မင်္ဂလာလက်မှတ် ရေးထိုး လိုက်ကြပြီ ဖြစ်တဲ့ ယွန်းဝတီလွင်မိုး နဲ့ ထက်စိုးလှိုင်
နာမည်ကျော် မင်းသား အကယ်ဒမီ လွင်မိုးရဲ့ သမီး ယွန်းဝတီလွင်မိုး နဲ့ မောင်ထက်စိုးလှိုင် တို့ နှစ်ယောက် ကတော့ မင်္ဂလာ မော်ကွန်းတင် လက်မှတ် ရေးထိုး လိုက်ကြပြီပဲ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်သာရှိသေးတဲ့ လွင်မိုးရဲ့ သမီးချောလေးက လူအများရဲ့ အာရုံစိုက် ချစ်ခံခံနေရသူလည်း ဖြစ်ပါတယ်။ သူက ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လကမှ အသက် ၁၉ နှစ်ပြည့်ခဲ့တာပါ။
သူဟာ သြစတြေးလျမှာ ကျောင်းတက်နေပြီး မကြာသေးခင်ကမှ အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ သတင်းထွက်လာခဲ့တာ ဖြစ်ပါတယ်။
ဖေ့စ်ဘွတ်က ပရိတ်သတ် တွေကလည်း ယွန်းဝတီလွင်မိုး သတင်းများကို စိတ်ဝင် တစား စောင့်ကြည့်လျက် ရှိကြပါတယ်။
ယွန်းဝတီလွင်မိုးက ကြော်ငြာနဲ့ အမ်တီဗီ အချို့ ရိုက်ကူးထားပြီး ရုပ်ရည် ချောမော တာကြောင့်တစ်ကြောင်း၊ လွင်မိုးရဲ့ သမီး ဖြစ်တာကြောင့် တစ်ကြောင်း လူသိများပြီး ပရိတ်သတ် အများအပြား ရရှိ ထားသူလည်း ဖြစ်ပါတယ်။
အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်
credit
Photos _ May Oo (Make up ) and Phoe Kar











Post a Comment