Header Ads

ကြေကွဲစရာ အတိတ်တွေကို မေ့ထားပါ


မိတ်ဆွေတို့ ကြေကွဲစရာ ကောင်းတဲ့ အတိတ်တွေဆိုတာ လူတိုင်းမှာ ရှိကြပါတယ်

အဲဒီ အတိတ်တွေကို လွယ်လွယ်မေ့လို့ မရခဲ့ရင်တောင်မှ စက္ကန့်တိုင်းမှာ စိတ်ကို ပျော်ရွှင်အောင် ထားပါ၊
ကိုယ့်ကို ပျော်ရွှင်စေတဲ့ သူတွေရဲ့ အနားမှာနေပါ
ကိုယ့်ကို စိတ်ညစ်စေတဲ့ သူတွေနဲ့ ဝေးဝေးနေပါ
ဒါမှမဟုတ်… အတွေးတွေ ထဲက ထုတ်လိုက်ပါ၊

ပြသနာတိုင်းကို လိုက်ဖြေရှင်း နေစရာတော့ မလိုပါဘူး
လိုအပ်ရင် လျစ်လျှူ ရှုတတ်အောင် သာ စိတ်ကို အလေ့ကျင့်လုပ်ပါ။
တချို့ နာကျင်မှုတွေက တွေးလေ နာကျင် လာလေလေ
နာကျင် လာ လေလေ တွေးမိ လေလေ ပါပဲ
ပြတ်သား သင့်တယ် ဆိုရင် ပြတ်သားပါ
အဲ့လိုမှ မဟုတ်ရင် ကိုယ့်ကိုကိုယ် သတ်နေတာနဲ့အတူတူပါပဲ

တစ်စုံ တစ်ယောက်ယောက် ဆီက အမြဲတမ်းတော့ မျှော်လင့်ချက် ကြီးကြီး မားမား မထားမိ ပါစေနဲ့
ဘာလို့လဲဆိုတော့ ဘယ်အရာမှ မသေချာ လို့ပါဘဲ
ခံစားချက် မရှိတဲ့ သူ မဖြစ်ပါစေနဲ့
စဉ်းစား တွေးတောမှု နည်း တာလည်း မဖြစ်စေနဲ့
အိပ်နေရင်း မက်နေတဲ့ အိမ်မက်ကို ထိန်းချုပ်ဖို့ ခက်ခဲ လိမ့်မယ်
နိုးနေရင်း မက်တဲ့ အိမ်မက် ကတော့ ကိုယ့်ရဲ့ လက်ထဲမှာ ရှိနေတယ်


မိမိတို့ ယုံကြည် ကိုးကွယ် နေတဲ့ ဘာသာတရားရဲ့ အဆုံးအမတွေက ငြိမ်းချမ်းမှုတွေဆီ ခေါ်သွားနိုင်တယ်၊
မိမိတို့ရဲ့ အချစ်ဟာ တပါးသူအတွက် ပူလောင်ခြင်း မဖြစ်ပါစေနဲ့
ကိုယ့်ကိုကိုယ် တန်ဖိုးထားပါ
ကိုယ်ချစ်နေတဲ့ သူကို တန်ဖိုးထားပါ
ကိုယ့်ကို ချစ်နေတဲ့ သူတွေကို တန်ဖိုးထားပါ

နေကောင်းအောင် လည်း နေပါ အသက်ရှည် အောင်လည်း နေပါ
တစ်ခါတလေ…
ဘဝမှာ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေ ပျောက်ဆုံးနေ တတ်တယ်၊
ဒါပေမဲ့ မပျောက်ဆုံးသေးတဲ့ အရာတွေ ကိုတော့ သတိရပါ
မိမိရဲ့ ရိုးရှင်းတဲ့ အပြုံးတွေ၊ ချစ်တတ်တဲ့စိတ် ကြင်နာတဲ့ နှလုံးသား၊ စာနာမှုတွေ အဲ့ဒီအရာတွေက မိမိတို့နဲ့ အတူ ရှိနေမယ် ၊ ပြီးတော့ တန်ဖိုးကြီးတယ်။


ဘဝက တိုတယ်ပဲ ပြောပြော ရှည်တယ်ပဲ ပြောပြော ကိုယ်ဖြတ်သန်းနေ ရတဲ့ နေ့ရက်တွေဟာ အဓိပ္ပါယ် ရှိနေပါစေ၊
ဒီစာလေးက သင့်အတွက် ခုချိန်မှာ အသုံးဝင်ချင်မှ ဝင်လိမ့်မယ် တစ်ချိန်ချိန်မှာ တော့ တစ်စုံတစ်ယောက် အတွက်လိုအပ် လာပါ လိမ့်မယ်
အဲ့ဒီ တစ်စုံတစ်ယောက် က သင်ကိုယ်တိုင်လည်း ဖြစ်နိုင်ပါတယ်နော်။

credit original

No comments

Powered by Blogger.