Header Ads

နှစ်ယောက်တစ်ဘဝ ထူထောင်ဖို့ လွယ်တယ်ထင်နေလား..?


ပတ်ဝန်းကျင်က သိပ်မေးလွန်းတယ်,,.

- သူတို့ ၂ ယောက်တွဲတာ ကြာပြီနော်
- မယူကြသေးဘူးလား
- အကြာကြီးတွဲတာ မကောင်းဘူးနော် မိန်းကလေးဘက်က နာတယ်
- မြန်မြန် ယူကြတော့လေ.....
- သီတင်းကျွတ်ပြီနော် ဘယ်တော့လဲ?
- စားရတော့မလား

ထိုစကားတွေကို ချစ်သူ ရှိကြတဲ့ မိန်းကလေးတွေ အများဆုံး ကြားဖူးကြမှာ ဧကန်မလွဲပဲ

ပြောချင်တယ်လေ... ဟုတ်ပါတယ် တွဲတာကြာပါပြီ.. ဘယ့်နှယ့်ပြောစ ချစ်တဲ့သူနဲ့ ဘဝတစ်ခု ထူထောင်ချင်တာပေါ့

ကဲစပြီ .... ဟုတ်ပြီ လက်ထပ်မယ်.. ခုခေတ် လက်ထပ်တဲ့ စရိတ် စတွက်ပြီ

မင်္ဂလာခန်းမ
ဝတ်စုံ
မိတ်ကပ်
အကျွေးအမွေး

မေးကြည့်ချင်တယ် အဲ့ပတ်ဝန်းကျင်က လူတွေကို အဲ့ကုန်ကျ စရိတ်တွေ ပေးမှာမို့လို့ အတင်း ယူခိုင်းနေတာလား.. အလကား sponser ပေးလို့ကတော့ မင်္ဂလာ ၆ ပွဲ မပြောနဲ့ အပွဲ ၁၀၀ လောက် လုပ်ပေးမယ် ဆိုလည်း ဒီကမငြင်းဘူး..

အပင်ပန်းခံပြီး မင်္ဂလာဆောင်ပေးမယ်.. ခုခေတ်က တွက်ရပြီလေ စရိတ်တွေက ချဲ့ရင် ချဲ့သလို ကုန်တယ်.. မလိုအပ်တဲ့ နေရာမှာ ပိုက်ဆံ ပိုမသုံးချင်တာ အမှန်ပဲ.. အသိုင်းအဝိုင်းရှိလို့ ကုန်ရတဲ့ ပိုက်ဆံကို မပြောလိုဘူး.. ပြောချင်တာက တကယ်ချစ်တဲ့ စုံတွဲတိုင်းမှာ အိပ်မက်ကိုယ်စီ ရှိပြီးသားပါ.. ယူတာ စောတယ် နောက်ကျတယ် ဆိုတာ အချိန်ပါပဲ.. ဒါသူတို့ဘဝနဲ့သူတို့ပါ အပြစ်ပြောလို့မရဘူး... ငွေရှာကောင်းတဲ့ အရွယ်မှာ ငွေရှာထားတာ မမှားဘူးလေ.. အဲ့ငွေမရှိဘဲ ဘယ်လို ဘဝတစ်ခု ထူထောင်မလဲ ?


ယောကျာင်္းလေး ဘက်က ကိုယ်ယူရမယ့် ကိုယ့်ဇနီးမယားကို မျက်နှာမငယ်အောင် ထားနိုင်ဖို့ သူတို့ကြိုးစားနေတဲ့ ကာလမှာ မိန်းကလေး ဘက်ကလည်း နားပူနားဆာ မလုပ်သင့်ဘူး.. ပတ်ဝန်းကျင် ဆိုတာ ဂရုစိုက်သင့်သလောက် စိုက်ပြီး ကိုယ့်ရှေ့ရေးအတွက် မလိုလားအပ်တဲ့ စကားတွေ နားမယောင်စေချင်ဘူး..


မိဘ အရှိန်အဝါနဲ့ ကြီးကြီးကျယ်ကျယ် မင်္ဂလာဆောင်ပေးတဲ့ ယောကျာင်္းထက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ပိုက်ဆံနဲ့ တင့်တောင့်တင့်တယ် မင်္ဂလာဆောင်ပေးမယ့် ယောကျာင်္းမျိုးကိုပဲ လိုချင်မိတာ မိန်းကလေးတွေရဲ့ မငြင်းနိုင်တဲ့ အိပ်မက်တစ်ခုပါ။

credit to original

No comments

Powered by Blogger.