နေ့နံအလိုက် V - day အတွက် အချစ်ရေးဗေဒင်များ
=================
(တနင်္လာ)
--------------
v- day အတွက် ချစ်သူ တစ်ယောက် ရ မလိုလိုနှင့် မရပဲ အသဲကွဲကိန်းမြင်သည် ။ ပြောရလျှင် ဤ နေ့နံ ပိုင်ရှင်များသည် ချောကလက် ငတ်ကိန်း ရှိသူများ ဖြစ်ကြသည်။
fa ဘဝ မှလည်း တစ်သက်လုံး မကျွတ်နိုင်ပဲ v- day နေ့ တွင် အိမ် (သို့မဟုတ်) အဆောင်၌သာ အခန်းအောင်းလျက် နေနေရလိမ့်မည်။
လမ်းပေါ်တွင် ဥဒဟို သွားလာနေသော rs များကို အားကျစိတ်ဖြင့် ကိုယ့် ဘဝကို ကိုယ် စိတ်ပျက်နေလိမ့်မည်။ ဖြစ်နိုင်လျှင် ဘုရားနှင့် ပန်းခြံ များကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မသွားမိအောင် ရှောင်ပါ။ ကွကိုယ် ဆွဲကြိုးချ သေချင်စိတ် ပေါက်သွားလိမ့်မည်။
ယတြာ - ငှက်ပျော တုံး ဆောင်ထားပါ။ v day အမှီ ရည်းစားရနိုင်ချေ ရှိပါသည်။ သို့သော် မသေချာပါ။
******
(အင်္ဂါ)
-----------
၆ ပေ ကျော်ကျော် ရှိသော အရုပ်လက်ဆောင် ရ ကိန်း မြင်သည်။ သို့သော် နာမည် မှား ပေးမိခြင်း မျိုး ဖြစ်သည်။ v - day အမှီ crush မှ rs ချိတ်သွားသောကြောင့် စွန်းကြေကွဲ ၍ သေချင်စော် နံနေပေလိမ့်မည်။ couple အကျီ င်္ ဝတ်ရဖို့ မသေချာပါ။ သို့သော် ဂုံနီအိတ် ဝတ်ရ ကိန်း မြင်သည်။
ချောကလပ် စားရကိန်း မြင်သည်။ သူများကျွေးလို့ စားရခြင်းမျိုး ဖြစ်လိမ့်သည်။ ချောကလပ် နင် ၍ ဆေးရုံတက်ရကိန်း မြင်သည်။
fb တွင် တွေ့ရသော v - day အမှီ RS status များကြောင့် ကိုယ့်ကိုကိုယ် စည်ပင်မှုန့် ရေဖျော်သောက်ကာ အဆုံးစီရင်မည့် ကိန်း မြင်သည်။ ဖြစ်နိုင်လျှင် fb မသုံးလျှင် ကောင်းသည်။
ယတြာ - စီလီကွန် ရုပ်( သို့ ) ဖက်ခေါင်းအုံး ဆောင်ထားပါ။ v = day အတွက် အဆင်ပြေပါလိမ့်မည်။
*******
(ဗုဒ္ဓဟူး)
------------
v -da y အမှိီ ကိုယ်ချစ်သောသူကို ရဲရဲဝံ့ဝံ့ဖွင့်ပြောပြီး အဖြေတောင်းကြည့်ပါ။ အဖြေတော့ ပြန်မရပါ။ ပါး အချခံရ ပါလိမ့်မည် ။ ကိုယ့် crush လေး ၏ block ခံရကိန်းလည်း မြင်သည်။ ချောကလပ် ကျွေးမည့် သူ ပေါ်လာပါလိမ့်မည်။သို့သော် သူများ စားပြီးသား မကုန်၍ လာကျွေးခြင်း မျိုး ဖြစ်လိမ့်မည်။
သူငယ်ချင်းဖြစ် သူမှ မိမိ၏ အဖြစ်ကို သနားပြီး ပန်း ပေးပါလိမ့်မည် ။ သို့သော် ထို ပန်းကား ခွေးသေးပန်း ဖြစ်နေလိမ့်မည်။ v day နေ့တွင် ငုတ်တုတ် ထိုင်၍ စွန်းကြေကွဲ ရမည့် သူများ ဖြစ်သည်။
သူများ အတွဲ များကို ကြည့်၍ မျက်ရည် တောက်တောက် ကျလိမ့်မည်။ ကိုယ့် crush ၏ v day couple photo များကို ကြည့်၍ အသေကျေကွဲ၍ ပိုးစိုးပက်စက် ဂေါက်သွားကိန်းမြင်သည်။
ယတြာ- ကျောက်ပျဉ်ကို ဖင်ထောင်၍ ၃ ကြိမ် ဦးချပါ။ V - day တွင် ကံကောင်းခြင်းတွေ တွေ့ပါလိမ့်မည်။
*******
(ကြာသပတေး) ငွင်း ငွင်း
--------------------
v day အမှီ မိမိနှင့် လာရောက် rs ချိတ် ချင် သူများ ပေါနေပေ လိမ့်မည်။ အပေါဆုံးမှာ ချောကလတ် နှင့် ပန်းစည်း ဖြစ်သည်။ ချောကလပ် စားရလွန်း၍ ချောင်းဆိုး ချွဲ ကျပ်နိုင်သည် ချောင်းဆိုးပျောက်ဆေး ဆောင်ထားပါ။
လက်ဆောင် ပေးသူ များလှ၍ စိတ်ရှုပ်နေရ လိမ့်မည်။ couple shirt လှလှလေး ဝတ်ပြီး မြို့အနှံ့ ချစ်သူနှင့် ပတ်ရ ကိန်း မြင်သည်။
crush ကို ချစ်ရေး အမြန်ဆိုကြည့်ပါ။ အောင်မြင်ဖို့ သေချာသည်။
ယတြာ - ထွေထွေထူးထူး ချေစရာ မရှိပါ။ နက္ခတ် အကောင်းထဲတွင် ကျနေပါသည်။
*******
( သောကြာ)
----------------
ဒီတစ်နှစ်လည်း ရည်းစားရကိန်းမမြင်။ လွဲဖို့ သေချာသည်။ ရည်းစားဖြင့်လည်း ဘာမဟုတ်သည့် ပုရွတ်ဆိတ်လောက် ကိစ္စ သေသေးလေးဖြင့် သောက်ပြသနာ အကြီးကြီး တက်ပြီး လမ်းခွဲရလိမ့်မည်။ v day နေ့တွင် ခြေ ကျိုးရင် ကျိုး ၊ မကျိုးရင် လက်ကျိုးလိမ့်မည်။
ချောကလပ် ကို မိမိ ဘာသာ ဝယ်စားမည် ဟု ကြုံးဝါးသော်လည်း ချောကလတ် စားဖို့ နေနေသာသာ အကြွေးများ ဖြင့် ချာလပတ် ရမ်းလျက် ငတ်ကိန်း မြင်သည်။
Crush ၏ v -day လက်ဆောင် block ခြင်းကို ခံရလိမ့်မည်။ မျက်ခွက် ငယ်ငယ်လေးဖြင့် တိတ်တခိုး ကြေကွဲနေရလိမ့်မည်။
ယတြာ - ဆာဒူးကြီး ဝမ်းနှုတ်ဆေး အလုံး၂၀ လောက် ၃ ကြိမ်တိတိ သောက်ပါ။ v day တွင် အဆင်ပြေပါလိမ့်မည်။
*******
(စနေ)
--------
ချောကလက်စားရပါလိမ့်မည်။ စာပေးခံ ရကိန်း မြင်သည်။ သို့သော် ပို့စကတ် မဟုတ်ဘဲ အကြွေးတောင်းစာ ဖြစ်နေလိမ့်မည်။
အစဦးတွင် Rs ဖြစ်သော်လည်း v day မရောက်ခင် တစ်ရက် အလို တွင် ကိုယ့်ရည်းစား စနှိုက်ကြော် ခံရ၍ single ဘဝ ဖြင့် ဖြတ်သန်းရလိမ့်မည်။ ရည်းစားရနိုင်သည်။ သို့သော် v day ကျ တန်း အဖြတ် ခံရမည်။
ချောကလပ် စွန်းစားချင်လွန်း၍ ခိုးရာမှ ထောင် ကျကိန်း မြင်သည်။ သူငယ်ချင်း rs များကြား တစ်ကိုယ်တည်း ငပေါကြီး ဖြစ်နေလိမ့်မည်။
ယတြာ - ကိုယ့်ပါးကို ၁၆ချက်လောက် အားပါ ပါ ရိုက်ပေးပါ။ v day အမှီ အချစ်စန်းများ ပွင့်လာပါလိမ့်မည်။
*******
(တနင်္ဂနွေ)
--------------
ချစ်သူအတွက် couple shirt အကောင်းစားဟု ပြောကာ လေဘေးထည်မှ ဝယ်ပေးခြင်းကြောင့် ပြတ်ကိန်း မြင်သည်။ မိန်းကလေး fa များ အနေဖြင့် လည်း ဘဲ စားရကိန်း မြင်သည်။ v- day တွင် အိမ်မှ ဘဲ ကင်လိုက်ကျွေးလိမ့်မည် ဖြစ်သောကြောင့်ပင်။
ချစ်သူနှင့် v day တွေ့ဖို့ အသွား စက်ဘီး တိုက်ခံရပြီး ခြေကျိုး ကိန်း မြင်သည်။ ဖြစ်နိုင်လျှင် v-day တွင် အပြင်ကို လည်ပတ်မနေသင့် crush ၏ အကောင့်ဒ် လေးထဲ ဝင်၍ active now လေး ထိုင်ကြည့်ကာ v day ကိုကုန်ဆုံး နေသင့်သည်။
ယတြာ - ခြင်ဆေး ခွေကို အခွေလိုက် ဝါးစားပါ။ V- day မှာ ကံကောင်း လာပါလိမ့်မယ်။
😍😍😍
ဗေဒင်ဆရာ - ခဲတံ
(အာရုံခံ ပြီး ရမ်းတုတ်သည်။)
Post a Comment