Header Ads

(12) လ ရာသီခွင်တွေရဲ့ အချစ်ရေးကံဆိုးရတဲ့ အကြောင်းများ


ယခု ပြောပြမှာကတော့ (၁၂) လရာသီခွင်တွေရဲ့ စရိုက် လက္ခဏာပေါ် မူတည်ပြီး ဖြစ်ပေါ်လာတဲ့ အချစ်ရေး ကံဆိုးစေတဲ့ အကြောင်းပါ။ ရာသီခွင် အလိုက် ဘယ်လို အကြောင်းအရာက အချစ်ရေးကို ကံဆိုးစေနေလဲ ဆိုတာ အောက်မှာ ဖော်ပြပေးထားပါတယ်။

(ကုံ) Aquarius - Jan 21 မှ Feb 28 ထိ

ကုံ ရာသီတွေ အချစ်ရေး အဆင်မပြေစေတဲ့ အကြောင်းကတော့ ခံစားချက်တွေကို ကွယ်ဝှက် မြိုသိပ်ထားတတ်လို့ပါ။ တစ်စုံတစ်ယောက်ကို ချစ်မိပြီ ဆိုရင် ဆုံးရှုံးရမှာကို တွေးကြောက်ပြီး ထွက်ပြေးတတ်ပါတယ်။ ခံစားချက်တွေကိုလည်း လုံးဝ မဖော်ပြဘဲ ချစ်နေသူကို တွန်းထုတ်တတ်ပြီး တစ်ယောက်တည်း ကြိတ်ခံစား နေတတ်ပါတယ်။

(မိန်) Pisces - Feb 19 မှ Mar 20 ထိ

မိန် ရာသီဖွားတွေ အချစ်ရေး ကံမကောင်းတဲ့ အကြောင်းကတော့ မဖြစ်နိုင်တာတွေကို မျှော်လင့်ချက် ထားတတ်ကြလို့ပါ။ အချစ် ဇာတ်လမ်းတိုင်းဟာ ပန်းခင်းလမ်း ဖြစ်နေမှာ မဟုတ်လို့ အရာရာ ချောမွေ့နေဖို့ အမြဲ မမျှော်လင့် သင့်ပါဘူး။ ပေါ်ပေါက်လာတဲ့ အခက်အခဲတွေကို ကြိုးစား ဖြေရှင်းရင်း အနာဂတ်အတွက် သင်ခန်းစာ ယူသင့်ပါတယ်။

(မိဿ) Aries - Mar 21 မှ April 20 ထိ

မိဿ ရာသီဖွားတွေ အချစ်ရေး ကံမကောင်းတဲ့ အကြောင်းကတော့ အချစ်ရေး အပေးအယူမှာ စိတ်မရှည်တတ်လို့ ဖြစ်ပါတယ်။ သင်နဲ့ သင့်ချစ်သူကြားထဲက အခြေအနေတွေကို ချက်ချင်း အတည်တကျ ဖြစ်စေချင်ပြီး ခန့်မှန်းရတာတွေကို မကြိုက်ပါဘူး။ နောက်ဆုံး သင့်ချစ်သူက သင့်ကို ကြောက်ရွံ့သွားတဲ့အထိ မဖြစ်ခင်မှာ သင်က စွန့်လွှတ်လိုက် ရတတ်ပါတယ်။

(ပြိဿ) Taurus - April 21 မှ May 20 ထိ

ပြိဿ ရာသီဖွားတွေ အချစ်ရေး ကံဆိုးရတဲ့ အကြောင်းအရင်းကတော့ တယူသန် ခေါင်းမာမှုကြောင့်ပါ။ အရာရာကို သင့်ဘက်ကပဲ ကြည့်ပြီး သင့်ချစ်သူရဲ့ ခံစားချက်တွေကို ထည့်မတွက် ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ သင့်ချစ်သူက သင့်ကို သည်းခံဖို့ ခက်ခဲ လာပါလိမ့်မယ်။ ဒါ့ကြောင့် သင့်မာနနဲ့ ခေါင်းမာမှုတွေကို လျှော့သင့်ပါတယ်။

(မေထုန်) Gemini - May 21 မှ June 21 ထိ

မေထုန် ရာသီဖွားတွေ အချစ်ရေး ကံမကောင်းတာကတော့ အမြဲတမ်း ပိုကောင်းတာပဲ လိုချင်တတ်တဲ့ စိတ်ကြောင့်ပါ။ ချစ်တယ် ဆိုတဲ့ လူတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ရရင်တောင် ပိုပြီး ပြည့်စုံတဲ့သူ ရှိနေဦးမယ် လို့ စိတ်ထဲက ထင်မြင်နေတတ်ပါတယ်။ ဒါ့ကြောင့် ပိုကောင်းတဲ့ ချစ်သူကို မျှော်မနေဘဲ လက်ရှိ ချစ်သူနဲ့ပဲ အခြေကျဖို့ စိတ်ကူးသင့်ပါတယ်။

(ကရကဋ်) Cancer - June 22 မှ July 22 ထိ

ကရကဋ် ရာသီတွေ အချစ်ရေး ကံနည်းရတဲ့ အကြောင်းအရာက စိတ်မလုံခြုံမှုတွေ များလွန်းလို့ပါ။ သင်ဟာ သင့်ချို့ယွင်းမှုတွေနဲ့ပဲ ပတ်သက်ပြီး အမြဲ ယုံကြည်မှု နည်းနေတတ်လို့ ချစ်တဲ့သူကို လက်လွှတ်ရလေ့ ရှိပါတယ်။ တကယ်တော့ ဘယ်သူမှ မပြီးပြည့် စုံနိုင်ပါဘူး။ အဲ့ဒီ အချက်ကို တွေးပြီး ရဲရင့်စွာ အချစ်ရေးကို တည်ဆောက် သင့်ပါတယ်။

(သိဟ်) Leo - July 23 မှ Aug 23 ထိ

သိဟ် ရာသီတွေ အချစ်ရေး မပြေလည်ရတဲ့ အကြောင်းကတော့ ဇီဇာကြောင်လွန်း တာကြောင့်ပါ။ ကိုယ်နဲ့ ကိုက်ညီတဲ့လူ မရှိလောက်ဘူးပဲ ထင်နေတတ်ပြီး ပြီးပြည့်စုံတဲ့ သူကိုပဲ ရောက်လာဖို့ မျှော်လင့်နေတတ်ကြပါတယ်။ ဒါကြောင့် တစ်ဖက်သားရဲ့ ချို့ယွင်းချက်တွေကို နားလည်ပေးပြီး လက်တွဲဖို့ ကြိုးစားသင့်ပါတယ်။

(ကန်) Virgo - Aug 24 မှ Sep 23 ထိ

ကန် ရာသီဖွားတွေ အချစ်ရေးမှာ အဖုအထစ် များရခြင်းကတော့ ဘယ်အရာကို မဆို အမှား မခံတာကြောင့်ပါ။ အသေးအမွှား ကိစ္စတွေကအစ အမှားလိုက်ရှာပြီး စိတ်ပူပန်နေတာ မကောင်းပါဘူး။ မကောင်းမြင်တဲ့စိတ်ကို လျှော့ပြီး အေးချမ်းတဲ့ အချစ်ရေးကို တည်ဆောက်သင့်ပါတယ်။

(တူ) Libra - Sep 24 မှ Oct 23 ထိ

တူ ရာသီတွေ ပြေလည်တဲ့ အချစ်ရေး မရတာဟာ ထိခိုက်နာကျင်ရမှာ ကြောက်နေလို့ပါ။ သင်ဟာ နာကျင်ခဲ့ဖူးတာကြောင့် နောက်တစ်ခါ မနာကျင်အောင် ရှောင်နေရင်း ချဉ်းကပ်လာသူတွေ အကုန်လုံးကို တွန်းထုတ်မိ တတ်ပါတယ်။ တစ်ကိုယ်တည်း အဆုံးမသတ်ချင်ရင်တော့ နောက်တစ်ကြိမ် ထပ်မံစွန့်စား ကြည့်သင့်ပါတယ်။

(ဗြိစ္ဆာ) Scorpio - Oct 24 မှ Nov 22 ထိ

ဗြိစ္ဆာ ရာသီတွေ အချစ်ရေးကတော့ လွယ်လွယ် မယုံတတ်တာကြောင့် ကံမကောင်း တတ်တာပါ။ တစ်စုံတစ်ယောက်ကို ပုံပြီး နှလုံးသားကို အပ်နှင်းလိုက်ဖို့ ခဲယဉ်းတတ်ကြပါတယ်။ ကိုယ်က ယုံကြည်လိုက်လို့ နာကျင်မှု ပြန်ရမှာကို တွေးကြောက်တတ် ကြပါတယ်။ အချစ်ဟာ မနာကျင် စေပါဘူး။ ပိုပြီးတောင် သင့်ကို အင်အားတွေ ပေးပါလိမ့်မယ်။

(ဓနု) Sagittarius - Nov 23 မှ Dec 21 ထိ

ဓနု ရာသိတွေ အနားမှာ အချစ်ကြာကြာ ရှိမနေနိုင်တဲ့ အကြောင်းက လူတွေဆီကနေ လုပ်ပေးစေချင်တာတွေ များလွန်းတာကြောင့်ပါ။ သင့်စိတ်ကူးထဲမှာ ဖြစ်စေချင်တာ အရမ်းများပြီး တစ်ဖက်သားကို ဖိအားပေး တတ်ပါတယ်။ တကယ်တော့ လူတိုင်းက သင် စိတ်ကူးထားသလို မဖြစ်နိုင်ဘူး ဆိုတာ လက်ခံလိုက်ရင် အဆင်ပြေ လာမှာပါ။

(မကာရ) Capricorn - Dec 22 မှ Jan 20 ထိ

မကာရ ရာသီတွေ အချစ်ရေး မမြဲတာကတော့ တစ်ဖက်သားကို အချိန် မပေးတတ်လို့ပါ။ သင့်ကိုယ်သင်ပဲ အမြဲ ဦးစားပေးပြီး သင် လုပ်ချင်တာတွေကိုပဲ အာရုံစိုက် နေတတ်လို့ အချစ်နဲ့ ဝေးရတတ်ပါတယ်။ ဘဝရဲ့ အချိန်ဇယားကို အနည်းငယ် ပျော့ပျောင်းအောင် ပြုပြင်ပြီး ချစ်သူအတွက်လည်း အချိန်ပေး သင့်ပါတယ်။

Ref - Thought

No comments

Powered by Blogger.