💑 ကိုယ့်ရဲ့ချစ်သူကို တကယ် ချစ်တယ်ဆိုရင် 💘
💓💓💓💓💓💓💓💓💑
1) အတိတ်တွေကို ပြန်ပီး မကြည့်ပါနဲ့ ။ လက်ရှိ အချိန်မှာ သူဘယ်လို ပြုမူ နေထိုင်တယ် ၊ သူဘယ်လောက် တည်ငြိမ် ရင့်ကျက်တယ် ဆိုတာကိုပဲ ဂရုစိုက်ပါ ။
2) ချစ်သူက အမှားတစ်ခုခု လုပ်ခဲ့ဖူးတာမျိုးတွေ ရှိမယ် ။ သူကလည်း အဲ့ဒီ အမှားကို ဝန်ခံ တောင်းပန်တယ် ၊ ပြန်ပီး အဆင်ပြေသွားပြီ ။ ဒါပေမယ့် ရန်ဖြစ် စိတ်ဆိုးတဲ့အခါ အဲ့ဒီ အမှားကိုပဲ ဖိနှိပ် ချနှင်းပြီး ချစ်သူကို အနိုင်ယူတာမျိုး မလုပ်မိပါစေနဲ့ ။
3) ပုံမှန် ချစ်နေကျ ပုံစံထက် ပိုပြီး ချစ်ပြစရာမလိုဘူး ၊လျော့လည်း မလျော့ပါစေနဲ့ ။ ပုံမှန်ပဲ ဂရုစိုက်ပေးပါ ။
4) သူတစ်ခါ မှားခဲ့ဖူးလို့ ကိုယ်လည်း ပြန်မှားမယ် ဆိုတဲ့ အတွေးမျိုး အရွဲ့  မတိုက်မိပါစေနဲ့ ။
5) နေ့စဉ် လုပ်နေကျ အရာတွေ မပျက်ကွက် မိပါစေနဲ့ ။ ဥပမာ ( မနက် အစောကြီး ဖုန်းဆက်တာ ၊ အိပ်ခါနီး မက်ဆေ့စ်ပို့တာ)
6) အတူတွဲရိုက်ဖူးတဲ့ ဓာတ်ပုံတွေကို ကြာကြာတစ်ခါ နှစ်ယောက်အတူတူ ကြည့်ပြီး ပျော်ရွှင်ခဲ့တဲ့အချိန်တွေကို များများပြောပေးပါ ။
7) ရေရှည်လက်တွဲဖို့အတွက် ကိုယ့်ရဲ့ အားနည်းချက် ဘာရှိလဲဆိုတာမျိုး ချစ်သူကို ဝေဖန်ခိုင်းပါ ။ ပြီးရင် ပြင်ဆင်ပါ ။
ဒါလေးတွေကတော့ ကိုယ်ချစ်တဲ့သူကို လွယ်ကူစွာ လိုက်လျောပေးနိုင်တဲ့ အချက် (7) ချက် ဖြစ်ပါတယ် ။ ပြီးတော့ ချစ်သူနှစ်ယောက် လမ်းခွဲဖို့အထိ နာကျင်ရလောက်တဲ့ အနေအထားမျိုး ဖြစ်လာခဲ့မယ် ဆိုရင် အတူတူ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားပေးပါလို့ ထပ်လောင်း အကြံပြု လိုက်ရပါတယ် ။ ချစ်သူများ ရွှေလက်တွဲ ခိုင်မြဲ၍ ပျော်ရွှင်နိုင်ပါစေ ။
credit - Khun Nay
Post a Comment