စိတ်အားငယ်တတ်သူကို ချစ်နေမိရင် သင်သိသင့်တဲ့အချက်များ
၁ ။ စိတ်အားငယ်တတ်သူတွေ ဟာ အပြင်ပန်းမှာတော့ မာကြောကြတယ် ။သူတို့ကို အပြင်ပန်းကြည့်ရင် စိတ်အားငယ်တတ်သူ တစ်ယောက်လို့တောင် ထင်ချင်စရာ တစ်ကွက်မှ မရှိပါဘူး။ သူတို့ရဲ့ အားငယ်တတ်တဲ့ အတွင်းစိတ်ကလေးကို ရသလောက် ဖုံးကွယ်ထား တတ်ကြတာပါ ။ ဒါ့ကြောင့် သူ့ရဲ့ အပြင်ပန်းသဏ္ဍာန်နဲ့ သူ့ရဲ့ အတွင်းစိတ်ကို သွားပြီး မခန့်မှန်းလိုက်ပါနဲ ။
၂ ။ မျှော်လင့်မထားဘဲ သင်သူတို့ဆီ ရောက်သွားရင် ပျော်ရွှင်တတ်ကြပါတယ် ။ အားငယ်တတ်တဲ့ သူတွေက သူတို့ဘေးမှာ တစ်ယောက်ယောက် ရှိနေရင် ခွန်အားတွေ ရရှိလာ တတ်ကြပါတယ် ။
၃ ။ သူတို့က တခြားသူတွေရဲ့ အပြုအမူနဲ့ ၊ စိတ်ခံစားမှုတွေကို တအား အာရုံ စိုက်ကြတယ် ။ သူတို့နဲ့တွေ့ရင် သင့်ရဲ့အပြုအမူ ၊အပြောအဆိုတွေ မမှားယွင်းအောင် နေထိုင် ပါ ။
၎ ။ သူတို့ဟာ တခြားသူတွေကို စိတ်ဒုက္ခ ၊ သို့မဟုတ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး ။ အားနာနေ တတ်ကြတယ် ။ သူတို့ တကယ် လိုအပ်နေသော်လည်း ငြင်းပယ်ချင် ငြင်းပယ်တတ် ကြပါတယ် ။
၅။ စိတ်အားငယ်တတ် သူတွေဟာ မွေးရာပါ အတွေးအခေါ် ပညာရှင်တွေ ဖြစ်ကြတယ် ။ သူတို့က ထူးချွန်ကြတယ်။ စပ်စုကြတယ်။ တီထွင်ဖန်တီး နိုင်စွမ်းတွေ တအားကောင်းတယ် ။ သူတို့ရဲ့ ကောင်းတဲ့ အချက်အလေးတွေ တွေ့ရင် အသိအမှတ်ပြုပေးပါ ။ သူတို့က တခြားသူရဲ့ လေးစားမှုကို တကယ်ပဲ တန်ဖိုးထားကြပါတယ် ။
၆။ သူတို့က ရယ်မောဖို့ ၊ ပျော်ရွှင်ဖို့ အခွင့်အရေးကို မျှော်လင့်ကြတယ် ။ရယ်စရာ၊ မောစရာလေးတွေ ရှိတဲ့အခါ သူ့ကိုပြောပြပါ ။ ပျော်ပွဲရွှင်ပွဲတွေ သွားရင်လည်း သူ့ကို ခေါ်သွားဖို့ မမေ့ပါနဲ့ဦး ။
၇။ သူတို့ဟာ တခါတလေ အကြောင်းအရင်း တိတိပပ၊ မယ်မယ်ရရမရှိပဲ စိတ်အားငယ်နေတတ်ပါတယ် ။အဲ့ဒီအတွက် သူ့ကို အပြစ်မတင်ပါနဲ့ ။ သူနဲ့အတူ ရှိနေပေးလိုက်ပါ ။
၈။ တခါတလေ သူတို့ ထထဖောက် တတ်ပါတယ် ။တအားကို စိတ်ဆိုးလွယ် နေတတ်ပါတယ် ။ အဲ့ဒီလို အချိန်မျိုးမှာ သူပြောတာတွေကို အတည်မယူပါနဲ့ ။ သူ့ကို နားလည်မှု ပေးလိုက်ပါ ။ သူသင့်ကို ချစ်ခင်ပါလိမ့်မယ် ။
၉။ သူတို့မှာ သူများနဲ့ မတူတဲ့ ပါရမီ၊ ဝါသနာ ၊ အရည်အချင်းတွေ ရှိပါတယ် ။ သူတို့ရဲ့ အရည်အချင်းတွေကိုချီးကျူးပါ ။ အသိအမှတ်ပြုပါ။ ဝါသနာချင်း ဖလှယ်ပါ ။
၁၀။ သူတို့ဟာ သူတို့ကိုယ်တွင်းက ” စိတ်အားငယ်ခြင်း " ဆိုတာကြီးနဲ့ တိုက်ပွဲ ဝင်နေရတာပါ ။ သူတို့ဟာ ပြင်ပ အကူအညီတွေ အများကြီး လိုအပ်နေပါတယ် ။
စိတ်အားငယ်တတ်တဲ့ ချစ်သူလေးနဲ့ တွေ့ရင် ဒီအချက်လေးတွေကို သတိရပါ ။ သင်ဟာ သူ့ရဲ့ အဖော်မွန်ကောင်း ဖြစ်လာပါလိမ့်မယ် ။ သူတို့သင့်ကို ချစ်ခင်လာပါလိမ့်မယ် ။သင့်ကြောင့် သူဟာ “စိတ်အားငယ်ခြင်း ” ဆိုတဲ့ အတွင်းရန်သူကိုတောင် အလဲထိုး အနိုင်ယူ သွားနိုင်ပါလိမ့်မယ် ။
credit to original
Post a Comment