Anniversary မှာ ပေးသင့်တဲ့ လက်ဆောင်
ဘယ်နှနှစ် ပြည့်ပြီဆိုတဲ့ Anniversary တွေမှာ ပေးသင့်တဲ့ လက်ဆောင်က...
နှင်းဆီပန်းတွေ အများကြီးနဲ့ surprise မဟုတ်ဘူး.. အဖိုးတန် လက်ဆောင်တွေနဲ့ အနမ်းတွေ မဟုတ်ဘူး။
အဲဒီ ဘယ်နှနှစ် ဆိုတဲ့ ကာလ အတွင်းမှာ..
သူမကို မျက်ရည်ကျအောင် မလုပ်ခဲ့ဖူးဘူး ဆိုတဲ့ ကတိတွေ..
ကိုယ်ထိလက်ရောက် မကျူးလွန်ဖူးပါဘူး ဆိုတဲ့ တာဝန်ယူမှုတွေ..
သူမ နောက်ကွယ်မှာ စိတ်နဲ့တောင် မဖောက်ပြန်ခဲ့ဖူးပါဘူး ဆိုတဲ့ သစ္စာတရားတွေ..
ပြဿနာ ဖြစ်တိုင်း သူမ အရှက်ရအောင် လေသံ မာမာနဲ့တောင် အော်ဟစ် ရန်ဖြစ်တာတွေ မလုပ်ခဲ့ ဖူးပါဘူး ဆိုတဲ့ သည်းခံနိုင်စွမ်း တွေကိုသာ လှလှပပ လက်ဆောင်ထုပ်ပိုးပြီး ပေးပါ..
တနှစ်ပတ်လုံး ငိုနေရပြီး တရက်လောက် ပျော်ရွှင်ရတာမျိုးလည်း မဖြစ်ပါစေနဲ့။
အချိန်ပြည့် ဥပေက္ခာပြုပြီး တခါလောက် ကြင်နာပြတာလည်း မဖြစ်ပါစေနဲ့။
အများအမြင်မှာ သည်းသည်းလှုပ် ချစ်ပြပြီး ကွယ်ရာမှာ နှိပ်စက်နေတာလည်း မဖြစ်ပါစေနဲ့။
တကယ် ချစ်တယ် ဆိုရင် ကိုယ်ပြောခဲ့တဲ့ ကတိသစ္စာတရား တွေကိုသာ တည်တည်ကြည်ကြည် လက်ဆောင် ပေးနိုင်အောင် ကြိုးစားပါ။
အဲဒီ လက်ဆောင်က ငွေနဲ့ဝယ်ယူလို့ မရသလို အချစ် အတုအယောင် တွေနဲ့လည်း ဖန်ဆင်းလို့ မရဘူး။
အချစ်တွေ သည်းခံနိုင်စွမ်းတွေ နားလည်မှုတွေကို စတေးပြီး အချိန်တွေ အကြာကြီး ရင်းနှီးပြီးမှ ပေးလို့ရမယ့် အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ပါ။
Credit sakura
Post a Comment