်ဖြစ်အောင် မအောင်မြင်မချင်းလုပ်မည်။

-မိမိအတွက် သူများတွင် အကျိုးရှိမည်၊ ခံစားသင့် ခံစားထိုက်သော အကျိုးများကို သူများက အချောင်းကြားဝင်ခံစား သွားမည်။

-မိမိမှာ ပင်ပန်းရကျိုး မနပ်ပါ၊ အနည်းအပါးသာခံစားရမည်၊ မိမိက ဒုက္ခခံပြိး၊ သူများအခွင့်ရေး ခံစားရမည်။

-တနင်္ဂနွေသားသမီးများ ပေါင်းသင်း ဆက်ဆံရေးနှင့် ပတ်သက်၍ ကောင်းပါသည်။အပေါင်းသင်း ဆံမည်၊ သူများ စိတ်ချမ်းသာအောင် ပြောဆိုတတ်သည်။

➖➖➖➖➖➖➖➖➖➖➖
တနင်္ဂနွေသားသမီးများ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။
🗼🏆🗼🏆🗼🏆🗼🏆🗼🏆🗼🏆

✋ဝေဒလက္ခဏာပညာရှင်
👉 Credit 🏆ဆရာမင်းသူရ 📲 ph-09 456471357

No comments

Powered by Blogger.