မိန်းကလေးတွေ ဒဲ့ကြွေတဲ့ အချက်လေးများ
အကြွေဆုံးက…
" ဘာစားချင်လဲ" ဆိုပီး အလိုက်မသိ မေးတတ်တဲ့ အထာမျိုး မဟုတ်ဘူး
" ရော့ သဲကြိုက်တတ်တာ" အဲ့လို ပါးနပ်တဲ့ အထာမျိုး။
အကြားချင်ဆုံးက…
" နောက်ဆုတ်ပေး ပါ့မယ်" ဆိုပီး သရဲဘောကြောင်တဲ့ စကား မဟုတ်ဘူး
" ရအောင် ယူပြမယ်" အဲ့လို ပြတ်သားတဲ့ စကားမျိုး။
အမျှော်လင့်ဆုံးက…
" နင်နဲ့ငါ ပြတ်ပြီ" ဆိုပီး ထစ်ခနဲရှိ စကားများတိုင်း ပြောတတ်တဲ့သူ မဟုတ်ဘူး
" တောင်းပန်ပါတယ် စကား" မှားမှားမှန်မှန် ထပ်တလဲလဲ ပြောလေ့ရှိတဲ့သူမျိုး။
အဖြစ်စေချင်ဆုံးက…
" ဘာလိုချင်လဲ" ဆိုပီး ပျော့ညံ့တဲ့ နှစ်ကျပ်ကွက်မျိုး မဟုတ်ဘူး
" လာလိုက်ခဲ့ Junction City" ဒီလို အနိုင်ယူတတ်တဲ့ အကွက်မျိုး။
ပီတိအဖြစ်ဆုံးက…
" ဖုန်းဘေလ် ကျန်သေးလား" ဆိုပီး စိတ် ကသိကအောက် ဖြစ်အောင် မေးတဲ့သူ မဟုတ်ဘူး
" တစ်သောင်းကဒ် ရွှိဆိုထည့်" ရှုးတိုးတိုး ဘာမှ ဆက်မပြောနဲ့လို့ နှုတ်ပိတ်တတ်တဲ့ ရုပ်တည်တဲ့ သူမျိုး။
အလိုအပ်ဆုံးက…
" ပိုက်ဆံရှိမှ" ဆိုပီး အရာရာကို ငွေနဲ့တိုင်းတာ တတ်တဲ့သူ မဟုတ်ဘူး
" ဘဝ ကျရှုံးနေချိန်" လမ်းဘေးဆိုင်မှာ အတူ ထိုင်စားပေးရဲတဲ့ သူမျိုး။
အခိုက်ဆုံးက…
" တွေ့ချင်လိုက်တာ" ဆိုပီး အိပ်ယာထဲက မထပဲ စွန့်စားလိုစိတ် နည်းတဲ့သူမျိုး မဟုတ်ဘူး…
" အခု အိမ်ရှေ့ ရောက်နေပီ" ဆိုပီး အနားကို ချက်ချင်း ရောက်လာတတ်တဲ့ စူပါ ဟီးရိုးမျိုး။ ။
💓💑
credit to original

Post a Comment