Header Ads

ချစ်သူကို လည်ပတ်ကြိုးတပ်ပီး ဆွဲခေါ်လာတဲ့ မိန်းကလေးကြောင့် တရုတ် Online မှာ ပွက်လောရိုက်


ချစ်သူကို လည်ပတ်ကြိုး ဆွဲပြီး လမ်းတလျှောက် လေးဖက်ထောက် ခေါ်လာတဲ့ မိန်းကလေးရဲ့ ဓာတ်ပုံကြောင့် တရုတ် ဆိုရှယ်မှာ ပွက်လော ရိုက်ခဲ့ပါတယ်

တရုတ်ပြည်ရှိ ဝီဘိုဆိုရှယ် စာမျက်နှာမှာ တက်လာခဲ့တဲ့ ဓာတ်ပုံ တစ်ပုံကြောင့် ဆိုရှယ် အသုံးပြုသူတွေ အားလုံးကို ဟင်ခနဲ ဟာခနဲနဲ့ ပွက်လောရိုက် ဆူညံ သွားစေခဲ့ပါတယ်။ တချို့ကလည်း ဒီဓာတ်ပုံကို ကြည့်ပြီး ဒေါသထွက် ပေါက်ကွဲသံတွေ၊ ဝေဖန်သံတွေလည်း ထွက်လာခဲ့တယ် လို့ သိရှိရပါတယ်။

ဖူဂျန် ပြည်နယ်၊ ဖန်ကျိုး မြို့တော်က နေရာတစ်ခုရဲ့ အများပြည်သူ သွားလာရာ လမ်းလည်ခေါင်မှာ အပြာရောင် ဂါဝန် ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ချစ်သူ အမျိုးသားတစ်ဦး လို့ ယူဆရတဲ့ အမျိုးသားကို လည်ပင်း သံကြိုးခတ်ဆွဲပြီး လေးဖက်ထောက်ကာ နောက်ကို လိုက်စေခဲ့တဲ့ ပုံပဲ ဖြစ်ပါတယ်။ လမ်းတစ်လျှောက် ကို အမျိုးသမီးက သံကြိုးဆွဲကာ အမျိုးသားမှာ လေးဖက်ထောက် ခေါင်းငုံ့လျှက် နောက်လိုက်နေခဲ့တဲ့ ပုံရိပ်ကို ရိုက်ယူထားတဲ့ ဓာတ်ပုံ တစ်ပုံပဲ ဖြစ်ပါတယ်။

လူစည်ကားတဲ့အချိန်နဲ့ လမ်းသွားလမ်းလာတွေ အများအပြား သွားလာနေချိန်မှာ ယင်းသို့သော အံ့အားသင့်စရာ နဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ မြင်ကွင်းကို လူတွေ ကြည့်ရှုနေကြပြီးတော့ ဘယ်သူဘယ်ဝါနဲ့ အဘယ် အကြောင်းအရင်းကြောင့် ဒီလို လုပ်ရခြင်းဖြစ်ကြောင်းကိုတော့ မသိရှိရဘူးလို့ သိရပါတယ်။ ဆိုရှယ်အကောင့်တစ်ခုမှာ တင်ထားတာခဲ့ရာကနေ လူအများအပြားကြား၊ ဆိုရှယ်ကြား ပျံ့နှံ့ သွားခဲ့ပါတယ်။

ဒါ့အပြင် ဒီလိုမျိုး စိတ်ပျက်စရာ ကောင်းပြီး ဒေါသထွက်စေခဲ့တဲ့ ဒီဓာတ်ပုံက ရဲတပ်ဖွဲ့ အာဏာပိုင်ထံသို့ ရောက်ရှိသွားခဲ့ပြီး ခေါ်ယူမေးမြန်း ချိန်မှာတော့…

အဆိုပါ အမျိုးသမီးက လမ်းမပေါ်သို့ သူမ လည်ပတ်ကြိုး ဆွဲခေါ်ဆောင်လာတဲ့ အမျိုးသားမှာ သူမရဲ့ ချစ်သူဖြစ်ကြောင်းနဲ့ တမင်တကာကို ခွေး တစ်ကောင်ကဲ့သို့ ဆက်ဆံပြီး ယင်းသို့ ပြင်ဆင်ကာ အရှက်ခွဲ ဒဏ်ပေးခဲ့ခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

လက်ရှိ အချိန် တရုတ်နိုင်ငံတလွှား မြို့တော်မှာ ဆိုရင်လည်း ယင်းကဲ့သို့သော အိမ်ထောင်ရေး ခင်ပွန်း၊ ဇနီးသည်၊ ရည်းစား ဆက်ဆံရေးတွေမှာ လူ့အသိုင်းအဝိုင်း အရှက်ခွဲမှုတွေ ပုံစံတွေ မျိုးစုံလည်း မြင်တွေ့လာရတာ ဖြစ်တယ်လို့ သိရပါတယ်။

credit မေ(ရွှေအင်းလေး)

No comments

Powered by Blogger.