Header Ads

သင့်ရဲ့ အမေကို လျော့မတွက်မိစေနဲ့


( 1 မိနစ်လောက်ပဲ အချိန်ပေးပြီး ဖတ်ပေးပါ )

သင့်မေမေဟာ သင့်ကို သူ့ဗိုက်ထဲ မှာ ၉ လ လွယ် ခဲ့တယ် ။

သူမ ဟာ ၄ လ ကြာအောင် ပျို့အန် ခဲ့ရတယ် ။

သူမရဲ့ ခြေထောက်တွေ ဖောရောင် ခဲ့တယ် ။

သူမရဲ့ အရေပြားတွေ ဆွဲဆန့် ခံခဲ့ ရတယ် ။

သူမ လှေကားတွေကို အားစိုက်ပြီး တက်ခဲ့ ရတယ် ။

သူမ နည်းနည်း လှုပ်တိုင်း အသက်ရှူ မဝ ဖြစ်ခဲ့ရတယ် ။

သူမ အိပ်မပျော်တဲ့ ညပေါင်း များစွာကို ဖြတ်ကျော်ခဲ့ ရတယ် ။

သူမ သင့်ကို လူ့လောကထဲ ရောက်အောင် ပြင်းထန်တဲ့ ဝေဒနာတွေနဲ့ ရုန်းကန်ခဲ့ ရတယ် ။

အဲဒီနောက်မှာ သူမဟာ သင့်ရဲ့ သူနာပြု ဆရာမ ၊ စားဖိုမှူး ၊ အိမ်ဖော် ၊ ယာဉ်မောင်း ၊ ပရိသတ် ၊ ဆရာမ ၊ သူငယ်ချင်း ဖြစ်ခဲ့တယ် ။

သူမဟာ သင့်အတွက် ရုန်းကန်ခဲ့ ရတယ် ။ ငိုခဲ့ရတယ် ။ မျှော်လင့်ခဲ့ရတယ်။ ဆုတောင်းခဲ့ ရတယ် ။

ကျနော်တို့ အများစုဟာ ကျနော်တို့ရဲ့ မိခင်တွေကို မြင်ခွင့် ရခဲ့တယ် ။ မိခင်တွေကို ဆုံးရှုံးခဲ့ရ သူတွေ ၊ မိခင်တွေကို လုံးဝမြင်တွေ့ခွင့် မရခဲ့တဲ့ သူတွေလည်း ရှိကြတယ် ။

တကယ်လို့ သင့်မှာ မိခင်တယောက် ရှိသေးတယ် ဆိုရင် သင်ဟာ အရမ်း ကံကောင်းတဲ့သူ တယောက်ဖြစ်တယ် ။ သူမကို ဘယ်တော့မှ တန်ဖိုး လျှော့မတွက် ပါနဲ့ ။ တနေ့မှာ သင်ဟာ သင့်မှာ မရှိတော့တဲ့ သူမ ကို တမ်းတနေ ရမှာ မို့လို့ပါ ။

Credit

No comments

Powered by Blogger.