တက္ကသိုလ်မှာ ဘယ်လို ချစ်သူမျိုး ရွေးမလဲ
ကိုယ့်ထက် အသက်ကြီးတဲ့ ( စီနီယာတွေ) ကို ချစ်ကြည့် မလား။
နည်းနည်း တော့ စဉ်းစားပါ။
အသက်ကြီးတဲ့ (စီနီယာ) တွေကို ချစ်ရတာ တော့ သိပ်ခက် တယ် ။
အငယ် ဆိုပြီး ခေါက် ခေါက် ထားတတ် တယ်။
မျှော်လင့်ချက် တွေ သိပ် ပေးတယ် ။
ကြိုးရှည်ရှည် နဲ့ လှန်တယ် ။
နောက်ဆုံး တော့ ကိုယ့် ခံစားချက် တွေက အမြဲ လျစ်လျူ ရှု ခံရတယ်။
ရင့်ကျက် နေတဲ့ သူတို့ အတွေ့ အကြုံ တွေက နှလုံးသားကို အစိမ်းလိုက် ဝါးစား သွားတတ်တယ် ။
စဉ်းစားပါ။
ကိုယ်နဲ့ ရွယ်တူ တွေကို ချစ်ကြည့်မလား။
ပင်ပန်းမယ်နော့် ။
ကိုယ့် ကို ဘယ်အချိန် ထားခဲ့ မှာလဲ ဆိုတဲ့ စိတ်နဲ့ အမြဲတမ်း စိတ်ဆင်းရဲ နေရမယ်။ ။
သိလျက်နဲ့ လည်း မသိဟန် ဆောင်ပေး နေရမယ် ။
မြင်လျက် နဲ့လည်း မမြင်ချင် ယောင် ဆောင် လျစ်လျူ ရှု ပေးနေ ရတယ် ။
အချစ်ကို ဘယ်တော့မှ တန်ဖိုး မထားတတ် ဘူး။ ရှေ့တင် တစ်မျိုးနဲ့ ကွယ်ရာ တစ်မျိုး လုပ်ကြလိမ့်မယ်။
နောက်ဆုံး ကိုယ့်ထက် သာတဲ့ သူတွေ့ပြီး ကိုယ့်ကို ဟတ်ကော့ ကြီးနဲ့ ချန်ထား ခဲ့မယ် ။
အဲ့တော့ ကိုယ့်ထက် ငယ်တဲ့ (ဂျူနီယာလေး) တွေကို ချစ်ဖို့ စဉ်းစား မလား။
အင်း. . . သေတောင် မစဉ်းစား နဲ့။
သူတို့ ကို ချစ်ရတာ သိပ် ရင်မော ရမယ် ။
အငယ်မို့ လို့ သည်းခံ နားလည် ပေးတာကို လဒူကြီး ဆိုပြီး အနိုင် ကျင့် ခံ ရမယ် ။
အလျော့ ပေးတော့ ပိုရောင့် တက်တယ်။
ချွဲ ချွဲ နွဲ့ နွဲ့ တီ တီ တာ တာ စကားတွေ နဲ့ မူယာ မာယာ များတယ် ။
အသည်း ခွဲနည်း မျိုးစုံ အကုန် ကျွမ်းတယ်။
တစ်စွတ်ထိုး ဆန်တယ် ။
စဉ်းစား ဆင်ခြင် နိုင်စွမ်း နည်းပါး တယ်။
သူ ဖြစ်ချင် တာပဲ သူ သိတယ်။
'' လူကြီးဖြစ်ပြီး ကလေးကို အလျော့ ပေးရမှာပေါ့ '' ဆိုတဲ့ စကား တစ်ခွန်း နဲ့ သူ ဆိုးသမျှ cover ယူသွားတယ်။
နောက်ဆုံး ကိုယ်ပဲ အသည်း ကွဲပြီး ကျန်ခဲ့ မယ် ။
အဲ့တော့ ဘယ်သူ့မှ မချစ်တာ အကောင်းဆုံး ပဲ ။
ကိုယ် တက်နေတဲ့ တက္ကသိုလ် သက်တမ်း လေးမှာ ဘော်ဒါတွေ နဲ့ အတန်း လစ်ပြီး ကမြင်းကြော ထ နေတာပဲ ကောင်းတယ်။
😁😁😁
Credit _ ခဲတံ ( Min Khant )
Post a Comment