လူမြင်ကွင်းမှာ မိန်းမရဲ့ ခြေထောက်ကို နှိပ်ပေးတဲ့ သိပ်ချစ်တဲ့ယောင်္ကျား
ယောက်ျားအများစုက လူမြင်ကွင်းမှာ ကိုယ့်ဇနီးသည်ရဲ့ခြေထောက်ကို နှိပ်ပေးရမှာ ရှက်ကြတယ်
အခုဖော်ပြမယ့် အမျိုးသားကတော့ လူမြင်ကွင်းမှာတောင် အပြုံးမပျက်ဘဲ သူရဲ့ ကိုယ်ဝန်သည် ဇနီးကို လှေကားမှာ ထိုင်ခိုင်းပြီး အားရပါးရ နှိပ်ပေးနေတာကို တွေ့ရမှာပါ
အဆိုပါ အမျိုးသားက သူ့ဇနီးရဲ့ခြေထောက်ကို ကိုင်ပြီး နှိပ်ပေးနေတဲ့ ဗီဒီယိုဖိုင် ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နှံ့သွားခဲ့တယ်
ဒါပေမယ့် သူတို့ လင်မယားကတော့ သူတို့ကို ဗီဒီယို ရိုက်နေမှန်း သိပုံမပေါ်ခဲ့ပါဘူး
ဒီဗီဒီယို အရဆိုရင် လမ်းသွားလမ်းလာတွေက သူတို့လင်မယား နှစ်ယောက်ကို အပိုတွေ လုပ်နေကြတာပါ ဆိုပြီး ရယ်သွားကြတာတွေလည်း တွေ့ရမှာပါ
တစ်ကယ်တော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ လမ်းကြာကြာလျှောက်လိုက်ရင်၊ ဒါမှမဟုတ် အချိန်အကြာကြီး မတ်တပ်ရပ်ရရင် လွယ်လွယ်နဲ့မောလာတတ်ကြသလို ခြေထောက်တွေပါ ညောင်းလာတတ်ကြတယ်
အဲ့ဒါကြောင့် ဘယ်နေရာပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ဦးစားပေးရတာပါ
ဒီအမျိုးသားဟာ သူရဲ့ကိုယ်ဝန်ဆောင်ဇနီး ညောင်းနေတာကို သိလို့ လှေကားမှာ ထိုင်ခိုင်းထားပြီး ခြေထောက်ကို နှိပ်ပေးနေတာပဲ ဖြစ်ပါတယ်လို့ rachfeed သတင်းစာမျက်နှာမှ သိရပါတယ်
ဒီဖြစ်ရပ်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူမှုကွန်ရက်မှာ ဗီဒီယိုတင်ခဲ့တဲ့ Boiling Water Page ပါတယ်
“ညီအစ်ကိုတို့၊ ကိုယ့်ချစ်သူဇနီးကို တကယ်ချစ်ရင် သူ့ကို ကောင်းကောင်းဂရုစိုက်ပါ” လို့ ရေးပြီး Way Of The Warrior (သူရဲကောင်းရဲ့လုပ်ရပ်) လို့ဆိုကာ ချီးကျူးထားခဲ့တာကို တွေ့ရပါတယ် ။
မူရင်း.. crd
Post a Comment