💑 ကျွန်မနဲ့ လက်တွဲဖို့အတွက် မောင်သိထားသင့်တဲ့ အချက်(8)ချက် 💘
💓💓💓💓💓💓💓💓💑
1) ကျွန်မကိုကြည့်ရင် မာရေ ကျောရေ နိုင်ပေမယ့် လူကြားသူကြားထဲမှာ ဆံပင်သပ်ပေးတာ မျိုးတို့ ခေါင်းကလေးကို အမှတ်မထင် နမ်းလိုက်တာမျိုး တို့ကို အင်မတန်မှ ကြိုက်သူပါ မောင်။
2) ကျွန်မရဲ့ဓာတ်ပုံ နှစ်ပုံ သုံးပုံ ယှဉ်ပြီး ဘယ်ဟာပိုလှလဲ မေးလို့ မောင်ရွေးပေးတဲ့ အခါ "ဟယ် ဟိုပုံလေးက ပိုလှတာ မဟုတ်ဘူးလား" လို့ လေးငါးခါ ပြန်မေးပြီး နောက်ဆုံးကျ မောင်ရွေးပေးတဲ့ ပုံမဟုတ်ဘဲ ကိုယ့်စိတ်ကြိုက်ပုံ Facebook ပေါ်တင်တဲ့အခါ ဗွေမယူပါနဲ့မောင်။
3) ကျွန်မ ကျောကုန်းယားလို့ ကုတ်ခိုင်းရင် အင်း အဲ မလုပ်ဘဲ စေတနာပါပါနဲ့ ကုတ်ပေးပါ မောင်။
4) ကျွန်မ စားသောက်ဆိုင်တစ်ခုမှာ စားချင်တာတွေ အရမ်းများပြီး မှာတာတွေ များနေရင်လည်း ကျွန်မကို မဟန့်ပါနဲ့ မောင်။ စားစရာတွေ ပိုနေခဲ့ရင်လည်း ပိုက်ဆံ ဖြုန်းတယ်ဆိုပြီး မငြူစူပါနဲ့မောင်။ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်။
5) ကားလမ်း ကူးတဲ့အခါ မောင် အရှေ့ကနေ ကော့ကော့ ကော့ကော့နဲ့ ကျွန်မကို ထားပြီး ထွက်သွားပြီဆိုရင်၊ အဲ့ဒီ့နေ့ ပြသနာ အကြီးအကျယ် တက်ပြီ မှတ်ပါမောင်၊ " မောင် ဘာလုပ်မိလို့လဲ" လို့ မေးရင်လည်း ဖြေမယ် မထင်ပါနဲ့မောင်၊ ကျွန်မတို့ မိန်းမသားတွေက ဒီလိုနေရာမျိုးကျ အင်မတန်မှ ပါးစပ် လုံပါတယ်မောင်။
6) မောင် ညဘက် သူငယ်ချင်းတွေနဲ့ အပြင်ထွက်လို့ မရဘူး မဟုတ်ဘူး၊ ထွက်ပါမောင်။ ဒါပေမဲ့ ကျွန်မ နဲ့ အပြင်ထွက်တာထက်တော့ ပိုမပျော်စေချင်ဘူး မောင်။ ဒါမျိုး အတ္တလည်း ရှိတတ်တဲ့ ကျွန်မ ကို နည်းနည်းတော့ နားလည်ပေးပါမောင်။
7) မိန်းမ ဆိုတာ သဝန်တို တတ်ပါတယ်မောင်၊ ဒါ ဘယ်သူလဲ ဘယ်ဝါလဲ မေးတဲ့အခါ စိတ်မရှည်သလိုနဲ့ အသံဘယ်တော့မှ မမာမိပါစေနဲ့မောင်။
8) ကျွန်မ အချိုးသိပ်မပြေတဲ့ အချိန်တွေမှာလည်း (ဒါက တစ်ပတ် နှစ်ခါလောက် ဖြစ်ပါလိမ့်မယ် မောင်) မျက်စိစုံ မှိတ်ပြီး ကျွန်မကို ချစ်ပေးပါမောင်။
လောလောဆယ်တော့ ဒီလောက်ပါပဲ မောင်။ ကျွန်မ မလွန်ပါဘူးနော်။ 😬
credit to jessica dada
Post a Comment