Header Ads

မိန်းကလေးတွေ ဒီလိုဖြစ်လာရင် ငြိမ်မခံပါနဲ့.. (Knowledge)


နားနဲ့မနာ ဖဝါးနဲ့ နာစေလိုပါတယ်! ဒီနေ့ အိမြတ် Baahubali ကို စံရိပ်ငြိမ် ဂမုန်းပွင့်မှာ ကြည့်ပီး အပြန်မှာ! စံရိပ်ငြိမ် မှတ်တိုင်မှာ Bus Car စောင့်နေပါတယ် ။ အရင်က ကျောင်းဆင်းရင် ဖေဖေလာကြိုပေမဲ့ ဒီနေ့တော့ လျှာရှည်ပီး ကိုယ့် ဘာသာ ပြန်မယ်ဆိုပီးး Bus ကားစောင့်နေပါတယ်

အဲ့မှာ လူတယောက်က အနောက်ကပါလာတယ်! လူပုံက သန့်သန့်ပါပဲ! အသက်တော့ 30 လောက်ရှိမယ်ထင်ပါတယ်.. ကိုယ်ကတော့ ကားစောင့်နေတဲ့ သူထင်ပီး ကားးပဲ မျှော်နေတာ! သူ့ကိုလဲ သတိမထားမိပါဖူး! ကားကလဲ တော်တော်နဲ့ မလာတော့ 4 ခွဲလောက်မှ ကားရပါတယ်

အဲ့မှာ အိမြတ်က ကားပေါ်တက်ပီး ကိုယ်က ခုံရ တာ မို့ အေးအေးဆေးဆေးပါပဲ! အဲ့လူ ပါလာတာလဲ သတိမထားမိပါဖူးး! ဘူတာရုံလမ်းနား ကျတော့ ကလေး အမေသားအမိ တက်လာပါတယ်! လူတွေက ကျပ် နေရာကမရမို့! အိမြတ်က နေရာက ဖယ်ပေးလိုက်ပါတယ်

ကိုယ်ကလည်း အိတ်က တစ်ဖက် ဖိုင်က တစ်ဖက် ထီးကလည်း တစ်ဖက်မို့! ကိုယ့်ရဲ့ အနောက်က ကပ်နေတာ ယောက်ျားလား မိန်းမ လားလဲ မသိပါဖူး.. ကိုယ်က လေးဖက်နာ ဖြစ်ကတည်းးက လက်က မသန်တာမို့ အပေါ်က တန်းးကို ကိုင်ရင်လဲ မမြဲပါဘူး..

ဒါကြောင့် မှတ်တိုင်တစ်ခု ရပ်မယ်ဆို တအားးကို မဲတင်းပီးးတော့ လက်ကိုင်ကို ကိုင်ရတာပါ! ဒါပေမဲ့ နောက်က တအားကို ကပ်လာပါတယ်! နှစ်ယောက်ပူး နေသလိုပါပဲ! ဒီလောက်ကြပ်နေသလား ဆိုပီး ဝေ့ဝဲကြ ည့်တော့လဲ ကိုယ့်အနားသာ ကြပ်နေတာပါ..

အဲတော့မှ Bus ကားမှတ်တိုင်နားမှာ ဝေ့လည်ကြောင်ပတ် လုပ်နေတဲ့ သူမှန်းးသိတော့တာ! အဲဒါနဲ့ အိမြတ်လဲ စပယ်ယာဦးကို ခေါ်ပီး ဦးရေ တခြားနေရာက မကြပ်ပဲ သမီး အနားကပဲ ပူးကပ်နေသလို ကြပ်နေ တာ နည်းနည်းတော့ တစ်မျိုးပဲလို့ အော်လိုက်တော့မှ စပယ်ယာဦးက ဟေ့လူ ခင်ဗျားကလဲ ဟုတ်သားပဲ ဗျာ ဘယ် လိုဖြစ်လို့ ဒီလောက်ကပ်နေတာလဲ ဟိုဘက်တိုးဗျာ ဆိုပီး ပြောတော့ ဟိုဘက် လှည့်သွားပါတယ်..

သမိုင်းလမ်းဆုံနား ရောက်တော့ မီးပွိုင့်နားမှာ ဆင်းမဲ့သူတွေနဲ့ ကြပ်နေတော့ သူက ဒီဘက်ပြန် လှည့်လာပီး စွာတယ်နော် မထင်ထားဖူး ဆိုပီးး အနောက်ကနေ ဟိုလိုမျိုး လာလုပ်ရော! အစကတော့ မသိဖူး လူကြပ်နေတာရော! တအားပူ နေတာရော လက်တွေလဲ မအားဆိုတော့! အဲဒါကို သူက ကိုယ် Feel တက်နေတယ်လို့များထင်နေလားမသိဘူး..


အဲဒါနဲ့ သူ ဘာလုပ်မှန်းလဲ သိရော! ရှက်လဲရှက် ရွံလဲရွံ ကိုင်ထားတဲ့ ထီးးနဲ့ အနောက်ကို ဆောင့်ထိုးပလိုက်တယ်! အဲ့မှာ အားးဆိုပီး အကျယ်ကြီးးပဲ သူထအော်ရော! ပီးးတော့ အိတ်ကော ဖိုင်ကော ပစ်ချပီးး! ဒီမှာ သမီးးကို မဖွယ်မရာ လုပ်နေပါတယ် ဆိုပီး ကိုင်ထားတဲ့ ထီးနဲ့ ဖြောင်းဖြောင်းဖြောင်း ဆိုပီး ရိုက်ထည့်လိုက်တာ!

အဲ့မှာ လူတွေက အံ့သြနေကြတုန်းး! သကောင့်သားးက အိမြတ်ကို တွန်းပီးး ကားပေါ်က ခုန်ချသွားရော.. သမိုင်းလမ်းဆုံ မီးပွိုင့်မှာဘာ! အဲ့မှာ ကားဆရာရော စပယ်ယာရော ကားပေါ်က လူတွေ ဆင်းပီး ဘယ်မှာလဲ အဲ့ကောင်ဆိုပီး လိုက်ရှာကြပါတယ်! ဒါပေမဲ့ ဘယ်ရောက်သွားမှန်း မသိတော့ပါဖူး..

အိမြတ် ထီးလည်း ကျိုးရော ! လူလည်း ဝမ်းနည်းလွန်းလို့ ငိုချလိုက်တယ်! ဘာလုပ်လို့ လုပ်ရရမှန်းလဲ မသိဖူး! လူလဲ ပျော့ခွေသွားတာပဲ.. တကယ်တော့ အိမြတ် ဝတ်ထားတာလဲ ပစ်မှားလောက်စရာ ဝတ်ထားတာမဟုတ်ဖူး! အကွက် လက်ရှည်နဲ့ ဂျင်းဘောင်းဘီရှည် ဝတ်ထားတာ! ဒါတောင် ဒီလို လုပ်ခံရတယ်ဆိုတော့လေမိန်းးမဒေ ဘဝက တကယ်ကို မလုံခြုံတော့ဖူးးး!

ဘယ်မှာလဲ မိန်းမသားတွေကို ကာကွယ်မှုတွေ စောင့်ရှောက်မှုတွေ! ဒါလား အားနွဲ့သူ မိန်းမသားတွေကို စောင့်ရှောက်တဲ့ နိုင်ငံ ဒီလောက်တောင်ပဲ သားသမီးချင်း ကိုယ်ချင်းမ စာနာ နိုင်ကြတော့ဖူးလားဟင်.. ဘယ်လောက်တောင် တဏှာ ရာဂစိတ်ဒေ မွှန်ထူနေကြတာလဲဟင်? တကယ်တော့ အရမ်း ရှက်ပါတယ် ။

ရှက်ပေမဲ့ မိန်းခေးတွေ ဒီလိုဖြစ်ရင် ငြိမ်မခံပဲ ပြန်လုပ်ကြပါ! အော်ကြပါ! အကူအညီတောင်းးကြပါ! ရှက်ပီး ငြိမ်မနေပါနဲ့” တကယ်တော့ ဒီစာရေးရတာ လက်တွေလဲ တုန် မျက်ရည်တွေတောင် ကျပါတယ်! တစ်ခါမှ မဖြစ်ဖူးးဖူးး ဒီလိုမျိုးး! ကိုယ့်ကိုကို ရှက်လဲရှက် ဒေါသလဲထွက်! သနားလဲ သနားး!

Emily Su Mon
Source: sunthit.com

No comments

Powered by Blogger.