Header Ads

👫 အရူးအမူးချစ်ကြတဲ့ ချစ်​သူစုံတွဲတွေဟာ ဒီအချက်တွေနဲ့ တစ်ချက်မှမလွဲပဲ ကိုက်ညီကြသူတွေပါ 💏


💓💓💓💓💓💓💓💓💑
ချစ်သူစုံတွဲတိုင်း ဟာ အရမ်းချစ်ကြ ပေမယ့် အရူးအမူး ချစ်တဲ့ စုံတွဲ ကတော့ ရှားပါတယ်။ အရူး အမူး ချစ်တဲ့ အဆင့်ကို ရောက်သွား ရင်တော့ စုံတွဲ တွေရဲ့ အချစ်ဟာ အရမ်းကို ခိုင်မာ သွားပြီ ဖြစ်လို့ တော်ရုံ တန်ရုံ မပြတ်နိုင် တော့ပါဘူး။

တကယ်လို့ သင်တို့ စုံတွဲ ဟာ ဒီအချက် တွေ နဲ့ ကိုက်ညီ နေရင်တော့ အရူးအမူး ချစ်ကြတဲ့ အားကျစရာ စုံတွဲ တစ်တွဲ ဖြစ်လို့ပါ။

(1) ရန်ဖြစ်ပီးတိုင်း ပိုပီး ချစ်သွားကြတယ်

သင်နဲ့ သင့်ချစ်သူ ဟာ ရန်ဖြစ် ပြီးတိုင်း ပိုချစ်သွား ကြမှာပါ။ ရန်ဖြစ်တဲ့ အချိန် ၊ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုး ဒေါသ ထွက်ချိန် မှာ အရမ်းတွေ ပေါက်ကွဲပြီး ပြတ်တော့ မယ့် အခြေ အနေ မျိုးကို တောင် ရောက်သွားတတ် ပေမယ့် တကယ်တမ်း က မပြတ် နိုင်ပဲ ပြန်တည့် သွားကြ မှာပါ။

အကြောင်း ကတော့ တစ်ယောက်ရဲ့ ဘဝမှာ တစ်ယောက် မရှိရင် ဘဝကြီးက ဘယ်လိုမှ မပြည့်စုံ သလို၊ ပျော်စရာ လည်း မကောင်းနိုင် တော့တာကို သေချာ သိနေကြ လို့ပါ။



(2) အားနည်းချက်တွေကို လက်ခံပေး နိုင်တယ်

အရူး အမူး ချစ်တဲ့ စုံတွဲတွေ ဆိုတာ တစ်ယောက် အားနည်းချက် ကို တစ်ယောက်က အပြည့် အဝ လက်ခံပြီး နားလည် ပေးနိုင် ကြတဲ့ သူမျိုး တွေပါ။ အရင်ကတော့ သူ့ကို ပြုပြင် ပေးဖို့ ကြိုးစား တယ်၊ အားနည်းချက် တွေကို ဝေဖန် အပြစ် မြင်ကောင်း မြင်မယ် ၊ ဒါပေမယ့် အရူးအမူး ချစ်သွား ကြပြီး ရင်​​တော့ အားနည်းချက်တွေ အားလုံးကို အရှိ အတိုင်း လက်ခံ ပေးနိုင် သွားပါလိမ့်မယ်။


(3) သူရှိဖို့ပဲ လိုတယ်

သူဟာ ချမ်းသာချင်မှ ချမ်းသာ မယ်၊ ချောမော လှပ ချင်မှ လှပ မယ်၊ သင့်ကို အထောက် အကူ ကောင်းတွေ ပေးနိုင် ချင်မှ ပေးနိုင် မယ်။ ဒါပေမယ့် သူ့ဆီက ဘာမှ မရလည်း ကိစ္စ မရှိပါဘူး။ သင့် အနားမှာ သူရှိနေ ရင်၊ ဒါမှမဟုတ် သူဟာ သင့်ရဲ့ ချစ်သူ ဖြစ်နေတာ နဲ့တင် အရာရာ ဟာ ပြီးပြည့်စုံ နေသလို ခံစားရ မှာပါ။

ဒါဟာ သင်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အချစ်စစ် နဲ့ အရူးအမူး ချစ်သွား ကြတဲ့ လက္ခဏာ ဖြစ်ပါတယ်။

(4) ပေးဆပ်ရတာကို ပျော်နေမယ်

သင်တို့ နှစ်ယောက်ဟာ တစ်ယောက် လိုအပ်တာ တစ်ယောက်က ဖြည့်ဆည်း ပေးရတာ၊ တစ်ယောက် ပျော်ရွှင်အောင် တစ်ယောက်က လုပ်ပေးရတာ၊ တစ်ယောက်ကိုတစ်ယောက် ပေးဆပ်နေရတာကို ပျော်တယ်လို့ခံစားနေရမှာပါ။


ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ ဘယ်လောက်ပဲ ကိုယ့်ဘက်မှာ အဆင်မပြေဖြစ်နေပါစေ ချစ်သူ ပျော်သွားတာ၊ ကျေနပ်သွားတာကို မြင်ရင် ပျော်ရွှင်နေမှာပါ။ ဒါဆိုရင်တော့ သင်တို့ တစ်ယောက်ကိုတစ်ယောက် အရူးအမူး ချစ်မိနေပါပြီ။

(5) အချိန်ပြည့် သတိရတယ်

အရူးအမူး ချစ်ကြတဲ့ စုံတွဲတွေဟာ တစ်ယောက်ကို တစ်ယောက် အချိန်ပြည့် သတိရနေတတ်တဲ့ သူတွေဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဝေးနေရင်ပဲဖြစ်ဖြစ်၊ အလုပ် အရမ်းရှုပ်နေရင် တောင်မှ ဆက်သွယ်ဖို့ မမေ့ကြတဲ့ သူတွေ ဖြစ်ပါတယ်။


ကိုယ့်ရဲ့ တစ်နေ့တာမှာ သူ့အသံလေးကိုမှ ခဏခဏ မကြားရရင် လုံးဝမပြည့်စုံနိုင်တာကြောင့် အချိန်ရရင် ရသလို ချစ်သူကို မမေ့မလျော့ သတိတရ ဆက်သွယ် တတ်ကြပါတယ်။

ဒီလို အချက်လေးတွေနဲ့ ပြည့်စုံတဲ့ အရူးအမူး ချစ်နေကြတဲ့စုံတွဲလေးတွေ Share သွားနော်...

Em Em

No comments

Powered by Blogger.