Header Ads

🌸 မေတ္တာစစ်ဆိုတာ 🌸


ကောင်လေးက ကောင်မလေးကို လက်ထပ်ခွင့် တောင်းတုန်းက စကားလုံး ၅ လုံးပဲ ပြောခဲ့တယ်

" ကို့ ကို ယုံကြည်ပါ"

အိမ်ထောင်ကျပီး ကောင်မလေးက ကိုယ်ဝန် ရလာကာ သမီးလေး မွေးပေးတဲ့ အခါကျတော့ ကောင်လေးက "ချစ် ပင်ပန်းသွားပီ" လို့ ပြောပီး နှစ်သိမ့် ကျေးဇူးတင်စကား ပြောခဲ့တယ်။

သမီးလေး အရွယ်ရောက်လာပီး အိမ်ထောင်ကျတော့ လင် ယောက်ျားနောက် လိုက်သွားရတဲ့ သမီးလေးကိုကြည့်ပီး မျက်ရည် ကျနေတဲ့ ဇနီးသည်ရဲ့ ပခုံးလေးကို ဖက်ကာ " ချစ်... ကို ကျန်သေးတယ်" လို့ပြောပီး ဇနီးသည်ရဲ့ လွမ်းဆွေးမှူကို ဖြေဖျောက်ပေးခဲ့တယ်။

အသက်​အရွယ်​တွေ ကြီးရင့်လာပီး ရောဂါဝေဒနာ ဖီစီးမှူကြောင့် အိပ်ရာထဲ လဲနေရှာတဲ့ ဇနီးသည်ရဲ့ လက်ကလေးကိုင်ကာ " ချစ်.... အားမငယ်နဲ့ " ဆိုပီး အားအင်သစ်တွေ ဖြည့်တင်းပေးခဲ့တယ်။

မီးစာကုန်​ ဆီခန်းပီး ဘဝကူးတော့မည့် ဇနီးသည်ကို လင်ယောက်ျားဖြစ်သူက အငို မျက်နှာဖြင့် နာဖူးလေးနမ်းကာ " ကို့ကို စောင့်နေနော် "လို့ပြောပီး နောက်ဆုံး ထွက်သက်အထိ သူ၏ မေတ္တာစစ်ကို ချစ်ဇနီးသည်အပေါ် သက်သေပြခဲ့တယ်။

ချစ်ခြင်း မေတ္တာဆိုတာ" ချစ်တယ်" လို့ ပါးစပ်က ပြောနေရုံနဲ့ မရဘဲ ရင်ထဲ အသွေးအသားထဲက ကိုယ့်ဘဝရဲ့ လက်တွဲဖော်ကို နောက်ဆုံး ထွက်သက်အထိ နွေးထွေး ကြင်နာခြင်းပါ။


ချစ်တယ်လို့ ပါးစပ်ကပြောကာ လေထဲမှာ အချစ်ရဲ့ စွမ်းအင်တွေ ပျောက်ကွယ်သွားပီး အရွယ်ကျလာလေလေ မေတ္တာခမ်းလာခဲ့ရင် မေတ္တာစစ် မဟုတ်ပါ။

လူတစ်ယောက်ကို နက်နက်ရိုင်းရိုင်း ချစ်ခဲ့မိရင် ကိုယ်ချစ်ရသူရဲ့ အားသာချက်တွေကို လေးစားလာသလို အားနည်းချက်တွေကိုလည်း ချစ်တတ်လာပါလိမ့်မယ်။


မေတ္တာစစ်တို့မည်သည် အသက်ကြီးလာလေ ပိုလေးနက်လာပီး နောက်ဆုံးသေကွဲ ကွဲခဲ့ရတဲ့ အခါမှာလည်း ရင်ထဲမှာ တမ်းတနေတာမျိုးပါ။ ကိုယ့်အပေါ် မေတ္တာစစ်နဲ့ ချစ်တဲ့သူ တစ်ယောက်ကို နားလည်မှူ အလွဲတစ်ခုကြောင့် အဝေးသို့ မောင်းထုတ်လိုက်သလို မဖြစ်ပါစေနဲ့နော်။

💚💚💚
Credit _ 99Saturday

No comments

Powered by Blogger.