👧 မိန်းကလေးတစ်ယောက် ရုပ်လှတာမလှတာက အရေးမကြီးတော့ပါ
💓💓💓💓💓💓💓💓👧
အခုခေတ်မှာ မိန်းကလေးတစ်ယောက် ရုပ်လှတာမလှတာက သိပ်ကို အရေးမကြီးတော့တာပါ ။
Make up ပစ္စည်းတွေကလည်း ကောင်း ၊ ဆေးပညာတွေကလည်း ခေတ်မှီလာတော့ လွယ်လွယ်ကူကူ ဖုံးအုပ် ပြု ပြင်နိုင်ကြတယ် ။ အပြိုင်အဆိုင် အရမ်းများလာတဲ့အပြင် လူမှုနေထိုင်ရေး စရိတ်တွေ ပိုကြီးလာတဲ့ ခေတ်မှာ အဆင်းထက် အချင်းက ပိုအရေးကြီးလာတယ် ။
ရုပ်လှတာထက် ထက်ထက်မြတ်မြတ်နဲ့ လုပ်ဆောင်နိုင်စွမ်း ရှိဖို့က ပိုအရေးကြီး လာတယ် ။ ဟိုးအရင်ကလို ယောကျာင်္တွေက အလုပ်လုပ် ပိုက်ဆံရှာပြီး မိန်းမတွေက အိမ်မှာ အိမ်မှုကိစ္စသာ လုပ်လို့ရတဲ့ ခေတ်လည်း မဟုတ်တော့ဘူး ။
အရင်က လူတစ်ယောက်ရဲ့ လစာဟာ တစ်မိသားစုလုံးကို ကျွေးနိုင်ပေမယ့် အခုခေတ်မှာတော့ ၂ ယောက် လုပ်စာကတောင် တစ်မိသားစုလုံးကို လောက်ငှအောင်လောက်ပဲ ကျွေးနိုင်တော့တယ် ။
အိမ်ထောင်ရှင်မ အဖြစ်ဘဲ မိမိရဲ့ ဘဝကို သားသမီး ယောကျာင်္းအတွက် အနစ်နာခံတဲ့ မိန်းမတွေ ကျတော့လည်း အပြင်ဗဟုသုတ ဘာမှမရှိ… အသိုင်းဝိုင်း မရှိတော့ အခုခေတ်မှာ သိပ်နာမည်ကြီးနေတဲ့ စနှိုက်ကျော်ဆိုတဲ့ ဟာတွေဆီ ကိုယ့်ယောကျာင်္းက ကောက်ကောက်ပါအောင် လိုက်သွားတာ ခံရတတ်ပြန်ရော ။
ကိုယ့်တစ်ဘဝလုံး ရင်းပြီး တည်ဆောက်ထားတဲ့ အိမ်ထောင်လေးက တစစီ ဖြစ်သွားရပြန်ရော ။ အဲ့လိုအချိန်မှာ အပြင်မှာ အလုပ်မလုပ်တာလဲ အရမ်းကြာ အခုခေတ်မှာ လိုအပ်တဲ့ အရည်ချင်းတွေလည်း မပြည့်မှီတာကြောင့် ဘဝက ပိုလို့တောင် ခက်ခဲသွားရသေးတယ် ။ အဲ့ဒါကြောင့် ညီမမိဘတွေ အမြဲပြောတဲ့ စကားရှိတယ် ။
ရုပ်လှဖို့… ချမ်းသာတဲ့ ယောကျာင်္းကောင်း ရဖို့ထက် ကိုယ်ကိုယ်တိုင် ပညာတတ်ပြီး ယောကျာင်္းမပါဘဲ ကိုယ့်ဘဝကို ရပ်တည်နိုင်ဖို့က ပိုအရေးကြီးတယ်တဲ့ ။
credit thiri swe
Post a Comment