Header Ads

👧 မိန်းမတစ်ယောက် 'ဝ' လာရင်


💓💓💓💓💓💓💓💓👧
မိန်းမ တစ်ယောက်ရဲ့ တန်ဖိုးကို သိချင်ရင် သူဘေးက ယောက်ျားကို ကြည့်ပါ။

ခပ်ဝဝ မိန်းမ တစ်ယောက်ကို ခပ်ချာချာ ယောင်္ကျား တစ်ယောက်က လူကြားထဲ ထုတ်မပြရဲကြဘူး။ လူသိခံရမှာ အရမ်း ကြောက်တတ်ကြတယ်

ဘာကြောင့်လဲ......

သင်ချစ်တဲ့ မိန်းမဟာ ဗိုက်ပူချင် ပူမယ်။ နှိုက်ချူ မယ့်သူတော့ မဟုတ်ဘူး။ ပုံပျက်ချင် ပျက်မယ်။ ဂုဏ်ပျက်သူတော့ မဟုတ်ဘူး။ အရမ်း မလန်းရင်သာ နေမယ်။ ဘဲတိုင်း နမ်းတဲ့ဟာ မဟုတ်ဘူးလေ။

ဘာကြောင့်လဲ........

ဝ နေတဲ့ ယောက်ျားတစ်ယောက်ကို မိန်းမတွေ လက်တွဲ လျှောက်ရမှာ ဝန်းမလေး ကြပေမယ့်… ဝ နေတဲ့ မိန်းမ တစ်ယောက်ကိုတော့ ဘယ်ယောက်ျားကမှ လက်တွဲ မလျှောက်ချင်ကြဘူး

ဘာကြောင့်လဲ.........

ယောက်ျားတစ်ယောက် ဝ လာရင် မိန်းမတွေ အချစ်မပေါ့ သွားတတ်ကြပေမယ့်… မိန်းမတစ်ယောက် ဝ လာရင် ယောက်ျားတွေ သစ္စာဖောက် ချင်လာကြတယ်။

ဘာကြောင့်လဲဆိုတော့…

ခင်ဗျားတို့က မိန်းမတွေထက် ပိုဆိုးမယ် ထင်ပါတယ်။ လှတာလည်း မက်တယ်။ ကိတ်တာလည်း မက်တယ်။ အပြုအစုနဲ့ သာယာမှုကိုလည်း ပိုမက်မော တတ်ကြတယ်လေ။

credit#Kyat LynnKhatt

No comments

Powered by Blogger.