အဖော်အချွတ်မော်ဒယ်တွေသုံးပြီး အရောင်းမြင့်တင်တဲ့ ထိုင်းကော်ဖီဆိုင်ပိုင်ရှင် ထောင်ကျဖွယ်ရှိ
Sexy ကျတဲ့ မိန်းကလေးတွေကို အသုံးပြုပီး ဆိုင်ရောင်းအား တက်အောင် လုပ်တဲ့ ဖြစ်ရပ်တွေ တဖြည်းဖြည်း ပိုမိုများပြားလာတာကို တွေ့ရှိရပါတယ်။ ဆိုင်တွေက ရောင်းအား ကျပြီ ဆိုတာနဲ့ မလုံမခြုံဝတ်၊ Body ကို လှစ်ဟပြထားတဲ့ မော်ဒယ် ကောင်မလေးတွေကို ငှားပြီး ဈေးရောင်းခိုင်းကြပါတယ်။
ဒီလို ကောင်မလေးတွေက ဈေးရောင်းတာနဲ့ တစ်ပြိုင်တည်း လူတွေကလည်း စိတ်ဝင်စား၊ ဈေးလာဝယ်သူတွေ ၀ိုင်းအုံလာခဲ့ပြီး ရောင်းအားက ခဏချင်းအတွင်း တက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆိုင်ပိုင်ရှင်တွေက နောက်ပိုင်းမှာ ရောင်းအားကျတာနဲ့ အလွယ်လမ်းကို လိုက်ပြီး Sexy ကောင်မလေးတွေကို ငှားပြီး ဈေးရောင်းခိုင်းကြတာပါ။
ထိုင်းနိုင်ငံ Chonburi ပြည်နယ်၊ Sattahip ခရိုင်မှာ ရှိတဲ့ Nina Coffee ဆိုင်ကတော့ အဲ့ဒီလို အလွယ်လမ်းလိုက်လို့ တရားစွဲခံနေရပါတယ်။ ဆိုင်ရောင်းအားတက်အောင် အတွင်းခံ (Underwear) နဲ့ ရှေ့ဖုံးခါးစည်းပဲ ၀တ်ထားတဲ့ ကောင်မလေးတွေကို သုံးခဲ့လို့ပါ။ ဆိုင်ပိုင်ရှင်ကတော့ Prasong Sukkorn ဆိုသူပါ။
မော်ဒယ်တစ်ယောက်က Coffee free ရဖို့ ဆိုင်အတွက် ဓါတ်ပုံရိုက်ပေးမယ်လို့ ကမ်းလှမ်းရာကနေ ဒီစိတ်ကူးရခဲ့တာလို့ ဆိုပါတယ်။ ဆိုင်ပိုင်ရှင် Sukk orn နဲ့ Arisa Suwannawong နဲ့ Minggomut “Ming” Kongsawas တို့ကို ရဲက ဆင့်ခေါ်ခဲ့ပါတယ်။ ကော်ဖီဆိုင်ကြော်ငြာဟာ အရမ်းတွေ Sexy ဖြစ်လွန်းပြီး မသင့်တော်တဲ့ အတွက်ကြောင့် ဆင့်ခေါ် ခဲ့တာပါ။
Arisa က ကြော်ငြာဗီဒီယိုဖိုင်မှာ ရှေ့ဖုံးခါးစည်းကို ၀တ်ထားပြီး အောက်ပိုင်း ဗလာနီးပါး ဖြစ်နေပါတယ်။“ကျမ အခု Nina Coffee ဆိုင်မှာပါ။ ကော်ဖီက အရမ်းအရသာ ရှိတာပဲ။ ကိတ်ကလည်း အရမ်းကောင်းတယ်။ နို့တွေ အများကြီး သုံးထားတယ် …” ဆိုပြီး ကြော်ငြာထားတာပါ။ ကော်ဖီဆိုင်ကြော်ငြာလား၊ လူကြော်ငြာလား မသဲကွဲလောက်တဲ့ ပုံစံဖြစ်နေ ခဲ့ပါတယ်။
မော်ဒယ် တွေကတော့ သူတို့က အခကြေးငွေမယူပဲ ဆိုင်ပိုင်ရှင်ကို အခမဲ့ကူညီပေးတာလို့ ပြောခဲ့ပါတယ်။ “ဆိုင်ပိုင်ရှင်က မြို့နဲ့ အရမ်းဝေးတော့ သူ့ဆိုင်ကို လူမလာဘူး ဆိုပြီးပြောတယ်။ ဒါကြောင့် ကျမကပဲ ဗီဒီယိုရိုက်ပေးမယ်လို့ ပြောခဲ့တာပါ။ သူဒီဗီဒီယိုဖိုင်ကို ရှယ်လို့ရအောင်။ Ming ကတော့ ဓါတ်ပုံရိုက်ပေး ခဲ့တာပါ..” လို့ Arisa Suwannawong က ပြောခဲ့ပါတယ်။
ရောင်းအား တက်လာအောင် SEXY မော်ဒယ်တွေသုံးတဲ့ နည်းက တကယ်လည်း ထိရောက်ခဲ့ပါတယ်။ FB မှာ အဲဒီ ဗီဒီယိုကို တင်ပြီး ငါးနာရီအကြာမှာပဲ Comments (၃၅၀၀) ကျော်၊ Reactions (21,000 ) နဲ့ ရှယ်တဲ့သူ ( 8,800 ) တောင် ရှိခဲ့ ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ လူ့အများစုရဲ့ ဝေဖန်ပြောဆို တုံ့ပြန်မှုတွေကြောင့် ဆိုင်ပိုင်ရှင် Sukkorn တစ်ယောက် သူ့ Post ကို ဖျက်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။
Comment တစ်ခုမှာဆိုရင် “ ကော်ဖီဆိုင် ဖွင့်ချင်တာလား.. ? ပြည့်တန်ဆာအိမ် ဖွင့်ချင်တာလားး.? ဆိုပြီး မန့်ထားတာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ ဆိုင်ပိုင်ရှင်ဟာ sexy မော်ဒယ်တွေ သုံးပြီး ရောင်းအားတက်ဖို့ ကြံစည်မိလို့ ထောင်နန်းစံ ရတော့မယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်ငါးနှစ် (သို့) ဒဏ်ငွေဘတ် တစ်သိန်းပေးဆောင် ရနိုင်ချေရှိတယ် လို့ သိရပါတယ်။
source koreaboo
Post a Comment