Header Ads

နေနိုင်အောင် ကြိုးစားပါ..


သင့်ကို ဖုန်းဆက် မလာသူကို သင် ဖုန်းမဆက်ပဲ နေနိုင်အောင် ကြိုးစားပါ...။

သင့်ကို လွမ်းတယ် မပြောသူကို သင်လွမ်းတယ် မပြောပဲ နေနိုင်အောင် ကြိုးစားပါ...။

သင့်ကို စိုးရိမ်ပူပန်ခြင်း မရှိတဲ့သူကို သင်မစိုးရိမ် မပူပန်ပဲ နေနိုင်အောင် ကြိုးစားပါ...။

သင့်ကို သဝန်တိုခြင်းမရှိတဲ့ သူကို သင်သဝန်မတိုပဲ နေနိုင်အောင် ကြိုးစားပါ...။

သင့်ကို အလေးနက်မထားတဲ့ သူကို သင်အလေး နက်မထားပဲ နေနိုင်အောင် ကြိုးစားပါ...။

သင့်ကို စိတ်ထဲမှာတောင် မရှိတဲ့သူကို သင်စိတ်ထဲက ထုတ်ပြစ်နိုင်အောင်ပဲ ကြိုးစားပါ...။

သင့်ကို မချစ်နိုင်တဲ့သူကို သင်မုန်းနိုင်အောင်ပဲ ကြိုးစားပါ...။

သင့်ကို စွန့်လွှတ်နိုင်တဲ့သူကို သင်စွန့်ပစ်နိုင်အောင်ပဲ ကြိုးစားပါ...။

ကြိုးစားပါ သင် နာကျင် ခံစားမှုတွေကြားက အမြန်ဆုံး လွတ်မြောက်နိုင်အောင်ပဲ ... ✔

မကြိုးစားပါနဲ့ သင် နာကျင် ခံစားမှုတွေကြားမှာ ကြာရှည်နေရအောင် ...✖

သင့်ရဲ့ ချစ်တဲ့ စိတ်တစ်ခုတည်းကြောင့် သင့်ကို နာကျင် ခံစားမှုတွေပေးတဲ့ လူ တစ်ယောက်ကို ကပ်တွယ်မထားပါနဲ့ ...

ကိုယ်က တန်ဖိုးထား မက်မောပေမယ့် ကိုယ် မပိုင်ဆိုင်ရပဲ ဆုံးရှုံးလိုက်ရတဲ့ အရာတွေဟာ ကိုယ့်အတွက် အကောင်းဆုံး မဟုတ်ဘဲ ကိုယ်နဲ့ မထိုက်တန်လို့ပါ ...။

No comments

Powered by Blogger.