Header Ads

👧 ယောင်္ကျားလေးတွေ လက်မလွှတ်နိုင်တဲ့ မိန်းကလေးဆိုတာ 💘


💓💓💓💓💓💓💓💓👧
ယောင်္ကျားတွေ လက်မလွှတ် နိုင်သော မိန်းကလေး ဆိုတာ လောကကြီးမှာ ရှိပါတယ်။

ဒီစာလေးကို ယောင်္ကျားလေး တွေရော၊ မိန်းကလေး တွေကိုပါ ဖတ်စေချင်ပါတယ်။

1) သူနဲ့နေရင် ဥာဏ်ရည် တက်လာတယ်လို့ ခံစားရတယ်

ဥာဏ်ကောင်းတဲ့ မိန်းကလေး ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကိုယ့်ထက် ဥာဏ်ကောင်းလို့ မနာလို မဖြစ်ပါနဲ့။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ အားသာချက်တွေ တူညီမှု မရှိပါ။ ကိုယ့်ကို တိုးတက်စေမဲ့သူက ဘေးနားမှာ ရှိတယ် ဆိုတာ ဝမ်းသာစရာ ကောင်းပါတယ်နော်။

2) ဘယ်အချိန်မဆို ဘေးမှာ အမြဲရှိပြီး အားပေးနေသူ

ဘယ်အချိန်မဆို ဘေးနားကနေ အားပေးနေပြီး သူရှိတော့ စိတ်ထဲမှာ တကယ်ကို အေးချမ်းစေပါတယ်။

3) ကိုယ့်ရဲ့ အားသာချက်ကို ရှင်းပြပေးသူ

အမှားလုပ်မိချိန်၊ အလုပ်က အဆင်မပြေဖြစ်ချိန်၊ အလုပ်သစ်ကို ကြိုးပမ်းနေချိန်၊ သူက ကိုယ့်ကို အမြဲ အားပေးနေတယ်။ အားပေးတာ တစ်ခုထဲ မဟုတ်ပဲ ကိုယ့်ရဲ့ အားသာချက်က ဘာလဲ ဆိုတာကိုပါ သင်ပြပေးသူပါ။ ကမ္ဘာပေါ်မှာ မင်းက အတော်ဆုံးပဲလို့ သူက ပြောနေမှာပါ။

4) ဘယ်နေရာမဆို ကူညီ၊ အားပေးဖို့ အသင့်ရှိနေသူ

စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ ဘယ်လို ပြသာနာတွေ ကြုံကြုံ သူက အနားမှာ အမြဲ ရှိနေတတ်တယ်။ ကိုယ့်ရဲ့ ရည်မှန်းချက် အိမ်မက်တွေ အတွက် သူက ဖြည့်စီးပေးဖို့ အသင့် ရှိနေမှာပါ။

5) အထက်တန်းကျတဲ့ အလှဖန်တီးရှင်

ပွဲလမ်းသွားစရာ ရှိနေချိန်မှာ ဘာမှကို ပြောစရာမလို အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သန့်ရှင်း သပ်ရပ်သော အလှတရားကို ချက်ချင်း ဆိုသလို ဖန်တီး ဝတ်ဆင်တတ်သူပါ။

6) ပြန်ရဖို့ကို မတွေးသူ

လူများက ကိုယ့်ဘက်ကို ကြည့်ပြီး အကူအညီ ပေးတတ်သူက များပါတယ်။ သူကတော့ ကူညီချင်လို့ကိုသာ ကူညီနေသူဖြစ်ပြီး ဘာမှပြန်မရလဲ ပြသနာ မရှိသူပါ။ စိတ်ရင်းနဲ့ ကူညီနေသူ တစ်ယောက်ပါ။

7) ပတ်ဝန်းကျင်ကို ပျော်ရွှင်တိုးတက်စေရန် စွမ်းဆောင်သူ

ဘာတွေပဲဖြစ်ဖြစ် အကောင်းဘက်က တွေးပြီး အားလုံးကိုလည်း အကောင်းဘက်က မြင်တတ်အောင် ပြသနိုင်သူပါ။

8) ပေါင်းသင်း ဆက်ဆံရေး ကောင်းမွန်သူ

ဘယ်သူ့ကိုမဆို တည့်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ လူတန်းစားမခွဲပဲ ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်သူပါ။

9) အချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်သူ

အလုပ်အတွက် အချိန်၊ မိသားစုအတွက် အချိန်ကို ကောင်းမွန်စွာ ဇယားချပြီး အသုံးချတတ်သူပါ။

10) မမောက်မာပဲ တည်ငြိမ်မှုရှိသူ

ကိုယ့်ရဲ့ အကြောင်းကို ကိုယ် အသိဆုံးဖြစ်ပြီး ဘယ်လို ပေါင်းသင်း ဆက်ဆံ နေထိုင်သင့်တယ် ဆိုတာကို နားလည်နေသူပါ။

Credit to chelmo Team

No comments

Powered by Blogger.