Header Ads

အရည်အချင်းရှိတဲ့ မိန်းမဆိုတာ...


မိန်းမတစ်ယောက်ရဲ့ အရည်အချင်းကို ရုပ်ရည်နဲ့ မသတ်မှတ်ဘူး။

သူဘယ်လောက် အလှပြင်နိုင်သလဲ ဆိုတာနဲ့ မသတ်မှတ်ဘူး။

မိန်းမတစ်ယောက်ရဲ့ အရည်အချင်း ဆိုတာ သူ့ရဲ့ အလှအပတရားကို သူဘယ်လောက် ထိန်းသိမ်းနိုင်သလဲ ဆိုတာနဲ့ သတ်မှတ်တယ်။

သူ့သိက္ခာ သူ့တန်ဖိုးကို သူဘယ်လောက် ထိန်းသိမ်းနိုင်သလဲ ဆိုတာနဲ့ သတ်မှတ်တယ်။

သူ့ခြေထောက်ပေါ် သူဘယ်လောက် ရပ်တည်နိုင်သလဲ ဆိုတာနဲ့ သတ်မှတ်တယ်။

အရည်အချင်းရှိတဲ့ မိန်းမ တစ်ယောက်ဆိုတာ အချိန်မတိုင်သေးခင် သူ့ရဲ့ အလှအပတရားကို အထိခိုက် မခံဘူး။

သူ့ရဲ့ တန်ဖိုးကို တစ်စုံတစ်ယောက်သော သူကြောင့် အပျက်မခံဘူး ။

ပြီးတော့ သူဟာ ယောက်ျား တစ်ယောက်ရှိမှ ဘဝကို ကောင်းကောင်း ရပ်တည်နိုင်တဲ့ မိန်းမမျိုး မဟုတ်ဘူး။

သင်ဟာ ရုပ်ဆင်းအင်္ဂါ သိပ်အချောစားကြီး မဟုတ်တဲ့ မိန်းမတစ်ယောက် ဖြစ်ခဲ့ရင် အားငယ်စရာ မလိုဘူး။

ဘာလို့လဲဆိုတော့--- အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက် ဖြစ်နိုင်ဖို့ သင့်မှာ တခြား ကြိုးစားစရာ အခွင့်အလမ်းတွေ အများကြီး ရှိနေလို့လေ...

Credit...

No comments

Powered by Blogger.