Header Ads

ပြတ်​သားတဲ့ မိန်းခလေးပဲ ဖြစ်​​စေချင်​တယ်


လောကကြီးမှာ​ ရည်းစားက ပြစ်​သွားလို့ ပူဆွေး ငို​ကြွေးပြီး ဘဝကို မရပ်​တည်​နိုင်​​တော့တဲ့ မိန်းမ​တွေ အစား လင်​​ယောက်ျားက ​ဖောက်​ပြန်​လို့​ က​လေး လက်​ဆွဲလို့​ လောကဒဏ်​ကို ရင်​ဆိုင်​​နေတဲ့ မိန်းမ​တွေကို ​လေးစားတယ် ။

လောကကြီးမှာ ရည်းစားနဲ့ ပြတ်​သွားလို့ မျက်ရည် ဒလဟောနဲ့ ဘဝခရီး မဆက်​နိုင်​တဲ့ မိန်းမ​တွေ အစား ​ယောကျာ်းနဲ့ ကွဲလို့ တယောက်ထဲ ဘဝခရီး ဆက်​​နေရတဲ့ မိန်းမ​တွေကို ​လေးစားတယ်​ ။

လောကကြီးမှာ ရည်းစားက လမ်းခွဲသွားလို့ ကိုယ့်ကိုယ်​ကို နှိပ်​စက်​​နေတဲ့ မိန်းမ​တွေ အစား စိတ်​သ​ဘောထား ချင်း မတိုက်​ဆိုင် ​​ယောက်ျားနဲ့ လမ်းခွဲပြီး ကိုယ့်​သားသမီး​ ကောင်းစား​ရေး အတွက် ​ပင်ပင်ပန်းပန်း နဲ့ ဘဝခရီး ဆက်​​နေတဲ့ မိန်းမ​တွေကို ​လေးစားတယ်

လောကကြီးမှာ ရည်းစား​​တွေ အများကြီး တွဲပြီး ကိုယ့်​ကိုယ်ကို ဂုဏ်​ယူ​နေတဲ့ မိန်းမ​တွေ အစား ​ယောက်ျားတစ်​ယောက်ကို ရိုး​မြေကျ ​ပေါင်းသင်း​နေထိုင်တဲ့ မိန်းမ​တွေကို ​လေးစားတယ်

လောကကြီးမှာ ရည်းစား အတွက် ဆိုပီး ​​ပေးဆပ်​​နေတဲ့ မိန်းမ​တွေအစား ကိုယ့်​သားသမီးရဲ့ ဘဝအတွက်​ ​ပေးဆပ်​​နေတဲ့ မိန်းမ​တွေကို​ လေးစားတယ်​ ။

လောကကြီးမှာ ရည်းစားနဲ့ ပြတ်​လို့ အသည်းကွဲ ပူလောင် ​နေတဲ့ မိန်းမ​တွေ အစား ​ယောက်ျားနဲ့ ကွဲလို့ တခုလပ်​ ဖြစ်​သွားပြီး ဘဝ ရပ်​တည်​​နေတဲ့ မိန်းမမျိုး ကိုမှ မိန်းမလို့ ​ခေါ်ချင်​တယ် ​။

ယောက်ျား တစ်​​ယောက်​နဲ့ ပြတ်​လို့ မျက်​ရည်​ခံ ထိုးပြီး ငိုစား ရယ်​စား လုပ်​​နေတာထက် ပြတ်​သားတဲ့ မိန်းမတွေပဲ ဖြစ်​​​စေချင်​တယ်

Anons;

No comments

Powered by Blogger.