Header Ads

သင်အမှန်တကယ် ချစ်သင့်တဲ့ချစ်သူဆိုတာ 💘


💓💓💓💓💓💓💓💓💑

💘 သူဘေးနားမှာ ရှိနေတိုင်း နွေးထွေးလုံခြုံတဲ့ ခံစားမှုကို ပေးစွမ်းနိုင်တဲ့သူ။

💘 သင် စိတ်ပျက် အားငယ်နေတဲ့ အခါတိုင်းမှာ စိတ်ဓာတ် ခွန်အားတွေ မြှင့်တင်ပေးတဲ့သူ။

💘 သင့်ရဲ့ စိတ်ခံစားချက် တွေတိုင်းကို မကွယ်မဝှက် ထုတ်ဖော်ပြောနိုင်တဲ့သူ။

💘 သူနဲ့ ပတ်သက်ပြီး ကိစ္စတိုင်းကို မကွယ်မဝှက် ပြောပြတတ်တဲ့သူ။

💘 သင့်အားနည်းချက်တွေ တွေ့လည်း လက်ခံပွေ့ဖက် ပေးတတ်သူ။

💘 သင့် စိတ်ဆိုး၊ စိတ်ကောက်တာတွေ ဒေါသထွက်တာတွေ အားလုံးကို မငြီးမငြူ တတ်တဲ့သူ။

💘 ကမ္ဘာလောကကြီးက သူ့ရဲ့ အမြင်တွေကို သင်နဲ့အတူ မျှဝေတဲ့သူ။

💘 လူသားဆန်ပြီး ကြင်နာတတ်တဲ့ နှလုံးသား ရှိတဲ့သူ။

💘 သင်နဲ့အတူ တရားမျှတစွာ ငြင်းခုံနိုင်တဲ့သူ။

💘 ငယ်ကျိုးငယ်နာတွေ ဖော်ပြီး ရန်ဖြစ်ကြပေမယ့် ခဏအကြာမှာ ဘာမှ မဖြစ်ခဲ့သလို ပြန်တည့်သွားတတ်တဲ့သူ။

💘 သူ့ရှေ့မှာဆို ဟန်ဆောင်စရာ မလိုဘဲ အရှိအတိုင်း နေလို့ရတဲ့သူ။

💘 သင့်ရဲ့ အရည်အချင်းတွေကို မြင်တတ်ပြီး သင့်ရဲ့ဘဝကို တန်ဖိုးတွေ မြင့်တက်လာအောင် ပဲ့ကိုင်ထိန်းမတ်ပေးတဲ့သူ။

👨 သင့်ရဲ့ ချစ်သူဆီမှာ ဘယ်အချက်တွေ ရှိနေလဲ?💝

အဲဒီ အချက်တွေနဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ကို ချစ်သူအဖြစ် ပိုင်ဆိုင်ထားတယ် ဆိုရင် သင်ဟာ သိပ်ကို ကံကောင်းတဲ့သူ တစ်ယောက်ပါ။

သင့်ချစ်သူကို mention ခေါ်ပြီး သိပ်ချစ်တဲ့အကြောင်း ပြောဖို့မမေ့နဲ့နော်။ သင့်ချစ်သူ ဖတ်ရဖို့ ဒီစာလေးကို SHARE ပေးလိုက်ပါဦး။👫
💓💓💓💓💓💓💓💓

credit to Original

No comments

Powered by Blogger.