ဆရာမလေးတွေ ချစ်စရာကောင်းတယ်ဆိုလို့ စကားသွားပြောကြည့်သောအခါ
သူများတွေ ပြောနေကြတာ
ဆရာမလေးတွေ အလှက မျက်စိအေးတယ် ဆိုပဲ
မယုံဘူး စမ်းကြည့်မယ် ဆိုပြီး အကောင့်ထဲက ဆရာမ တစ်ယောက်ကို စကားသွားပြောတာ
" hi မင်္ဂလာပါ ဆရာမ "
" မင်္ဂလာပါ ရှင့် "
" ဟုတ်ကဲ့ ဆရာမ
တား ဗိုက်ထဲက အောင့်အောင့် နေလို့ "
" အောင့်မှာပေါ့
တားက အရက်တွေ အရမ်း သောက်တာကိုး "
ငင့်
" စတာပါ ကျွန်တော်က ဆရာမနဲ့ ခင်ချင်လို့ပါ "
" ရပါတယ် ရှင့် ကျမလည်း ခင်တတ်ပါတယ်ရှင် "
" ဒါနဲ့ အရမ်း ဝတယ်နော့
ကျန်းမာရေး ထိခိုက်မှာ စိုးလို့ စေတနာနဲ့ ပြောတာပါ "
အယ် မတတ်နိုင်ဘူးလေ
ကိုာယ်က သွားလျှာရှည်မိ တာကိုး
ဆရာလုပ်တာ ခုတော့ ခံပေါ့
" ဟုတ်ကဲ့ ဆရာမ ဝိတ်ချပါ့မယ် "
" အင်းပါ "
" ဟာသတွေ ရေးတာတွေ့တယ်
ဖတ်ဖြစ်ပါတယ် "
" ဟုတ်ကဲ့ ဆရာမ ကျေးဇူးပါ "
" အရမ်း ပေါတယ်နော် "
ငွမ့်
" တစ်ချို့နေရာတွေ ပြောပါတယ်
ဆရာ လုပ်တာ မဟုတ်ဘူးနော်
အမြင်လေး သုံးသပ်ပြတာပါ "
" ဟုတ် ဟုတ်ကဲ့ ရပါတယ် ဆရာမ "
" ဒါနဲ့ အသက်ဘယ်လောက်လဲ "
" ၃၂ ပါ ဆရာမ "
" မထင်ရဘူးနော် ရုပ် ရင့်တယ် "
တိန်
" ဟုတ်ကဲ့ "
" လိုင်းပေါ်မှာချည်းပဲ
အလုပ် မလုပ်ဘူးလား
ဒီအရွယ် ရောက်နေပြီ မိဘကို သနားအုံး ရှင့် "
" ဟုတ်ကဲ့ လုပ်ပါ့မယ် ခင်ဗျ "
" ကျွန်မက ခင်ရင် အဲလိုပဲ ဆုံးမ နေကြမို့ပါ
ကျောင်းက တပည့်တွေဆိုလဲ အမြဲ ဆိုဆုံးမ ရတယ်
ပြောမရလို့ ကတော့ တုတ်နဲ့ပါ ရိုက်တာ ''
ငှယ်
ဖုန်းထဲများ လှမ်းရိုက်မလား မသိဘူး
ကြောက်ပြီလေ
" ကျနော် အလုပ်ရှိလို့ သွားလိုက်ပါအုံးမယ် "
" ဒါနဲ့ ကျွန်မ မှာတာတွေလဲ မမေ့နဲ့အုံး ကြားလား "
" ဟုတ်ကဲ့ ခင်ည "
အမြန် check out လိုက်ရတယ်
ဆရာမလေးတွေ လှတာတော့ လက်ခံပါတယ်
ဆရာလုပ်တာတော့ လက်မခံနိုင်ဘူး
Min Htet
Post a Comment