Header Ads

လူတစ်ယောက်ကို လက်တွဲဖို့ ပိုင်ဆိုင်မှုတွေကို မကြည့်ပါနဲ့..


လူတစ်ယောက်ကို လက်တွဲဖို့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို မကြည့်ပါနဲ့...

သူပေးမှ ကိုယ်ရမဲ့ အရာတွေထဲ အထင်သေးခြင်းတွေ ပါဝင်လာနိုင်တယ်..

လူတစ်ယောက်ကို သူ့ဆီက လိုချင်တပ်မက်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မတွဲပါနဲ့...

သူပေးမှ ကိုယ်ရမဲ့ အရာတွေက အတ္တတွေ ပါဝင်လာနိုင်တယ်..

လူတစ်ယောက်ရဲ့ အောင်မြင်မှုတွေကို မက်မောပြီး လက်တွဲဖို့ မကြိုးစားပါနဲ့...

သူ့ရဲ့ အောင်မြင်မှုတွေထဲ မထင်မှတ်ထားတဲ့ မာနတွေ ပါဝင်လာနိုင်တယ်...

ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ အတ္တတွေ မက်မောမှုတွေအတွက် ရင်ဘတ်ထဲက အချစ်စစ် မပါဘဲ ဘယ်သူ့ကိုမှ လက်မတွဲ မိပါစေနဲ့...

ယောင်္ကျားဖြစ်စေ မိန်းမဖြစ်စေ ကိုယ်မချစ် မနှစ်သက်သူနဲ့ ဘဝတစ်ခုကို ဖြတ်သန်းဖို့ မကြိုးစားပါနဲ့..

ကိုယ့်အတွက်လဲ ထိခိုက်သလို ကိုယ့်ကြောင့် တစ်ခြားသူ တစ်ယောက်လည်း နာကျင်ရလိမ့်မယ်..

credit မူရင်းရေးသူ

No comments

Powered by Blogger.