မင်္ဂလာဦးညကို အနှောင့်အယှက်ပေးတဲ့ အရာလေးတွေအကြောင်း
*************
မင်္ဂလာဦးညကို အနှောင့်အယှက်ပေးတဲ့ အရာတွေအကြောင်း
Marry ရဲ့ စုံတွဲလေးတို့ရေ မင်္ဂလာဦးည ဆိုတာ စုံတွဲလေး တို့အတွက် အရေးအကြီးဆုံး အချိန်ကာလ တစ်ခုပါ။ ဒါကြောင့် စုံတွဲလေးတို့က မင်္ဂလာဦးညမှာ အပေးအယူ မျှမျှနဲ့ ဖြတ်သန်းနိုင်ဖို့က အရေးကြီးလှပါတယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို အချစ်ခရီးလမ်းရဲ့ ပထမဦးဆုံး အစပထမ ခြေလှမ်း ဖြစ်တဲ့အတွက် အဲ့ခြေလှမ်းလေးကို အကောင်းဆုံး လှမ်းနိုင်ဖို့ အစစ အရာရာ ပြင်ဆင်ထားရမယ့် တာဝန်က နှစ်ယောက်စလုံးမှာ ရှိပါတယ်။
မင်္ဂလာဦးညလေး အစစအရာရာ အဆင်ပြေနေစေဖို့ မင်္ဂလာဦးညကို ဘယ်အရာတွေက အနှောင့်အယှက်ပေးတတ်တယ် ဆိုတဲ့အကြောင်းပါ သိထားဖို့ လိုပါတယ်။ ဒါကြောင့် မင်္ဂလာဦးညရဲ့ အနှောင့်အယှက်တွေကို ရှောင်ရှားလို့ ရအောင် ပြောပြပေးမယ်နော်။
အမူးလွန်ခြင်း
အထူးသဖြင့် သတို့သားတို့ သတိပြုရမှာပါ။ မင်္ဂလာ ညစာ စားပွဲမှာတော့ သောက်ဖြစ်ကြမှာ သေချာပါတယ်။ ဒါပေမယ့် အမူးမလွန် သွားဖို့တော့ သတိပြုရမှာ ဖြစ်ပါတယ်။
အလွန်အကျွံ သောက်သုံးခြင်းက မင်္ဂလာဦးညရဲ့ ရင်ခုန် စိတ်လှုပ်ရှားဖွယ် ခံစားချက်တွေကို ပျောက်ဆုံးသွားစေမှာ ဖြစ်သလို တစ်သက်လုံးစာ ပြန်လည် အမှတ်ရခံစားဖို့ သိမ်းဆည်းထားရမယ့် အမှတ်တရ ခံစားချက်တွေကိုပါ ဘာမှန်းသိတော့မှာ မဟုတ်တဲ့အတွက် မင်္ဂလာဦး ညမှာ အမူးမလွန်ဖို့ သတိပြုပါနော်။
ချွေးစိုနေတဲ့ အဝတ်အစားတွေ
ချွေးစိုနေတဲ့ အဝတ်အစားတွေကတော့ အနံ့အသက် ရှိနိုင်တဲ့အပြင် တူနှစ်ကိုယ် ချစ်တင်းနှောဖို့ အတွက်လည်း ဆွတ်ပျံ့ကြည်နူးဖွယ် ခံစားချက်တွေကို တားဆီးပစ်လိုက်မယ့် အနှောင့်အယှက်ဆိုး တစ်ခုပါ။
ဒါကြောင့် မင်္ဂလာဦးည အိပ်ယာမဝင်ခင်မှာ ချွေးစိုနေတဲ့ အဝတ်အစားတွေကို လဲလှယ်ပစ်ဖို့ လိုအပ်သလို ခန္ဓာကိုယ်မှာ အနံ့ဆိုး မရှိအောင်လည်း သတိပြုရမှာပါ။
credit သတင်းများစုစည်းရာ
Post a Comment