Header Ads

လှလှပပ နေပါ..


++++++++++

မိန်းကလေး တစ်ယောက် လှလှပပ နေတဲ့အခါ တော်တော်များများ ပြောတတ်ကြတာ တစ်ခုရှိတယ် .. ပြင်လည်း တစ်ယောက်ပဲ ရမှာ .. မပြင်လည်း တစ်ယောက်ပဲ ရမှာ .. တဲ့ ...

ဟုတ်သလိုလိုထင်ရပေမယ့်.. တကယ်တမ်းကြတော့ လုံးဝမဟုတ်ဘူးနော် ...

မိန်းကလေး တစ်ယောက် လှလှပပနေတယ် ဆိုတိုင်း ဆန့်ကျင်ဘက် အမျိုးသားတွေကို ဆွဲဆောင်လိုမှု ဆိုတဲ့ အကြောင်းရင်း တစ်ခုထဲကြောင့် မဟုတ်ဘူး ...

လှလှပပ နေတတ်တဲ့ မိန်းကလေး တစ်ယောက်ဟာ မပြင်မဆင်ပဲနေတဲ့ မိန်းကလေးထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလို့  ..

လှလှပပ နေတဲ့အတွက် သူမဟာ လူအများကြားမှာ ထူးခြား ပေါ်လွင်လို့  ..

လှလှပပ နေတတ်တဲ့ မိန်းကလေးဟာ နေရာပေးခြင်းခံရသလို ယုံကြည်ခြင်းလည်း ခံရလို့  ..

လှလှပပ နေတတ်တဲ့ မိန်းကလေးဟာ ကြည့်တဲ့သူကိုလည်း စိတ်ချမ်းသာမှုကို ဖြစ်စေနိုင်လို့  ..

လှလှပပ နေတတ်တဲ့ မိန်းကလေးဟာ မိန်းကလေး အချင်းချင်းရဲ့ အတုယူစရာ စံနမူနာ တစ်ခုလည်း ဖြစ်နိုင်လို့  ..

လှလှပပ နေတတ်တဲ့ မိန်းကလေးဟာ ကိုယ်တိုင်လည်း.... လှလှပပ နေရတာ ကြိုက်လို့ ... စသဖြင့် အကြောင်း အမျိုးမျိုး ရှိတယ် ..

မိန်းမတစ်ယောက် အလှပြင်တာဟာ ယောကျာ်းတွေ ကြည့်တာ ၊ ဂရုစိုက်တာ ခံချင်လို့ ဆိုတဲ့ အတွေးကြီးက တော်တော်လေးကို ခေတ်မမီတော့တဲ့ အတွေး တစ်ခုလို ဖြစ်နေတယ် ..

မိန်းမတစ်ယောက် အလှပြင်တယ် ဆိုတာ မရိုးသားမှု တစ်ခုရဲ့ ပြယုဒ်တစ်ခုလည်း မဟုတ်ဘူး..

အချို့က အလှပြင်ရင် ကဲ့ရဲ့ကြတယ် .. အတင်းပြောကြတယ် ..  အဲ့ဒါ မနာလို ဖြစ်နေတာပါ .. ဒီလိုစကားတွေ အတွက် လှလှပပ နေချင်တဲ့ ကိုယ့်ကိုကိုယ် ပြောင်းလဲပစ်စရာ ဘာအကြောင်းမှ မရှိဘူး ..

မိန်းမတစ်ယောက် လှချင်တယ် ဆိုတာ သဘာဝကျတယ်.. သဘာဝ ကျတဲ့ အလုပ်တစ်ခုကို လုပ်နေတာ ဘာအပြစ်မှ မရှိပါဘူး .. အလွန်အကျွံ ဖြစ်မှသာ မကောင်းတာပါ ..

စကားလေးတစ်ခု ကြားဖူးတယ် .. မလှတဲ့ မိန်းကလေးဆိုတာ မရှိဘူး... အလှ မပြင်တတ်တဲ့ မိန်းကလေးပဲ ရှိတယ်တဲ့ ..

မိန်းမ တစ်ယောက်မှာ သူ့အလှနဲ့သူ ရှိပြီးသား .. ကိုယ့်အလှ .. ကိုယ့်အားသာချက် ကိုယ်သိပြီး ဖော်ထုတ်တတ်ဖို့ပဲ လိုအပ်တယ် ပေါ့နော် ..

ပြီးတော့ စိတ်ထား... စိတ်ထားလေး ကောင်းနေရင်လည်း ရုပ်က  အလိုလိုလှတယ် လို့ ဆိုပါတယ် ..

ဒါပေမယ့် လူတစ်ယောက်ကို စပြီး ဆက်ဆံတဲ့အခါ ရုပ်ရည်ကို အရင်ဆုံး ကြည့်တတ်ကြတာ မဟုတ်လား ...

စိတ်ထားလည်းလှ ရုပ်လည်း လှရင်တော့... အပြည့်စုံဆုံး မိန်းကလေးတစ်ယောက် ဖြစ်လာမှာပါ ..

ဒီလိုမျိုး မိန်းကလေး တစ်ယောက်က ယောကျာ်း တစ်ယောက်ကို ဆွဲဆောင်ဖို့ အတွက် အထူးတလည် လိုအပ်နေပါဦးမလားလေ...

credit

No comments

Powered by Blogger.