Header Ads

သင်ရင့်ကျက်လာပြီဆိုတာ သိနိုင်တဲ့ အချက် (10) ချက်


1) အချစ် ဆိုတာ ဘဝရဲ့ အစိတ်အပိုင်း တစ်ခုပဲ ဆိုတာ တဖြည်းဖြည်း နားလည်လာပြီ ။ ဘဝ ၊ အချစ်နဲ့ ပိုင်ဆိုင်ရမယ့် အရာတွေ၊ လက်လွှတ်ရမယ့် အရာတွေ အကြောင်း သိလာပြီ ။ ဒါဆို သင် ရင့်ကျက် လာပြီ ။

2) ငယ်ငယ် တုန်းကတော့ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်လို့ ယုံဖူးတယ် ။ လက်တွေ့ ဘဝမှာတော့ ဘာတွေကို ကြိုးစား ရမယ်၊ ဘာတွေကို လျစ်လျူရှု တတ်ရမယ် ဆိုတာ သဘောပေါက် သွားပြီ ။ ဒါဆိုရင် သင် ရင့်ကျက်လာပြီ ။

3) အရှုံး ဆိုတာ နာကျင်စရာ မဟုတ်သလို၊ အဆုံးသတ်လည်း မဟုတ်ဘူး ဆိုတာ သိသွားပြီ ။ အရှုံးတွေနဲ့ မကြာခဏ ဆိုသလို ရင်းနှီးလာ ပေမယ့် အရှုံးသမား ဆိုတဲ့ တံဆိပ်ကပ် မခံရအောင် သင်ခန်းစာတွေ ယူတတ်လာပြီ။ ဒါဆို သင် ရင့်ကျက်လာပြီ ။

4) လူဆိုတာ အကောင်းနဲ့ အဆိုး ရောနေတဲ့ သတ္တဝါတွေမှန်း သိလာရတယ် ။ ဒါပေမယ့် ကောင်းတဲ့ အချက်တွေကိုပဲ မြင်အောင် ကြည့်ပြီး ဆိုးတာတွေကို လျစ်လျူရှုတတ် လာမယ်။ ဒါဆို သင် ရင့်ကျက်လာပြီ ။

5) အစပိုင်းမှာ လူတွေ သတ်မှတ်ထားတဲ့ အောင်မြင်မှုကို ရှာတယ် ။ နောက်ပိုင်းမှာတော့ ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့ အောင်မြင်မှုကိုပဲ ရှာတော့တယ် ။ ဒါဆို သင် ရင့်ကျက်လာပြီ ။

6) ဟိုးတုန်းက သင်ယူတယ် ဆိုတာ ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိတယ် ။ နောက်ပိုင်း မှာတော့ သင်ယူတယ် ဆိုတာ အသုံးချဖို့ ၊ မျှဝေဖို့ ၊ စတဲ့ တိကျတဲ့ အကြောင်းအရင်းတွေနဲ့ သင်လာတယ် ။ ဒါဆို သင် ရင့်ကျက်လာပြီ ။

7) ဝမ်းနည်းနေ ပေမယ့် ပြုံးနေမိတယ် ။ ရင်ထဲ ဝမ်းသာပေမယ့် တည်ငြိမ်အောင် နေနေရတယ် ။ ဒါဆို သင် ရင့်ကျက်လာပြီ ။

8) လူတွေရဲ့ စကားကို ဂရုမစိုက် တတ်ဘူး ။ ဒါပေမယ့် ကိုယ့်ရဲ့ သိက္ခာတရား ကိုတော့ ဂရုစိုက် တတ်လာပြီ။ ဒါဆို သင် ရင့်ကျက်လာပြီ ။

9) ဘယ်အချိန်မှာ ပြောရမယ် ၊ ဘယ်အချိန်မှာ နှုတ်ဆိတ် နေရမယ် ၊ သင်ကောင်းကောင်း သိလာပြီ ။ ဒါဆို သင် ရင့်ကျက်လာပြီ။

10) အဆိုးတွေနဲ့ ကြုံရတိုင်း ဝမ်းမနည်းတတ် တော့ဘူး ။ ဒါတွေဟာ အခိုက်အတန့်ပဲ ဆိုတာ သိသွားပြီ ။ ဒါဆို သင် ရင့်ကျက်လာပြီ ။

Credit : မူရင်းရေးသားသူ

No comments

Powered by Blogger.