Header Ads

သင် ဘယ်လမှာ မွေးတာလဲ 💘


★ ★ ★ ★ ★ ★ ★ ★ ★
JANUARY မှာ မွေးဖွားသူတွေဟာ

- ရိုးသားဖြောင့်မတ် မှန်ကန်သူများ ဖြစ်ကြသည်
- အစွဲအလမ်း ကြီးကျသလို အနစ်နာခံ ချစ်တတ်ကြသည်
- သစ္စာ ကြီးကြသည်
-အမြင်ကျယ်သူများ ဖြစ်ကြပြီး မေတ္တာရေးတွင် လေးနက်သူများ ဖြစ်သည်

FEBRUARY မှာ မွေးဖွားသူတွေဟာ

- အေးအေးဆေးဆေး နေတတ်သူများ ဖြစ်ကြသည်
-အလွန် နားလည် ခွင့်လွှတ်တတ်သော မေတ္တာရှင်များ ဖြစ်ကြသည်
- အေးလွန်းတဲ့ သူများ ဖြစ်၍ မချစ်တတ်သူ… ရေခဲတုံးများ ဟု အထင်ခံ ကြရသည်
- ရှက်တတ်သူများလည်း ဖြစ်သည်

MARCH  မှာ မွေးဖွားသူတွေဟာ

- သံယောဇဉ် ကြီးမားသူများ ဖြစ်ပြီး အချော့ကြိုက် အပျော့ကြိုက်သူများ ဖြစ်သည်
- မိသားစု သူငယ်ချင်း တွေအပေါ် အရမ်းတွယ်တာသည်
- သစ္စားတရား ကြီးမားသူများ ဖြစ်ပြီး မိမိရဲ့ စကားတစ်ခွန်းကို တန်ဖိုးထား တာဝန်ယူ တတ်သူများ ဖြစ်ကြသည်

APRIL မှာ မွေးဖွားသူတွေဟာ

-တဇွတ်ထိုး လုပ်တတ်ကြပြီး စိတ်ဒေါသ ကြီးတတ်ကြသည်
- သံယောဇဉ် ကြီးမားတတ်ကြပြီး
လူရိုးလူဖြောင့်များ ဖြစ်သည်
- အလွန်ချစ်တတ်ကြပြီး သူတစ်ပါးပေါ် အရမ်း ကောင်းသူများဖြစ်သည်
- မေတ္တာရေးမှာ အပေးသမားများ ဘဖစ်ကြသည်
-အချစ်ဦးနှင့်လွဲကြသည်

MAY မှာ မွေးဖွားသူတွေဟာ

- သူတစ်ပါးကို ကူညီတတ်ကြပြီး လေးစား တန်ဖိုးထားကြသည်
-ရဲတင်း ပြတ်သားကြပြီး ထက်မြက်ကြသည်
-အလွန် စိတ်ကူးယဉ် တတ်ကြသည်
- မိမိ လေးစားသူကို နှစ်သက်ကျပေမယ့်… ကိုယ့်ကိုယ်ကိုသာ ပိုချစ်တတ်သူများ ဖြစ်သည်

JUNE မှာ မွေးဖွားသူတွေဟာ

-စိတ်ကြီးသည်… ဆတ်ဆတ်ထိ မခံတတ်ကြပေ
-သူများအပေါ် အလွန်ကောင်းပြီး မိမိအပေါ်ဆိုးသူ ဆိုရင် လှည့်တောင် မကြည့်တတ်ကြပေ
-စိတ်ပြောင်းလဲ လွယ်ကူကြပြီး မိဘကို အချစ်ရေးထက် ဦးစားပေးကြသည်

JULY မှာ မွေးဖွားသူတွေဟာ

-အလွန် မျက်နှာစန်းပွင့်သူများ ဖြစ်ပြီး ပေးဆပ် ခွင့်လွှတ်တတ်ကြသည်
- ခေါင်းမာတတ်ခြင်း မာနကြီးတတ်ခြင်း တို့ကြောင့် ဘဝအဖော်ကောင်းများ ဆုံးရှုံးကြသည်
- နှလုံးသားနှင့် ဦးနှောက်ကို ချင့်ချိန် အသုံးပြုသူများ ဖြစ်သည်

AUGUST မှာ မွေးဖွားသူတွေဟာ

-စိတ်ခံစားလွယ် နူးညံ့ထိခိုက်လွယ် သူများဖြစ်သည်
-လူချစ်လူခင် ပေါကြပြီး ရည်မှန်းချက် ကြီးတတ်ကြသည်
-မိမိဘဝကို အနစ်နာ၍ ချစ်တတ်ကြသည်
-ယုံစားလွယ်၍ မေတ္တာလှည့်စား ခံကြရသည်

SEPTEMBER မှာ မွေးဖွားသူတွေဟာ

- တစ်ယောက်ထဲ အေးဆေး နေတတ်ကြသည်
-အရမ်း ချစ်တတ်ပေမယ့် ခံစားချက်ကို မဖော်ပြတတ်သူများ ဖြစ်၍ အချစ်ကံခေ ကြသည်
- မှတ်ညဏ် ကောင်းကြသည်
- အပျင်းမက်တတ်၍ အရေးကြီးကိစ္စများ လက်လွှတ်ရတတ်သည်

OCTOBER မှာ မွေးဖွားသူတွေဟာ

- အေးဆေး နေတတ်သူများ ဖြစ်ကြပြီး လျို့ဝှက်သိုသိပ် သူများဖြစ်ကြသည်
- ပြန်မပြော နားမထောင်သူများ ဖြစ်သလို တဇွတ်ထိုး လုပ်တတ်ကြသည်
- ဥပေက္ခာပြုတတ်သော နှလုံးသားကို ပိုင်ဆိုင်ထားကြသည်

NOVEMBER မှာ မွေးဖွားသူတွေဟာ

-အလွန်စာနာ သနားကြတတ်သူများ ဖြစ်ကြသည်
- နှလုံးသားကို ဦးစားပေးကြသူများ ဖြစ်ပြီး စူးစူးစိုက်စိုက် ချစ်တတ်ကြသည်
- မျက်နှာပွင့်ပြီး လူချစ်လူခင် ပေါကြသည်
-သူတစ်ပါးအပါ် အနိုင်ယူလိုကြသည်
-

DECEMBER မှာ မွေးဖွားသူတွေဟာ

- အပေးသမားဖြစ်ကြပြီး ကိုယ်ချစ်ကို ဦးစားပေးကြသည်
- လွတ်လပ်မှုကို မြတ်နိုးကြပြီး လေနှင်ရာ ရွက်လွှင့်ချင်သူများ ဖြစ်ကြသည်
- မနာလို ဝန်တိုခြင်း ကင်းကြသည်…
- အလွယ်ယုံ တတ်ကြသူများ ဖြစ်ကြသည်

Credit to original

No comments

Powered by Blogger.