Header Ads

ိအဆိုပညာထူးချွန်လို့ ၀န်းရံသူများနေတဲ့ သရုပ်ဆောင်မင်းဇော်ရဲ့ သမီးချော သွန်းပိုးအိမ် (ရုပ်သံ)


ကျရာ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ ဇာတ်ပို့ သရုပ်ဆောင် ဦးမင်းဇော်ရဲ့ သမီးလေး သွန်းပိုးအိမ်ကတော့ အဆိုပညာမှာ ထူးချွန်လွန်းတာကြောင့် Myanmar Idol Season 3 မှာ Golden Ticket Winner ရရှိခဲ့တာပဲ ဖြစ်ပါတယ်။




သူမဟာ မကြာခဏ ဆိုသလို သီချင်းဆိုတဲ့ ဗီဒီယိုလေးတွေ တင်ပေးလေ့ ရှိသူဖြစ်ပီး ချိုသာလွန်းတဲ့ သူမရဲ့ အသံလေးနဲ့ ချစ်စရာ ကောင်းတဲ့ သူမရဲ့ ရုပ်ရည်လေးတို့ကြောင့် ဝန်းရံသူတွေ ပေါများနေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေ အတွက် ဖခင်ဖြစ်သူ ဦးမင်းဇော်ရဲ့ အနုပညာအမွေကို ဆက်ခံမယ့် သမီးချောလေး သွန်းပိုးအိမ်ရဲ့ ပုံရိပ်လေးတွေပါ။



ဒိုင်လူကြီးတွေ အားလုံးရဲ့ သဘောတူညီမှုနဲ့ Golden Ticket Winner ရရှိခဲ့တဲ့ သူမလေးကတော့ myanmar idol ပြိုင်ပွဲရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ငယ်​ငယ်​​လေး ကတည်းက အဆိုပိုင်းကို ဝါသနာပါတဲ့ သမီး​လေးကို အမြဲ အား​ပေး​နေတဲ့ သရုပ်​​ဆောင် ​​​မင်း​ဇော်​က​တော့ အခုလို သမီးဖြစ်​သူက Myanmar Idol Season 3 မှာ Golden Ticket Winner ရရှိခဲ့တာ​ကြောင့်​ အတိုင်းမသိ ​ပျော်လို့​​နေတာပါ။



အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ သွန်းပိုးအိမ်ရဲ့ ဗီဒီယိုလေး အသံ​လေး ​ကောင်းသလို လူ​လေးကလဲ အရမ်းချစ်​စရာ​ကောင်းတဲ့ ​ကောင်​မ​လေး သွန်းပိုးအိမ်​က​တော့ ကိုကို ပုရိသတို့ရဲ့ အသည်းတစ်​ခြမ်း​လေး ဖြစ်​လာဦးမှာ မလွဲပါပဲ​နော်​။ ချစ်​ပရိသတ်​​တွေလဲ သရုပ်​​ဆောင်​မင်း​ဇော်​ရဲ့သမီးကြီး သွန်းပိုးအိမ်​​လေးကို ဝန်းရံ​ပေးလိုက်​ကြပါအုံး​။ အောက်တွင် သွန်းပိုးအိမ်ရဲ့ သီဆိုမှုလေးကို ကြည့်နိုင်ပါတယ်..


Myint Myat
Source - Thoon Poe Eain’s Fb

No comments

Powered by Blogger.