ဆရာငြိမ်းရဲ့ (12.7.2018 မှ 18.7.2018) အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
12.7.2018 မှ 18.7.2018 အထိ တစ်ပတ်စာ ၇ရက် သားသမီး ဟောစာတမ်း..
တနင်္ဂနွေ
ဒီကာလ အတွင်း မိမိရဲ့ အထက်လူကြီးတွေ ဌာနပြောင်းသွားတာ ၊နေရာပြောင်းသွားတာမျိုး ကြုံရတတ်ပါ တယ်။ စီးပွားရေး သမားများ လုပ်ငန်းကိုင်ခန်းများ တန့်နေသလို ဖြစ်ရတတ်ပါတယ်။ ကိုယ်ပိုင် လုပ်ငန်းများ၊ဆိုင်များ အကြွေးကျနေတတ်ပါတယ်။ လူငယ်များ အဝေးထွက်ပြီး အလုပ် လုပ်ချင်စိတ်တွေ ဖြစ်ပေါ်နေပါလိမ့်မယ်။
ကျန်းမာရေးကတော့ အကောင်းဘက်ကို အလေးသာ နေပါလိမ့်မယ်။ ကျန်းမာရေးအတွက် စိတ်ချမ်းသာရမဲ့ ကာလထဲရောက် နေပါတယ်။ ငွေကြေး အ၀င် နည်းနေတတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သ၍ မိမိအနေနဲ့ ချွေတာ သုံးစေချင်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေ နည်းပြီး မိတ်ဆွေတုတွေ များနေတတ်တဲ့ ကာလပါပဲ။
အိမ်ထောင်ရေးကတော့ အဆင်ပြေ သာယာမဲ့ အချိန်ပါပဲ။ အချစ်ရေးကံကတော့ ထင်သလို မဖြစ်သေးပါဘူး။ အချစ်ရေးသောက များရပါလိမ့်မယ်။ ပညာရေးကတော့ ပညာရှာဖို့ ခက်ခဲတဲ့ အချိန်ပါပဲ။
အကျိုးပေးဂဏန်း 0/6/9
အထူးဟော --အလုပ်ရှုပ်နေမည်။
ယတြာ အုန်းသီးစိပ် ၆ စိပ်ခန့် ဘုရား ကပ်လှူပါ။
တနင်္လာ
တနင်္လာ သားသမီးတွေအတွက် အလုပ်ပို ကိစ္စပိုတွေ များနေရတတ်တဲ့ ကာလပါပဲ။ ပရဟိတ ကိစ္စများ ၊လူမှု ရေးအသင်းအဖွဲ့ ကိစ္စတွေများမှာ ၀င်ရောက်လုပ်ကိုင် ပေးနေရတတ်ပါတယ်။ အများပိုင်ငွေများ မိမိဆီ ယာယီလာ အပ်တာမျိုး လက်မခံမိပါစေနဲ့၊ လာဘ်ပိတ်သွားတတ်လို့ပါ။ အလုပ်များနေတာကြောင့် အချိန်ပိုဆင်းပြီး လုပ်ရတဲ့ထိ ကြုံတွေ့ရတတ်ပါတယ်။
ကိုယ်ပိုင်လုပ်ငန်းများ အလုပ်က ကြီးလာပြီး ငွေမနိုင်တာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ ဒီကာလမှာ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အကူအညီတွေ ရလာတတ်ပါတယ်။ ကျန်းမာရေးကတော့ အညံ့အဆိုး များတဲ့ကာလထဲ ရောက်နေပါတယ်။ ကျန်းမာရေး ဂရုစိုက်ဖို့ လိုအပ်တဲ့ အချိန်ပါပဲ။
အိမ်ထောင်ရေးသုခ နည်းတတ်တဲ့ အချိန်ပါပဲ။ အချစ်ရေးကတော့ အဆင်ပြေ စိတ်ချမ်းသာခွင့် ရပါလိမ့်မယ်။ ချစ်သူနဲ့ နားလည်မှုတွေ ပြန်ရပါလိမ့်မယ်။ ပညာရေး ကတော့ ဥာဏ်ဝီရိယတွေ မိမိ စိုက်ထုတ်ဖို့ လိုအပ်တယ် လို့ သုံးသပ်မိပါတယ်။
အကျိုးပေးဂဏန်း 2/9/4
အထူးဟော --စိတ်ပင်ပန်း ရတတ်သည်။
ယတြာ ---သီလရှင်တွေကို သစ်သီးလှူပါ၊
အင်္ဂါ
ဒီကာလအတွင်း ကံတွေ မြင့်မားနေတတ်ပါတယ်။ လုပ်သမျှ အဆင်ပြေခြင်း၊ ကြံစည်သမျှ ဖြစ်လာတတ်ခြင်း မျိုးတွေလည်း ကြုံရပါလိမ့်မယ်။ စက်ပစ္စည်း အသစ်တွေဝယ်ဖို့ စိတ်ကူးရှိရင် ဒီကာလမှာ ၀ယ်သင့်ပါတယ်။ ခရီးတိုလေး တွေ သွားရတတ်ပါတယ်။ အောက်လက် ငယ်သားတွေရဲ့ အကူအညီ အထောက်အပံ့တွေ ရလာတတ်ပါတယ်။
အလုပ်ကောင်း နေပါလိမ့်မယ်။ အလုပ် အော်ဒါတွေလဲ များများရမဲ့ အချိန်ပါပဲ။ မင်္ဂလာကိစ္စများ အလှူအတန်း ကိစ္စများလည်း ကြုံရတတ်ပ်ါတယ်။ ကျန်းမာရေးကတော့ အကောင်းဘက်ကို ပိုများပါတယ်။ ရောဂါဝေဒနာ ခံစားရသူများ လဲ ဒီကာလမှာ သက်သာခွင့်တွေ ရပါလိမ့်မယ်။
အိမ်ထောင်ရေး သာယာမှာပါ။ အချစ်ရေးကံ ကောင်းနေတဲ့အတွက် တစ်ယောက်မကတဲ့ အချစ်ရေးမျိုးလည်း ကြုံရတတ်ပါတယ်။ ပညာရေးကတော့ ကံလဲကောင်း မိမိလည်း ကြိုးစားပေါ့ဗျာ၊
အကျိုးပေးဂဏန်း 3/5/7
အထူးဟော--ကံမြင့်မား နေပါသည်။
ယတြာ အိမ်က ဘုရားမှာ ဆီမီး ပူဇော်ပါ၊
ဗုဒ္ဓဟူး
ဒီကာလအတွင်း စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ကြုံတွေ့ရတတ်ပါတယ်။ မိမိဆန္ဒတွေ ရည်မှန်းချက်တွေလည်း ပြည့်ဝ အောင်မြင်မဲ့ ကာလပါပဲ။ လက်ဆောင်တွေ အမှတ်တရ ပစ္စည်းတွေလဲ ရလာတတ်ပါတယ်၊ လုပ်ငန်းတွေလဲ ထပ်မံချဲ့ထွင် နိုင်ပါလိမ့်မယ်၊ လူမျိုးခြား ဘာသာခြားတွေရဲ့ အကူအညီတွေလည်း ရလာတတ်ပါတယ်။
စပ်တူလုပ်ငန်း စဉ်းစားထားရင်တော့ ဒီကာလမှာ စတင်လုပ်ကိုင် သင့်ပါတယ်။ လက်လီ စီးပွားရေးများ လူအများနဲ့ ထိတွေ့ ဆက်ဆံရသော အလုပ်များ အကျိုးပေးပါလိမ့်မယ်။ ကျန်းမာရေးကတော့ လျော့ပါးသက်သာခွင့်တွေ ရပါလိမ့်မယ်၊ နာတာရှည် ခံစားနေရသူများတောင်မှ နလန်ပြန်ထူတာမျိုး ကြုံရတတ်ပါတယ်။
အိမ်ထောင်ရေး အိမ်တွင်းရေး အလွန်ကောင်း ပါတယ်။ အချစ်ရေးမှာတော့ ချစ်ရေးဆိုခြင်း ခံရတတ်ပါတယ်။ စန်းလည်း ပွင့်နေတတ်ပါတယ်။ ပညာရေးကတော့ မိမိ ကိုယ်တိုင်က ပညာရေးထက် အပျော်အပါးကို မက်နေပါလိမ့်မယ်။
အကျိုးပေးဂဏန်း 4/2/8
အထူးဟော စန်းပွင့်နေမည်
ယတြာ လက်ဖက်ရည်နဲ့ လမုန့် ဘုရားကပ်လှူပါ၊
ကြာသပတေး
ဘာကိစ္စပဲလုပ်လုပ် အချိန်ယူ ကြိုးစားရပါလိမ့်မယ်၊ လွယ်လွယ်ကူကူ မအောင်မြင်တတ်ပါ၊ အခက်အခဲ ကြုံပြီးမှ အဆင်ပြေပါလိမ့်မယ်။ လက်ကား စီးပွားရေးများ ၊ကိုယ်စားလှယ် အလုပ်များ ၊ဖြန့်ချီရေး အလုပ်များလည်း ထင်သလို မအောင်မြင်နိုင်သေးပါဘူး။ မိမိ လက်ဝယ်ရှိတဲ့ စက်ပစ္စည်းတွေ ခဏခဏ ပျက်နေပါလိမ့်မယ်။
အဓိကတော့ ငွေကံ ညံ့နေပါလိမ့်မယ်။ ငွေထွက်မဲ့ ကိစ္စတွေ ငွေကုန်မဲ့ အကြောင်းတရားတွေ ပေါ်လာတတ်ပါတယ်။ ကျန်းမာရေးကတော့ ဗိုက်နာတာ ၊အစာအိမ်ရောဂါနဲ့ အစာမကြေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ မိတ်ဆွေတွေ ဒုက္ခပေးတာမျိုးလည်း ကြုံရတတ် ပါတယ်။
အိမ်ထောင်ရေးကံ အလွန် ကောင်းနေပါလိမ့်မယ်။ အချစ်ရေးမှာတော့ အချစ်ဟောင်းထက် အချစ်သစ် အပေါ် ပိုမို စိတ်ညွှတ်နေမိ တတ်ပါတယ်။ ပညာရေးကတော့ ကြိုးစားနိုင်မှ အဆင်ပြေမှာပါ၊ ပညာရေး အားနည်းနေတတ်တဲ့ ကာလပါပဲ။
အကျိုးပေးဂဏန်း 1/6/0
အထူးဟော ကံအားနည်းနေမည်
ယတြာ ငါးစာကျွေးပါ
သောကြာ
အောင်မြင်မှုရဲ့ ခြေလှမ်း အစပါပဲ၊ နှစ်နဲ့ချီတဲ့ စီမံကိန်းတွေကို ဒီကာလမှာ Target ထားပြီး စတင်အကောင် အထည်ဖော် ဆောင်ရွက်လိုက်ပါ။ ကြံစည်သမျှ ဖြစ်လာဖို့ တွန်းအားပေးမဲ့ ကာလပါပဲ။ ခရီးသွားရဖို့ ကိစ္စများကြုံလာရင်တော့ ရဲရဲသာ သွားလိုက်ပါ။ ခရီးသွားပြီး ကံကောင်းခြင်းတွေ ပိုရလာတတ် လို့ပါပဲ။
ကျန်းမာရေးအတွက်လည်း အရမ်းတော့ စိတ်ပူစရာ မလိုသေးပါဘူး၊ အလွန်ဆုံး မတ်တပ်ဖျား မတ်တပ်နာလောက်ပဲ ဖြစ်ပါလိမ့်မယ်။လူချစ်လူခင် အရမ်းများမဲ့ ကာလပါပဲ။ ဒါကြောင့်ပဲ မိမိဖြစ်ချင်တာတွေကို ဖြစ်ခွင့်ရဖို့ ကူညီမဲ့သူတွေ ရှိပါလိမ့်မယ်။
အိမ်ထောင်ရေး သာယာပါလိမ့်မယ်။ အိမ်ထောင်ဖက်ရဲ့ အလိုလိုက်ခြင်းကို ခံရပါလိမ့်မယ်။ အချစ်ရေးလည်း မိမိစိတ်တိုင်းကျ ဖြစ်ရပါလိမ့် မယ်။ အဆင်မပြေတဲ့ ချစ်သူ ရည်းစားတွေ ဒီကာလမှာညှိနှိုင်းလို့ အဆင်ပြေ ပါလိမ့်မယ်။ ပညာရေးကတော့ သင်တန်း ကိစ္စတွေ အင်တာဗျူး ကိစ္စတွေမှာ အထူးပဲ ကောင်းနေပါလိမ့်မယ်။
အကျိုးပေးဂဏန်း 6/8/3
အထူးဟော--ကံသင့်ပါတယ်
ယတြာ -စတုမဓူတစ်ဘူး မိဘတွေကို ၀ယ်လှူလိုက်ပါ
စနေ
စိတ်ဝင်စားစရာ ကိစ္စတွေ ကြုံတွေ့ရ တတ်ပါတယ်။ မိမိကိုယ်တိုင်လည်း စူးစမ်းလိုစိတ်တွေ ပြင်းထန်နေတတ်တဲ့ ကာလပါပဲ။ အလုပ်စီးပွား ကောင်းနေတယ် လို့ ယူဆနိုင်တဲ့ ကာလပါပဲ။ စီးပွားရေး ကောင်းနိုင်တဲ့ အတွက် မိမိကိုယ်တိုင်လည်း အားစိုက်ဖို့တော့ လိုအပ်ပါတယ်။ ၀န်ထမ်းများ ရာထူးတိုးဖို့ လစာတိုးဖို့ ကြန့်ကြာနေရင် ဒီကာလမှာ သတင်းကောင်း ကြားရတတ်ပါတယ်။
နိုင်ငံခြား ကိစ္စများ ရပ်ဝေးနယ်ခြား ကိစ္စများ ဒီကာလမှာ အဆင်ပြေချောမွေ့ ပါလိမ့်မယ်။ အကြွေး ရစရာရှိရင် ဒီကာလမှာ ပြန်ရဖို့ အကြောင်းဖန် လာတတ်ပါတယ်။ ကျန်းမာရေးကတော့ အညံ့အဆိုး နည်းပါတယ်။ ကိုယ်လက် ကိုက်ခဲတာမျိုးနဲ့ အအေးမိတာမျိုးတော့ ကြုံရပါလိမ့်မယ်။
အိမ်တွင်းရေး အိမ်ထောင်ရေး ကိစ္စတွေမှာ အဆင်အပြေဆုံး ကာလလို့ပဲ ပြောရမှာပါ။ အချစ်ရေးကံကတော့ အနည်းငယ် သွေးအေး နေတတ်ပါတယ်။ ပညာရေးကတော့ သင့် အဆင့်မှာ ရှိပါတယ်။
အကျိုးပေးဂဏန်း 7/0/4
အထူးဟော -- စီးပွားကောင်းနေမည်
ယတြာ ထန်းလျက် ၁၁ လုံးခန့်ကို ဘုရားရှင်အား ကပ်လှူပါ
၇ရက် သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင် သုတေသီ)
Post a Comment