အိမ်ထောင်ရေးတခု သာယာစိုပြေတယ်ဆိုတာ
အိမ်ထောင်ရေး တခု သာယာ စိုပြေအောင် ဆိုရင် ယောက်ျား ကပဲ ဖြစ်ဖြစ် မိန်းမကပဲ ဖြစ်ဖြစ် တဦးဦးတော့ တုံးနေမှ " အ " နေမှ ဖြစ်မယ် ။ အဲ့ဒီလိုမှ အိမ်ထောင် တခုဟာ ရေရှည် တည်မြဲ တတ်ပါတယ် ။
လင်မယား နှစ်ယောက်စလုံးက တော်နေ တတ်နေ တဲ့အခါ ကြတော့ အမြဲတမ်း အငြင်းအခုံတွေ အတိုက်ခံတွေနဲ့ တယောက်ကို တယောက် ဆရာလုပ်ကြရင်း အဆင်မပြေ ဖြစ်နေတတ် ပါတယ် ။
တချို့ အိမ်ထောင်သည်တွေ ကြတော့လည်း နှစ်ယောက်စလုံးက တော်နေ ထက်နေ ကြပေမယ့် တဦး တယောက်က " အ " ချင်ယောင် ဆောင်ပီး နေပေးတတ်ကြတယ် ။
တခါတလေမှာ လင်မယား နှစ်ယောက် စလုံး ကတောင် " အ " နေတတ် ကြတယ် ။ တကယ်တော့ အဲ့ဒါဟာ သူတို့ မသိလို့ မတတ်လို့ မပြောနိုင် " လို့ " နေကြတာ မဟုတ်ပါဘူး ။ အဲ့လို " အ " နေတယ် ဆိုတာကလည်း အိမ်ထောင်ရေး တခု မိသားစုလေး တစု သာယာ ပျော်ရွှင်အာင် မပျက်စီးအောင် ကိုသာ အဓိက ဦးစားပေးကြပြီး သူတို့ရဲ့ အတ္တနဲ့ မာနတွေကို ချိုးနှိမ် ထားကြလို့ပါ ။
Credit
Post a Comment