Header Ads

' O ' သွေးပိုင်ရှင်များ၏ ထူးခြားချက်


အိုသွေး ပိုင်ရှင်များ ကတော့ အိမ်မှာတော့ ပြဿနာ ရှာတတ် ကြပေမယ့် သူငယ်ချင်းတွေနဲ့ ဆိုရင်တော့ သူငယ်ချင်း တွေကို ကြည့်ရှု စောင့်ရှောက် တတ်ပြီး လူတကာနဲ့ လိုက်လျော ညီထွေအောင် နေတတ် သူများ ဖြစ်ကြပါတယ်…

အရာအားလုံးကို တက်တက် ကြွကြွနဲ့ ပါဝင် ဆောင်ရွက် တတ်သူများ ဖြစ်ကြ ပါတယ်…

အလုပ် အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုး စားစား ဆောင်ရွက် တတ်ကြသူများ ဖြစ်ပါတယ်…



လုပ်ငန်းခွင်ကို ရောက်ပြီ ဆိုရင်လည်း သူတပါးကို စာနာ ထောက်ထားတတ် ကြပါသတဲ့… အနာဂတ် အတွက် ရည်မှန်းချက် တစ်ခု ရှိပြီ ဆိုရင် တစိုက် မတ်မတ်နဲ့ လုပ်ကိုင် တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီ ဆိုရင်တော့ အစွဲအလမ်း တစ်ခုမှ မထားဘဲ လက်လျှော့ ပစ်တဲ့ အကျင့်လေး များလည်း ရှိပါတယ်တဲ့…

အလုပ် တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ် စုစည်းမှု လည်း ကောင်းမွန် ပါသတဲ့… ရလဒ်ကိုဘဲ ဦးစား ပေးသူများ လို့လည်း
ဆိုနိုင် ပါသတဲ့…

အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် plan အရင် ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့… ကိုယ့် စတိုင်လ်နဲ့ကိုယ်​ နေတတ် သူများ ဖြစ်သလို ကိုယ်ပိုင် အတွေး အခေါ် များကို ပိုင်ဆိုင် သူများလည်း ဖြစ်ပါတယ်…

ဒီလို စရိုက်တွေကို ပိုင်ဆိုင် ထားသူတွေ ဖြစ်တာမို့ အနုပညာ လောကကို ခြေချမယ် ဆိုရင်လည်း အောင်မြင် နိုင်တဲ့ သူများ ဖြစ်ပါတယ်တဲ့….


ဒါပေမယ့် ကိုယ်ရဲ့ အတွေး အမြင်ကသာ အမှန် ဖြစ်တယ် ဆိုတဲ့ ယုံကြည်မှု ပြင်းထန် ခြင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျူ ရှုသလို ဖြစ်နေ တတ်ပါတယ်…

အပန်းဖြေတာတို့ ၀ါသနာကို အကောင် အထည် ဖော်တာ တို့ကိုတော့ သိပ် မနှစ်သက် လှပါဘူး…

အို သွေးပိုင်ရှင်များက လက်တွေ့ ကျကျ
လုပ်ကိုင် ရတာကို နှစ်သက် ကြသူများ လည်း ဖြစ်ပါတယ်…

တခါတလေ မှာတော့ Romantic ဆန်တာလေး တွေကိုလည်း ကြိုက်နှစ်သက် ကြပါတယ် တဲ့

အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက် ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေ အတွက် အများကြီး သည်းခံတတ် ပေမယ့် ရေရှည်တော့ သည်းမခံနိုင် ပါဘူးတဲ့…

လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက်
အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေး ထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့…



ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ် ဆင်းရဲ ရတာမျိုးလည်း ရှိပါတယ်…

အိုသွေးပိုင်ရှင် များက တခါတလေမှာ စကားနည်းပြီး အေးအေး ဆေးဆေး တစ်ယောက်တည်း တွေးခေါ် နေရတာကို ကြိုက်နှစ်သက် ကြပါသတဲ့…

တစ်ယောက်ယောက်နဲ့ စိတ် ကသိ ကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ် သားသား ပြောတတ် ပါသတဲ့…

ဒါပေမယ့်အားလုံး ပြီးသွားတဲ့ အခါ မှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီး နေနိုင်သူများပါ…


Credit _ Original Writer

No comments

Powered by Blogger.