သိပ်ချစ်ရသော ညီမလေးအတွက် လက်ဆောင်
ချစ်ရပါသော ညီမလေးရေ
အစ်မ အခုပေးမယ့် ယတြာဆေးနည်းလေးကို ငါ့ညီမလေး ဆောင်ထားပေးပါ
ယတြာဆိုတာ မသေချာပေမယ့်
ဖြေသာစရာတစ်ခု လို့ တွေး
လူတိုင်း အရေးပေးနေကြတာ အစ်မရဲ့ ညီမလေး သိမှာပါ
အခု အစ်မပေးမယ့် ယတြာကတော့
သဘာဝဘေးထက် ဆိုးတဲ့ Facebook ပေါ်က ဆိုးကျိုးတွေကို
အကာအကွယ် ရစေမယ့် ယတြာ ဆေးနည်း ပါ ညီမလေး ညီမလေး ရေ
Hi ဆိုတဲ့ စကားတစ်လုံး နောက်မှာ ပိုင်းဖြတ်လာမယ့် ညီမလေးရဲ့ ကိုယ်ကျင့်တရား
အဲ့ဒါ အမြဲသတိထားပါ
ညီမလေး လာ ကြူသမျှ အမူပိုပို အီချိုချို စကား ရင်ထဲထားလို့ လှည့်စားသမျှလည်း မယုံမိပါစေနဲ့
ညီမလေး ရေ
ခေတ်သစ် မြှားပစ်သမားတွေဟာ အစွမ်းထက်သလား မမေးနဲ့
ဒီတစ်ယောက် လာ hi လို့ အဆင်မပြေ နောက်တစ်ပွေကို ရွယ်စူး လို့ ပစ်ခွင်းနေတဲ့
hi ဆိုတဲ့ မြှားချက်တွေများ တရစက် ပစ်သွင်းနေတာ
ရာဇဝင်ထဲက ရာမ လက္ခဏာ ညီနှောင် နှစ်ပါး လက်ဖျားခါ လောက်တယ်
ညီမလေး တီတီတာတာ ဖွဲ့လို့ လိုင်းပေါ်post တင်လေသမျှ
ငါ့ကို ရည်ညွန်းလေသလား တွေးးလို့ ရင်လေးတော့ သွားမခုန်နဲ့
ညီမလေးလို လူမျိုး အနည်းဆုံးတော့ သုံးယောက်ထက် မနည်း ရှိဦးမယ် လို့တွေးး
လိုင်းပေါ်က ချစ်သူ တစ်သက် ယူမယ့်သူ လို့လည်း အတွေးမမှားနဲ့
မျက်ကန်း အချစ်မိုလို့ တစ်သက်တာ ယုံလို့ ပုံဖို့လည်း မစဉ်းစားနဲ့
လှည့်ဖျားတတ်သူ အတွက် ရက်စက်မှုဆိုတာ ထမင်းစား ရေသောက်မို့
ဖောက်ပြားတယ် လို့ သိတဲ့ အချိန် ဟောက်စားတော့ သွားမလုပ်နဲ့
မထီတထီ မဲ့ပြုံးပြုံးပြီး အချိန်ခဏ မဆိုင်း စော်တပွေ လက်ဆွဲ
ဒါ ... ကျွန်တော့ အသည်းလေး ပါပဲ လို့ ပြီတီတီ မျက်နှာပေးနဲ့
လိုင်းပေါ် ပုံတင်ပြီး အရှက်က နည်းသေး
သူနည်းတဲ့ အရှက် ကိုယ့်အသဲ ဟက်တက်ကွဲ သလိုတော့ ကြွေလို့ မပြနဲ့
သူ့အတွက် ဟားစရာ တစ်ကွက် ရသွားမယ်
Cb ကနေ သွားလည်း မဆဲနဲ့ ဖုန်းခေါ်လို့လည်း ရန်သွားမထောင်နဲ့
ခပ်ပြောင်ပြောင် မျက်နှာပေးနဲ့ ငနဲအတွက် ကိုယ့်အရှက်တွေ ထိုးမကြွေးနဲ့
ရိုးသားတဲ့ ငါ့ ညီမလေး ရင်ခွင်ပုလ္လင် သူတောင်းစား ဖျှင်နဲ့ မထိုက်တန်ဘူးလို့ ပဲ တွေးးး
ရင်အေး တယ် ညီမလေးး
အမ တို့ မြန်မာ မိန်းကလေး အများစုဟာ
အရှက်အကြောက်တရား အလွန်တရာ ကြီးမားတတ် ကြတယ်
ဟိရိဥတြပ တရား မိန်းခလေးတိုင်း ရှိထားသင့်ပေမယ့်
မရှက်ကြောက်သင့်တဲ့ နေရာ အရှက်အကြောက် ကြီးနေသရွေ့
သူယုတ်မာတွေ ရိုင်းသမျှ လှိမ့်ခံနေရ အုံးမယ် ညီမလေး
ကိုယ် အနေတည်နေ သရွေ့ Cb က လာကြူလို့
ရိုင်းသမျှ စာတွေကို စီ ပြီး လိုင်းပေါ်သာ ပစ်တင်လိုက်
ပြီးရင် ခပ်မိုက်မိုက် စတိုင်နဲ့ ဘာလုပ်ချင်သလဲလို့ မေးပလိုက်
ထောင်အပြင် တန်းမရှိဘူးလို့ လေကြွားနေတဲ့ ငမိုက်သားတွေ အတွက်
မီဒီယာ ၆၆ ( ဃ) ဆိုတာ ညီမလေးတို့ကို ကာကွယ်ပေးမယ့် ဥပဒေပဲ ညီမလေး
ညီမလေးရေ ခုလိုရေးလို့ ယွကျားအပေါင်း အစ်မကို မျက်စောင်း ထိုးရင် ထိုးကြ ပါလိမ့်မယ်
ဒါပေမယ့် သူယုတ်မာ ဆိုတဲ့စကား ပေါ်ပေါက်လာတာ သူတော်ကောင်း ဆိုတဲ့ လူတွေလည်း ရှိလို့ပါ
ယောက်ကျားတိုင်း ဒီလိုဘဲလို့ တွေးပြီး ဝါးလုံးရှည်နဲ့ ရမ်းသလို ဥာဏ်ရည်လည်း မမွဲမိစေနဲ့
အသိလေးတော့ ထားပြီး တွေး
ကဲ ညီမလေးရေ စာလည်း ရှည်သွားပြီ
အစ်မ နောက်ဆုံး မှာချင်တာတော့
ရိုးသားပါ မနူံအ ပါနဲ့ စာတွေဖတ်ပါ အသိ မငတ်ပါနဲ့
နူံအ မှုကြောင့် လှည့်စားခံရတတ်သလို
စာမဖတ်လို့ အသိငတ်ရင်လည်း ကြုံလာသမျှ ဥာဏ်နဲ့ယှဉ်ပြီး မတွေးတတ်တာမို့
ဘဝပါ ပျက်တတ်တယ် ညီမလေး ရေ
အစ်မ အခု ပေးတဲ့ယတြာ ဆေးနည်းလေး တစ်ခွက်ဟာ
ငါ့ညီမလေးတို့ အတွက် အစွမ်းထက် ပါစေ
Fb သုံးနေသမျှ အကျိုးများပြီး
တယုတယ ပျိုးထားတဲ့ ပန်းလေး တစ်ပွင့်လို အစဉ် လန်းဆန်းလို့ လှပနေပါစေကွယ် ........
အစ်မမေမြင့်မိုရ်
Post a Comment