Header Ads

မိန်းမက ထူးဆန်းသော အရက်ကို သောက်မိသောအခါ


" မိန်းမ​ရေ ..... ကုတင်​​အောက်​က စက္ကူ ပုံးကြီး မင်း လွှင့်​ပစ်​လိုက် ​တာလား ... "

အမှန်​က စက္ကူပုံးချည်း မဟုတ်​ပါ.. အထဲမှာ​ မိန်းမ မသိ​အောင်​ ခိုးခိုး ကစ်​ရသည့် အရက်​ပုလင်း လက်​ကျန်​လေး ရှိသည် ။

 "​ ဂေ့စ်​ ... "

 " ငစ်​ ... "

မိန်းမက အခန်းထဲသို့ ထဘီစွန်​​တောင်​စွဲကာ ဝင်​လာသဖြင့် တစ်​ခန်းလုံး အရက်​နံ့များ မွှန်​ ထူ သွားသည်​ ။

" ဟာ ... မူးလာတာလား "

" ငါ့ပုံက မမူးတဲ့ ပုံ​ ပေါက်​​နေလို့လား ​ဂေ့စ်​ "

ကိုယ်​ကျိုး​တော့ နည်းပါပြီ ။ ငတိမက အကုန်​​ သောက်​လိုက်​ပြီ ထင်​၏ ။ ဒီအရက်​က နှယ်​နှယ် ​ရရ မဟုတ်​​ပေ ။ သောက်​ပြီး တစ်​နာရီ ပြည့်​လျှင်​ စိတ်​ထဲမှာ လျှို့ဝှက်​ထား သည်​များကို ​ပြောပြတတ်၏ ။

ထိုအရက်​​သောက်​ရင်း အိပ်​သည့် အခါ မိန်းမကို အရမ်း ချစ်​သည့် အ​ကြောင်းများ ​ပြောရင်း မိန်းမရဲ့ အချစ်​ကို ကိုပိန်​ ခံ​နေရခြင်း ဖြစ်​၏ ။

" မိန်းမ မင်း​သောက်​ထားတာ ကြာပြီလား "

" တစ်​နာရီ​လောက် ​​ရှိ​တော့မယ်​ ယောက်ျားရဲ့ ​... ဂေ့စ်​ "

မိန်းမက ​ပြောရင်း ဆိုရင်းဖြင့်​ ကုတင်​​ပေါ် လဲကျသွား​လေ ​တော့သည်  ။
.
.
.
.
တစ်​နာရီပြည့်​ပြီ ထင်​၏ ။ ဇာတ်​လမ်းက စ​လေပြီ ။

" မနက်​ဖြန်​ ဖွစဘုတ်​က ​ကောင်​​လေးကို အ​ဖြေ ​ပေးမယ်​ "

" ငှယ်​ "

" ​စ​နေ​နေ့ ကိုတုတ်​ကြီးနဲ့ အပြင်​ သွားမယ်​ "

" ငစ်​ "

" အချိန်​ ရရင်​ ဆိုက်​ကား ဆရာ ဘာဘူကြီးနဲ့ ​ည​ဈေးတန်း သွားမယ်​ "

" အို "

" ဟာ ... ဒါနဲ့ မနက်​ဖြန်​ ရေပိုက်​ပြင်​မယ့်​ ကိုမိုးသီး လာမှာပဲ အဟိ "

" ဟင်​ "

 မိန်းမ အသံ တိတ်​သွား၏ ။ ကုန်​သွားပြီ ထင်​သည်​ ။ မိန်းမဖြစ်​သူကို အရမ်း ချစ်​လွန်းသဖြင့်​ နောက်​​နေ့တွင်​ ​ပြောပြပြီး ခွင့်​လွှတ်​လိုက်​မည်​ဟု စိတ်​ကူးလိုက်​ပြီး အိပ်​​ပျော်​​နေ​သော မိန်းမကို ​စောင်​ခြုံ​ပေး လိုက်​၏ ။

ထိုအခါကျမှ

" ဪ  ဒီကိစ္စ​တွေ အိမ်​က နွားကြီး သိလို့ မဖြစ်​ဘူး  ဟိဟိ "

" ခီး "

ထိုည၌ပင်​ ကိုပိန် ​တစ်​​ယောက်​ အထုပ်​ ဆွဲကာ ​တောထွက်​သွား​လေ ​တော့သည် ​။

Anys

No comments

Powered by Blogger.