👸ဘဝမှာ မှန်မှန်ကန်ကန် နေထိုင်တဲ့ မိန်းကလေးဆိုတာ
👸👸👸👸👸👸👸👸👸
စိတ်ဓာတ် ရိုးရှင်းတယ်။ ဖြူ စင် ရိုးသားစွာ ဆက်ဆံတတ်တယ်။ စိတ်ဆတ် လိမ့်မယ်။ (မဟုတ်မခံ စိတ်ပေါ့) သို့သော် စိတ်ထား မကောက်ကျစ် မယုတ်မာဘူး။
ဒေါသကြီးရင် ကြီးမယ်။ အချိန်ကြာကြာ စိတ်မဆိုးတတ်ဘူး။ သူတို့ကို မဟုတ်တာတော့ သွားမပြောမိ ပါစေနဲ့။
ပွင့်ပွင့် လင်းလင်း ဆက်ဆံ တတ်တယ်။ လူတိုင်းကို ဟန်မဆောင် တတ်ဘူး။ မာယာ မများတတ်ဘူး။ ရဲရင့် ပြတ်သားတဲ့ ဆက်ဆံရေး ရှိတယ်။
သနားတတ်တယ်။ ကြင်နာမှု ရှိတတ် ကြတယ်။ သူတို့ တကယ် ခင်မိတဲ့သူဆို မာန မကြီးတတ်။ အိနြေ္ဒကြီး တခွဲသားနဲ့ မနေတတ်။ ဖော်ဖော် ရွေရွေ နေတတ် ကြတယ်။
အစား အသောက် အလှအပ အလိုက် အထိုက်တော့ ခုံမင် နှစ်သက် ကြသလို အလုပ်ကိုလည်း ဦးစားပေး လုပ်တတ်ကြတယ်။ စည်းကမ်း တကျ နေထိုင် တတ်ကြတယ်။
လူတွေကို ရောတော့ ရောတယ်။ အကျင့် မကောင်းတဲ့သူ ဆိုရင် ခပ်ကင်းကင်းနဲ့ ရှောင်ဖယ် သွားတတ်တဲ့ အကျင့် ရှိကြတယ်။ သူတို့ရဲ့ အားနည်းချက်က သနားတတ်တယ်။
အယုံ လွယ်မိ တတ်ကြတယ်။ အားနာ တတ်ကြလို့ တစ်ချို့ အခွင့်အရေး ယူကြတော့ သင်ခန်းစာ ရရှိသွားပြီး လူတွေကို ကြည့်ပီး ပေါင်းသင်းတတ် လာကြရော။
တစ်ခါ တစ်ရံ အကြံပေးစရာ ရှိရင် အပေါင်းအသင်း တွေကို အကြံကောင်းတွေ ပေးတတ်ပြီး အမြင်မတော်ရင် နည်းနည်းပါးပါး ဆရာ လုပ်တတ်တဲ့ အကျင့် ရှိတတ်ပေမဲ့ စာနာ ကူညီချင်စိတ် ရှိတဲ့ နေရာမှာလည်း သူတို့ကို လိုက်မမှီ နိုင်အောင် နေထိုင် ပြုမူ တတ်ပါတယ်။
လိုချင်တာ လုပ်ချင်တာကို အကြောက် အရွံ့မရှိ ရအောင် လုပ်ပြီး နောင်တ ဆိုတာ မရှိဘူး။ အပြင်ပန်းက ကြည့်ရင် မာနကြီးတယ် ထင်ရပေမဲ့ သူတို့နဲ့ အပေါင်းသင်း လုပ်ကြည့်တဲ့ အခါ လူမှုရေးရော စကားပြော ကောင်းတာ သိရပါလိမ့်မယ်။
သူတို့ရဲ့ ကြီးမားတဲ့ စိတ်ဓာတ်က လူတစ်ယောက်ကို ခင်ရင်လည်း အရမ်းခင် ချစ်ရင်လည်း အရမ်းချစ်ပီး တဖက်သားကို ကူညီပီး ပျော်အောင် နေပေးတယ်။
ယုံကြည်မှုကို အလွဲသုံးစား လုပ်မိရင်တော့ အရမ်းကို စိတ်ထိခိုက် လွယ်ပြီး အမှတ်ကြီး ပါတယ်။ အရမ်းမုန်း အရမ်း စိတ်နာ သွားတတ်ကြတယ်။ သွေးအေးအေးလေးနဲ့ စကားပြန် မပြောတော့ ပါဘူး။
Credit # မေခ
Post a Comment