Header Ads

နင့်​ နဲ့ ငါ ပြတ်​ မယ်


''  နင်နဲ့ ငါ ပြတ်လိုက်ရင်  ကောင်းမယ် ''

''ရတယ်လေ . . ပြတ်ကြ တာပေါ့ ''

တစ်ယောက်နဲ့ တစ်ယောက်က  မာန တစ်လုံးစီနဲ့   ။ တစ်စက် ကလေးမှ မလျော့။

'' ဒီနေ့ က စပြီး   နင့်ဆီကို  ငါ အဆက် အသွယ် မလုပ်တော့ဘူး ''

'' ရတယ်လေ . . ငါလည်း  အေးဆေးပါ ''

'' အာ့ဆို . . နင် ငါ့ကို block ပေး ''

'' ဟမ့် . . . မဆိုင်ဘူး . . နင်ပဲ ငါ့ block
လိုက် ''

'' မရဘူးဟာ . . နင် block ''

'' အဲ့လို ရရိုးလား   နင်ပဲ ငါ့ block ''

'' နင်  block ဆို ''

'' နင် block ''

နှစ်ယောက်သား  ငြိမ် ကျ သွားသည်။
ပြီးတော့

''   နင် ငါ့ကို  တစ်ကယ်  ပြတ်နိုင်လား''
.
'' ဟင့်အင်း  မပြတ်နိုင်ဘူး။ နင်ရော . .
ငါ့ကို  တစ်ကယ် ထားခဲ့ချင် တာလား။ ''

'' ဟင့်အင်း  မထားခဲ့ နိုင်ဘူး ''

'' ဒါနဲ့များ. . . ''

......

(၂)

တစ်ကယ်တော့  ပြတ်မယ်  လို့ ပြောတဲ့ စကားရဲ့ နောက်ကွယ် မှာ ငါနင့်ကို မပြတ် နိုင်ဘူး လို့  မှတ်ယူ ရမယ် တဲ့ ။

ထစ်ကနဲ ရှိ ပြတ်မယ် ပြတ်မယ် တကဲကဲ  လုပ်တဲ့ အတွဲတွေက  မပြတ် နိုင်တာ များပါတယ် ။
ပြောရရင် လေနဲ့ပဲ တစ်ယောက် နဲ့ တစ်ယောက် ချိန်းခြောက် နေကြတာပေါ့။
တစ်ယောက်နဲ့ တစ်ယောက် တိ ကနဲ ပြတ်ချင်ရင်  ပြတ်လိုက် ပါတော့ လား  ဆိုတော့ လည်း မဟုတ် ။ ဟင့်အင်း  မပြတ်နိုင် ။ 

အဲ့လို လေးများ ချိန်းခြောက် ကြည့်ရင်   တစ်ယောက်နဲ့ တစ်ယောက် အကျင့် လေးတွေ ပြင်ပါ့ မလား ဆိုတဲ့ စိတ်လေးနဲ့ ချိန်းခြောက် ကြည့်တာ ပါ တဲ့ ။


သူတို့ ခဗျာလည်း သံယောဇဉ် လေးတွေ  တစ်ယောက်နဲ့ တစ်ယောက်  ကုန်နိုင် တာလည်း မဟုတ်ကြ။
ဒီလိုနဲ့ပဲ ပြတ်မယ်  ပြတ်မယ်နဲ့ တစ်ယောက်နဲ့ တစ်ယောက်  ရန်ဖြစ် လိုက်  ပြန် ချစ်လိုက် နဲ့ သံယောဇဉ်တွေ  ပိုပြီး ထပ်တွယ် သတည်း ပေါ့။

တစ်ချို့ တစ်ချို့ ကျတော့လည်း   လမ်းခွဲ မယ် ပြတ်မယ် ဆိုတဲ့ အကြောင်း  တစ်လုံး တစ်လေ မှ ကို  ပါးစပ်က  မဟ ။ ဒါပေမဲ့ နောက်ဆုံးတော့ သွေးအေးအေးနဲ့  သံယောဇဉ်  ကို တိကနဲ ဖြတ်နိုင်ချက် ။
အဆက် အသွယ်တွေ ဖြတ်ပြီး နေလိုက် ကြတာ။ တစ်ယောက်နဲ့ တစ်ယောက် ကို ဘာမှ မလေးနက် လိုက် သလို ။

နောက်ဆုံး စဉ်းစား ကြည့်တယ် ။
တစ်ကယ် စ ပြတ်နိုင် တဲ့ ဆိုတဲ့ အတွဲက ပြတ်မယ် ဆိုရင် ဘယ်သူ တားတား  မရဘူး။ ပြတ်ကို ပြတ်မှာ ပဲ ။ 
တစ်ကယ် မပြတ် နိုင်တဲ့  အတွဲ ကတော့
ပြတ်မယ် အသံကောင်း ဟစ်နေလည်း ပြတ်နိုင် တာလည်း မဟုတ်ပါ။

ချစ်​သူ​​ တွေ ​ရွှေ လက်​တွဲ ခိုင်​မြဲကြ ပါ​စေ

Credit _ Min Khant (ခဲတံ)

No comments

Powered by Blogger.